Friday, 16 June 2017 05:10

Tahi Kitchen 01
Thai Kitchen စားသောက်ဆိုင်လေးကတော့ ဆိုင်အပြင်အဆင်ကျယ်ဝန်းပြီး သပ်ရပ်သန့်ရှင်းပါ တယ်။ Thai Kitchen မှာ အဓိက အစားအစာအနေနဲ့ နှင်းခါးသံပုရာပေါင်း၊ ဆယ်လ်မွန်ငါးသုပ်၊ နယူးဇီလန် ခရုသုပ်၊ နယူးဇီလန် ခရုပတ်ချာ၊ ထိုင်းရိုးရာကြက်သား သုပ်၊ ကကတစ် ငံပြာရည်ကြော်၊ ကကတစ် စမုံပိုင်း၊ နံရိုးနုခဲပတ် အစပ်ချက်တို့ ရနိုင်ပါတယ်။  နှင်းခါး သံပုရာပေါင်းက တရုတ်ပြည်က နှင်းခါးငါး ၁၀ဝ ဂရမ်ကို သံပုရာအနှစ်ဖြစ်တဲ့ ငရုတ်သီး အနီ၊ အစိမ်းတို့နဲ့ ပေါင်းထားတာကြောင့် အရသာက နူးညံ့ပြီး ချိုချဉ်စပ် ခံစားရမှာပါ။ ဆယ်မွန်ငါးသုပ်က ဆယ်လ်မွန်ငါး ၁၂၀ ဂရမ်ကို အရသာစီမံထားတဲ့ ဆော့အနှစ်ရည်နဲ့ သုပ်ထားတာကြောင့် စားသုံးသူတွေ အကြိုက်တွေ့နိုင်ပါတယ်။ ထိုင်းရိုးရာကြက်သားချက်က ရှောက်ရွက် ခရမ်းကဆော့တို့နဲ့ ချက်ထားတာကြောင့် နူးအိပြီး အရသာ ရှိလှပါတယ်။ ကကတစ် ငံပြာရည်ကြော်နှပ်က ကကတစ်ကို ငံပြာရည်နဲ့ နှပ်ပြီး သရက်သီး၊ မြေပဲဆံ၊ ငရုတ်အနီအစပ်တို့နဲ့ ဆော့စ်ပြုလုပ်ပြီး ကကတစ်ပေါ် လောင်းချထားတဲ့အတွက် ချိုချဉ်စပ်လေးမို့ စားသုံးသူတွေ အကြိုက် ဟင်းတစ်ခွက် ဖြစ်တယ်လို့ ဆိုရမှာပါ။ အခြားသောက်သုံးစရာများအဖြစ် လိမ္မော်၊ မာလကာ၊ ပန်းသီးအနီ၊ အစိမ်း၊ မုန်လာဥနီတို့ ၅မျိုး စပ်ထားတဲ့ ၅ မျိုးစပ်ဖျော်ရည်အပြင် အခြား ကျန်းမာရေး အထောက် အကူပြု ဖျော်ရည်တွေလည်း ရရှိနိုင်ပါသေးတယ်။ ရာသီပေါ် သီးနှံအစုံဖျော်ရည် နဲ့ smoothies တွေ လည်း ရရှိနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ အနည်းဆုံး ကျပ် ၄၅၀ဝ ကနေ ကျပ် ၂၅၀ဝ၀ ထိရှိပြီး ဆိုင်ဖွင့်ချိန် နံနက် ၉နာရီ မှ ည ၉ နာရီထိ ဖွင့်လှစ်ထားပါတယ်။
Tahi Kitchen 03
Thai Kitchen စားသောက်ဆိုင်

အမှတ်(၄၂၆)၊ ၄လွှာ၊ Junction City
ဖုန်း-ဝ၉ ၇၉၉၈၈၃၈၉၈
စုစုခိုင်မျိုး
Read More About Restaurants Here


Read times Last modified on Friday, 16 June 2017 06:41
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.