Thursday, 15 June 2017 04:37

korean buffet
တောင်ဥက္ကလာ ဝေဇယန္တာလမ်းပေါ်မှာရှိတဲ့ Little Korea ဆိုတဲ့ Korea အကင် Buffet ဆိုင်လေးပါ။ တစ်ယောက် ၁၃၈၀ဝ ကျပ်ပဲဆိုတော့ အဝတီးနိုင်လေ တန်လေပါပဲ။ အသားလေးတွေက နူးညံ့ပြီး လတ်ဆတ်ပါတယ်။ သန့်ရှင်းတယ်။ ကြာဇံကြော်၊ ပဲခေါက်ဆွဲ၊ ထမင်းသုပ်နဲ့ တစ်ခြားဟင်းအမယ်တွေ အပြင် အအေးကလည်း အဝသောက်နော်။ Korea အကင်ဆိုင်မှာ သွားစားရင် ၈၀ဝ၀ဝ ကျပ်နဲ့ ၁၀ဝ၀ဝ၀ ကျပ် ကျော်အမြဲကျတာ။ သူကျတော့ စားရတာ တော်တော်တန်တယ် ပြောရမှာပါ။
korean buffet3
အနံ့စုပ်တဲ့ စက်ပါ အကင်အိုးပေါ် ရှိထားတော့ ကိုယ်ပေါ်မှာလည်း အနံ့ကပ်နေ စွဲနေတာ မရှိတော့ဘူး။
Monday to Thursday ဆို ၃ ယောက်ဝင် ၁ယောက် Free ဆိုတော့ မိသားစုလိုက် သွားမလား၊  သူငယ်ချင်းတွေနဲ့ သွားမလား။ အိုကေပဲ။  လာမယ့် Father's Day မှာ ကိုယ့်အဖေ့ကို  တမှတ်တရ သတိတရ ကျွေးရင်း မေမေ့အတွက်ပါ ဖရီးရမှာဆိုတော့ အံကိုက်ပဲပေါ့နော်။
korean buffet.1

Little Korea BBQ
No 95H Wai Za Yan Tar Street, South Oaklapa, Yangon.
Call 09 772 903242

စုစုခိုင်မျိုး
Read More About Restaurants Here


Read times Last modified on Friday, 16 June 2017 04:54
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.