Thursday, 15 June 2017 09:38

fathers day3
အဖေများနေ့မှာ ချစ်ရတဲ့ဖေဖေတွေကို လက်ဆောင်ကောင်းကောင်းလေး ပေးပြီးတဲ့နောက်မှာ မိသားစုလိုက် နွေးနွေးထွေးထွေး စားသုံးနိုင်မယ့် စားသောက်ဆိုင်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

The Strand Cafe'
'အဖေများနေ့'မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့အတွက် Strand Cafe' မှာ အဖေများနေ့ အထူးအစီအစဉ်အဖြစ် စီစဉ်ထားတဲ့ Buffet Brunch နေ့လည်စာ ဘူဖေးကို ဖေဖေနဲ့အတူ အရသာရှိစွာ စား သုံးနိုင်မှာ ဖြစ်ပါတယ်။ Sarkies Bar မှ အထူးဖျော်စပ်ထားတဲ့ Cocktail ကိုလည်း ဖေဖေနဲ့အတူ သောက်သုံးနိုင်ဖို့လည်း စီစဉ်ထားပါသေးတယ်။ တစ်ယောက်ကို $42.00 စီ ကျသင့်မှာဖြစ်ပြီးတော့ ရှမ်ပိန်နဲ့ ဝိုင်များပါ ပါဝင်မှာဖြစ်ပါတယ်။
ဖုန်း ဝ၁- ၂၄၃၃၇၇

fathers day
GOVERNOR'S RESIDENCE
'အဖေများနေ့'မှာ  အစားအသောက်တွေ စုံလင်စွာနဲ့ ဖြတ်သန်းနိုင်မယ့် နေရာလေးကတော့ GOVERNOR'S RESIDNCE  ပဲ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ကန့်သတ်ချက်မရှိ သောက်သုံးနိုင်မယ့် ကော့တေး၊ ဘီယာ၊ ဝိုင်၊ သီးစုံဖျော်ရည်၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေအပြင် အသားကင်တွေ၊ ပင်လယ်စာတွေ၊ အိမ်တွင်း ပြုလုပ်ထားတဲ့ ဒိန်ချဉ်လက်ရာတွေ စသည်ဖြင့် အစားအသောက် စုံလင်စွာ ရရှိနိုင်မှာပါ။ Lucky Draw၊ Pool Game တွေကိုလည်း အဖေနဲ့အတူတူ ပျော်ရွှင်စွာ ကစားနိုင်ပါတယ်။ အဖေများနေ့ တစ်နေ့လုံးစာအတွက် အခြားအစီအစဉ်တွေ အများကြီးလည်း ရှိပါသေးတယ်။ GOVERNOR'S RESIDENCE ကတော့ အမှတ် ၃၅၊ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်၊ ဖုန်း ဝ၁ - ၂၂၉၈၆၀။
အဖေများနေ့အထိမ်းအမှတ်အဖြစ် အထူးဈေးနှုန်းတွေ စီစဉ်ထားတဲ့ CHATRIUM HOTELရှိ ဆိုင်လေးတွေကိုလည်း ဆက်လက်ဖော်ပြပေးချင်ပါတယ်။

fathers day4
Tiger Hill Chinese Restaurant
ညစာအနေနဲ့ တရုတ်အစားအသောက်တွေကို အရသာရှိရှိ စားသုံးနိုင်မှာဖြစ်ပြီးတော့ ကျန်းမာရေးဖျော်ရည်၊ ဝိုင်နီ၊ ဝိုင်ဖြူတွေလည်း ရရှိနိုင်ပါတယ်။ ဖေဖေတွေအတွက် ကိတ်မုန့်တွေ၊ အမှတ်တရ လက်ဆောင်ကတ်တွေနဲ့ မိသားစု ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်မှာလည်း ဖြစ်ပါတယ်။ တစ်ဦးလျှင် USD 26.00 ကျသင့်မှာပါ။
fathers day2
Kohaku Japanese Reataurant   
ဒီဆိုင်လေးမှာတော့ ဂျပန်ရိုးရာအစားအစာတွေကို မှာယူကာ ပျော်ရွှင်စွာ ညစာသုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပျော်ပျော်ပါးပါးနဲ့ အချိုရည်တွေ ဝိုင်တွေ သောက်သုံးရင်း  မိသားစုတွေရဲ့ ပျော်နေတဲ့ ပုံရိပ် တွေကိုလည်း အမှတ်တရအဖြစ် ဓာတ်ပုံရိုက်ကူးနိုင်ပါသေးတယ်။ ညစာထဲမှာတော့ ကိတ်မုန့်တွေ၊ အမှတ် တရလက်ဆောင်ကတ်တွေကိုလည်း ပေးဦးမှာပါ။ တစ်ဦးလျှင် USD 40.00 ကျသင့်မှာပဲ ဖြစ်ပါတယ်။
fathers day1

The Emporia Restaurant
The Emporia Restaurant ကတော့ အဖေများနေ့မှာ သားသမီးတွေက ချစ်ရတဲ့ အဖေအတွက် အစားအသောက်တွေနဲ့ ဂုဏ်ပြုနိုင်အောင် အထူး အစီအစဉ်လေးတွေ ပြုလုပ်သွားမှာပါ။ ပင်လယ်စာ၊ အကင်၊ ဝိုင်၊  ကိတ်မုန့်တွေကို အထူးစားပွဲတွေအနေနဲ့ စီစဉ်ပေးထားပါတယ်။ ဒီဆိုင်လေးမှာ အရသာရှိရှိ စားသောက်ရင်း အဖေများနေ့ရဲ့ ပျော်ရွှင်ဖွယ် အချိန်တွေကို မိသားစုတွေ အတူတကွ မှတ်တမ်းတင်နိုင်မှာလည်း ဖြစ်ပါတယ်။ ညစာစားပွဲအတွက်ကတော့ တစ်ဦးလျှင် USD 32.00 ကျသင့်မှာ ဖြစ်ပါတယ်။
fathers day6

Read More About Restaurants Here


Read times Last modified on Friday, 16 June 2017 07:03
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.