Thursday, 09 May 2019 10:42

bar.jpg

ယခုအခါမှာတော့ ရန်ကုန်မြို့ရဲ့ လူကြိုက်များတဲ့ Bar တွေကို weekend တွေမှာ သွားရောက်အပန်းဖြေနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) The Bar BurDubai
လာမယ့်ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ သက်သောင့်သက်သာရှိရှိနဲ့ night out ထွက်ဖို့ ပြင်ဆင်နေရင်တော့ အင်းယားလမ်းပေါ်မှာရှိတဲ့ The Bar Burdubai က သင့်အတွက် အသင့်တော်ဆုံး နေရာပဲဖြစ်ပါတယ်။ ဆိုဖာနိမ့်နိမ့်လေးတွေက သင့်ကို အမြင်ပုံစံဆန်းသစ်နေစေမယ့်အပြင် သက်သောင့်သက်သာလည်းရှိလို့ အဆင်ပြေစေမယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အာရေဗီယား စတိုင်လ် ဟင်းလျာတွေကို ဘီယာအေးအေးလေးနဲ့ သုံးဆောင်ရင်း live DJ ရဲ့ မြုးကြွတဲ့ သံစဉ်တွေကို နားထောင်ရတာကလည်း ခံစားချက်အသစ်တစ်ခုတိုးစေတာပေါ့။

(၂) 7th Joint Bar & Grill
၄၈ လမ်း၊ မဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့ 7th Joint Bar & Grill က ရန်ကုန်ရဲ့ အကောင်းဆုံးလို့ဆိုလို့ရတဲ့ bar တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဘီယာလေးသောက်ရင်း live music က တီးခတ်တဲ့ သံစဉ်ငြိမ့်ငြိမ့်လေးတွေကို နားထောင်ရတာကလည်း မတူညီတဲ့ခံစားမှုတစ်မျိုး ပေးစွမ်းမှာနော်။ ဒါ့အပြင် အင်္ဂါနေ့ညတိုင်း သီချင်းတွေကို ကိုယ်တိုင် စတိတ်ပေါ်တက်ပြီး သီဆိုလို့ရသေးတော့ သူငယ်ချင်းတွေနဲ့လာရင် snap တွေရိုက်ရင်း ပျော်စရာတွေ ဖန်တီးလို့ ရသလို ချစ်သူစုံတွဲတွေအတွက်လည်း romantic ဆန်ချင်စရာ နေရာတစ်ခုဆိုလည်း မမှားဘူးနော်။

(၃) Eclipse Bar & Restaurant
မြန်မာပလာဇာ၊ ၄လွှာမှာရှိတဲ့ ဒီ Bar ကတော့ မြန်မာလူမျိုးတွေသာမကပဲ နိုင်ငံခြားသားတွေကြားမှာပါ ရေပန်းစားနေတဲ့ Bar လေးတစ်ခု ဖြစ်ပါတယ်။ ဒီတော့ ပိတ်ရက်တွေကို ကြိုဆိုပြီး အားလပ်ရက်ကို ပြီပြည့်စုံစေမယ့် နေရာလေးတစ်ခုလည်းဖြစ်ပါတယ်။

(၄) The Attic Bar
ဗဟန်းမြို့နယ်မှာ ရှိတဲ့ ဒီ Bar လေးကတော့ အခုလတ်တလော လူငယ်တွေရော cele တွေကြားမှာပါ ရေပန်းစားနေတဲ့ Bar လေးတစ်ခုပဲ ဖြစ်ပါတယ်။ လူငယ်တွေအကြိုက် သီချင်းတွေကို နားဆင်နိုင်မှာ ဖြစ်တဲ့အပြင် ဂိမ်းတွေပါ ဆော့လို့ရတော့ လက်လွှတ်မခံသင့်တဲ့ နေရာလေးတစ်ခုနော်။

ဂျပန်နိုင်ငံ၏ ကူညီငွေဖြင့် လေဆိပ်သုံးခုတွင် အဆင့်မြင့်ရေဒါစက်များ တပ်ဆင်မည်

(၅) Cocoon Cafe & Bar
ရှင်စောပုလမ်းနဲ့ ဗဟိုလမ်းထောင့် ၉လွှာမှာရှိတဲ့ Cocoon Cafe & Bar ကတော့ ရန်ကုန်မြို့ရဲ့ အလှအပတွေကို ခံစားနိုင်မယ့် အကောင်းဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။ rooftop bar ဖြစ်လို့ အထက်တန်းကျတဲ့ ခံစားမှုတွေကို ရရှိမယ့်အပြင် ရွှေတိဂုံဘုရားရဲ့ ကြည်ညှိဖွယ်ကောင်းတဲ့ မြင်ကွင်းကိုလည်း ဖူးမျှော်နိုင်သေးတယ်နော်။

(၆) Harry's Bar
အရသာရှိတဲ့ အစားအသောက်တွေနဲ့ သီချင်းကောင်းလေးတွေကိုလည်း နားဆင်လို့ရတဲ့ Bar ကတော့ မြန်မာပလာဇာမှာရှိတဲ့ Harry's Bar ပဲဖြစ်ပါတယ်။ ဈေးနှုန်းကလည်း သင့်တင့်ပြီး ဓာတ်ပုံလှလှလေးတွေလဲ ရိုက်လို့ရတော့ လက်လွှတ်မခံသင့်ဘူးနော်။

(၇) Vista Rootftop Bar
ဘီယာအေးအေးလေးနဲ့အတူ ရွှေတိဂုံဘုရားရဲ့ အနီးတစ်ဝိုက်က လှပတဲ့ ရှုခင်းတွေကို ခံစားလို့ရမယ့် နေရာလေးကတော့ Vista Rootftop Bar ပဲဖြစ်ပါတယ်။ လေကောင်းလေသန့်လေး ရှူရင်း စိတ်အပန်းဖြေလို့ရမယ့် နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မိမိနဲ့ အနီးဆုံး Bar & Restaurant တွေရဲ့ လိပ်စာတွေနဲ့ ဖုန်းနံပါတ်တွေကို သိချင်ရင် အောက်ကလင့်ခ်ထဲမှာ ၀င်ရောက် ရှာဖွေနိုင်ပါတယ်။

http://bit.do/bars-night-clubs


Read times Last modified on Friday, 10 May 2019 05:41
Rate :
(5 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.