Sunday, 11 June 2017 09:57

mhk4
ထားဝယ်ဒေသမှာတော့ ထားဝယ် ရိုးရာ မုန့်လက်သုပ်ကို အထူးသဖြင့် နေမကောင်းဖြစ်ပြီး နာလန်ထစလူတွေက ဆိုင်ကို ပြေးပြီး အားရပါးရ စားကြတာလေ။ စားပြီးတာနဲ့ ချွေးတွေထွက်ပြီး လန်းဆန်းနေကောင်းသွားကြပါတယ်။ ရှူးရှူးရှဲရှဲနဲ့ အရသာ အရမ်းရှိတာကိုး။

ပါဝင်ပစ္စည်များ

ငါးကျွဲရင် (သို့) ငါးကြင်းအကောင်ကြီး
ပအုန်းရည်
ကြက်သွန်နီဥ
ကြက်သွန်မြိတ်
ငံပြာရည်
အချိုမှုန်.
ငရုတ်သီးအစိမ်း
ငရုတ်အကျက်မှုန်.
မုန့်ဖတ်
သံပုရာသီး
မုခွေယား (ထားဝယ် စာကလေးခွေ) သို့ စာကလေးခွေ

mhk3
ပြုလုပ်နည်း

ထားဝယ်ရိုးရာ မုန့်လက်သုပ် လုပ်နည်းက ငါးကျွဲရင်လို ငါးမျိုးနဲ့ ချက်တယ်။ ရန်ကုန်မှာတော့ အသားများတဲ့ ငါးကြင်း အကောင်ကြီးသားနဲ့ ချက်ကြတယ်။
ငါးကြင်းခုတ်သားများများကို  ပအုန်းရည်နဲ့ ပြုတ်ပါတယ်။ ပအုန်းရည်ဆိုတာက ထန်းရည်ကို အချဉ်ဖောက်ထားတာပါ။
မုန့်လက်သုပ် ချက်ပြုတ်တဲ့အခါ ငါးကို ပအုန်းရည်နဲ့ ပြုတ်ပြီး ငံပြာရည် နည်းနည်းထည့်တယ်။ ထားဝယ်မှာက ငါးပိထည့်ကြတယ်။
ငါးပြုတ်ရည်ဆူရင် ငါးတွေကို ဆယ်ပြီး အရိုးများ ဖယ်ရှားလို့ အသားအတုံး ကြီးကြီးလေးတွေ ဖဲ့ပါတယ်။ (ကြေရင် မကြိုက်လို့ပါ )
ဖဲ့ပြီးသားငါးတွေ ပြုတ်ရည်ထဲ ထည့်ပြီး ကြက်သွန်နီဥ လေးငါးစိတ် စိတ်ထားတာတွေ ခပ်များများထည့်ပါတယ်။
ဟင်းခတ်မှုန့် ထည့်ပြီးရင် ဟင်းရည်နဲ့က မွှေးကြိုင်ပြီး အရသာ အရမ်းရှိနေပါပြီ။
စားမယ်ဆိုတော့မှ ပန်းကန်ထဲ မုန့်ဖတ်သင့်ရုံထည့်၊ မုန့်ဖတ်ဖြူဖြူပေါ်မှာ ငံပြာရည်နဲ့ အချိုမှုန့် နည်းနည်းထည့်၊ ကြက်သွန်နီပါးပါး လှီးပြီး ရေဆေးထားတာ နည်းနည်းထည့်၊ ငရုပ်သီးအစိမ်း သေးသေးလေးတွေ ဆစ်ထားတာကို လိုသလောက်ထည့်ပြီး မုခွေယား(ထားဝယ် စာကလေးခွေ) သို့ စာကလေးခွေနှစ်ခုလောက် ခြေပြီး ထည့်ပါ ။
ပြီးမှ မုန့်ဖတ်ပေါ်မှာ ခုနက ပြုတ်ပြီး မီးဖိုပေါ်တင်ထားတဲ့ မုန့်လက်သုပ် ဟင်းရည်ကို ဆမ်းထည့်ပါ။ ငရုတ်သီး အကျက်မှုန့်တော့ ကြိုက်သလို ထည့်နိုင်ပါတယ် ။
အချဉ်ကြိုက်ရင် သံပုရာသီးလေး ညှစ်ထည့်စားနိုင်ပါတယ်။
ပအုန်းရည် ဆိုတာက ထန်းရည်ကို အချဉ်ဖောက်ထားတာပါ။ ပအုန်းရည်က ငါးပိလက်သုပ် လုပ်စားရင်လည်း သံပုရာရည်၊ ရှောက်ရည်အစား ထည့်လို့ရပါတယ်။ မွှေးတေးတေး အနံ့လေးနဲ့ ပိုစားလို့ ကောင်းပါတယ်။
mhk1 

FOOD AT HOME (LOGO)

Read More About Recipe Here


Read 323 times Last modified on Monday, 12 June 2017 10:20
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.