Wednesday, 14 June 2017 04:40

weight loss scale
ကိုယ်အလေးချိန်လျှော့ချတာက ကောင်းကျိုးတော့ များပါတယ်။ ဒါပေမဲ့ အလုံးစုံ ကောင်းတာတော့ မဟုတ်ဘူးနော်။ သူ့မှာလည်း ဒီလိုဆိုးကျိုးလေးတွေ ရှိပါတယ်။ အထူးသဖြင့် စိတ်ခံစားချက်နဲ့ ပတ်သက်ပါသတဲ့။

စိတ်လက် မရွှင်ပျခြင်း
ဝိတ်ချတဲ့အခါ စားချင်တာတွေကို မစားဖြစ်အောင် ထိန်းချုပ်ရတာကြောင့် စိတ်လက်မရွှင်ပျ ဖြစ်တတ်ပါတယ်။ ဒီအချက်ကို ဖြေရှင်းနိုင်မှ သင်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။ ဒီလိုဖြစ်လာရင် ဆာလောင်မှုကို ခံစားရတာနဲ့ အဆီမတက်စေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်မယ့် အစားအစာတွေကို စားပြီး များများအိပ်ပေးပါ။
အသားအရေ လျော့တွဲကျလာတာ
ကိုယ်အလေးချိန် လျော့ကျလာတာနဲ့အမျှ အသားအရေ လျော့တွဲလာတတ်ပါတယ်။ အရမ်းဝရာကနေ ကိုယ်အလေးချိန် ကျသွားတာနဲ့ ပိုနေတဲ့ အရေပြားခေါက်ကြီးတွေကြောင့် မလှမပဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်မလာစေဖို့ ကိုယ်အလေးချိန် ချနေတဲ့အချိန်မှာ ကိုယ်ကာယ ကျစ်လျစ်စေတဲ့ လေ့ကျင့်ခန်းလေးတွေ မှန်မှန် လုပ်ပေးပါလို့။
အစာအိမ်နာတာ
ဒါက ဝိတ်ချတဲ့သူတိုင်း အစပထမမှာ ခံစားရလေ့ရှိတဲ့ ဝေဒနာပါ။ ဒီလိုမဖြစ်အောင် သင့်အနေနဲ့ ဝိတ်ချတော့မယ်ဆိုရင် အရင်ဆုံး မိသားစုဆရာဝန်၊ အာဟာရပညာရှင်တို့နဲ့ တိုင်ပင် အကြံဥာဏ်ရယူပြီးမှ ဝိတ်ချနော်။

Azure

Read More About Health Articles Here


Read times Last modified on Wednesday, 14 June 2017 04:52
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.