Friday, 16 June 2017 06:43

han kitchen1
Han's Kitchenဟာ ဒီနှစ်အစောပိုင်းက ရန်ကုန် မြို့၊ ၄၈လမ်းအလယ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ မြိတ် ကတ်ကြေးကိုက်နဲ့ ထိုင်းစားသောက်ဆိုင်လေးပါ၊ ဆိုင် အပြင်အဆင်က သပ်ရပ်လှပပြီး ဆူညံသံတွေ မကြားရအောင်လို့ ရီကောဒင်းမှာ သုံးတဲ့အသံစုပ်စက်တွေ ကပ်ပြီး လှလှပပ မွမ်းမံထားတာ တွေ့ရပါတယ်။ Han's Kitchen မှာဆိုရင် အဓိကအစားအစာ အနေနဲ့ နာနတ်သီးထမင်းကြော်၊ တုံယမ်းထမင်းကြော်၊ မြိတ်ကတ်ကြေးကိုက်၊ ကွေ့တယို့အရည်၊ ကြက်ခရု ဆီချက်၊ ကြက်ကြွပ်ကြော်ပင်စိမ်းတို့အပြင် ထူးခြားတဲ့ ဟင်းလျာအဖြစ် ငါးအသားလွှာ စပါးလင်ဆော့စ်၊ ငါးဆားငံစေ့ပေါင်း၊ ပုဇွန်ကွေကာအုတ်၊ ပုဇွန်ဖတ်ချာ၊ ကြက်ဆူမွှေးရွက်၊ ပြည်ကြီးငါးပွကြော်၊ သီးရွက် အကြွပ်ကြော် ငပိဖျော်၊ ကြက်ပျားရည်၊ ကြက်ငရုတ်ကောင်းချက် တို့ကို မှာယူရရှိနိုင်ပါတယ်။
han kitchen

ဆိုင်လေးရဲ့ရည်ရွယ်ချက်ကတော့ သန့်ရှင်းတဲ့ အစားအသောက်တွေကို သန့်ရှင်းအေးမြတဲ့ နေရာ အသွင်အပြင်တို့နဲ့ ပြည့်ဝတဲ့ ဝန်ဆောင်မှုပေးလိုတာပါတဲ့။ Han's Kitchen ဆိုင်လေးမှာ အသီးအရွက် အနေနဲ့ သရက်သီးအစိမ်းသုပ်၊ သင်္ဘောသီး အစိမ်းသုပ်၊ သခွားသီးသုပ်၊ ကြက်၊ ဝက်စင်းကောသုပ်၊ ကင်းမွန်သုပ်၊ နာနတ်သီးသုပ်၊ သီးရွက်စုံကြော်၊ ကန်စွန်းရွက် အစပ်ကြော်၊ ပဲတောင့်ရှည် ခရမ်းသီး အစပ်ကြော်၊ ကိုက်လန်ကြော်၊ မှိုပန်းပွင့်စိမ်းကြော်တို့ကို ရရှိနိုင်ပါတယ်။
ဆိုင်လေးရဲ့ ထူးခြားချက်ကတော့ စားအုန်းဆီနဲ့ အချိုမှုန့် လုံးဝမသုံးစွဲထားတာပါ။ Han's Kitchen မှာတော့ အခြားအစားအသောက် အစုံအလင်နဲ့ ဟင်းအမယ်ပေါင်း ၁၅၀ လောက် မှာယူရရှိနိုင်ပါတယ်။ အခြားသောက်သုံးစရာအဖြစ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စပါးလင်ဖျော်ရည်၊ သံပုရာရည်၊ ရှောက်ချိုရည်၊ ယိုးဒယားခရင်မ်ဆိုဒါ၊ လက်ဖက်ရည် သံပုရာအေး၊ ပျားသံပုရာအေးတို့အပြင် ရာသီပေါ်သီးနှံ အစုံဖျော် ရည်လည်း ရရှိနိုင်ပါသေးတယ်။ အချိုပွဲ ကြိုက်သူတွေအတွက်လည်း ပတ္တမြားရေခဲမုန့်၊ သာခွေယိုင်၊ ပီလောပီနံပေါင်း၊ သစ်သီးစုံ၊ သရက်သီးကောက်ညှင်း အုန်းနို့ဆမ်းတို့ကို မှာယူစားသုံးနိုင်ပါတယ်။        ဈေးနှုန်းတွေကတော့ အနည်းဆုံး ကျပ် ၃၀ဝ၀ မှ အများဆုံး ကျပ် ၉၀ဝ၀ ကျော်အထိရှိပြီး ဆိုင်ဖွင့်ချိန် နံနက် ၉နာရီခွဲမှ ည၁၀နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။
han kitchen2

Han's Kitchen
အမှတ် ၇၈၊၄၈လမ်း၊ ဗိုလ်တထောင်မြို့နယ်။
ဖုန်း-ဝ၉ ၇၇၅၁၆၂၁၂၅၊ဝ၉ ၇၇၂၁၆၉၀၂၅
စုစုခိုင်မျိုး
Read More About Restaurants Here


Read times Last modified on Friday, 16 June 2017 07:02
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.