Tuesday, 03 October 2017 08:12

Booze Britain 402356
သူငယ်ချင်းတွေစုပြီး ပါတီလုပ်တာပဲဖြစ်ဖြစ် ဆုံကြတာပဲဖြစ်ဖြစ် အရက် (သို့မဟုတ်) ဘီယာလေးတော့ ပါတတ်တာချည်းပါပဲ။ သူငယ်ချင်းတွေထဲမှာ အရက်သောက်မှ ပိုးထလာတဲ့ သူတွေရှိသလို မသောက်ဘဲ ပျော်တတ်တဲ့သူတွေလည်း ရှိတတ်ကြပါတယ်။ တစ်ကယ်တော့ လူဆိုတာ အရက်သောက်မှ ပျော်ချင်ပါးချင်စိတ် ပေါက်လာတာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့မယ်၊ ဆုံမယ်ဆိုကတည်းက ပျော်ပြီးသားပါ။ အရက်သောက်တာနဲ့ မသောက်တာနဲ့ ကွာခြားချက်ကတော့ အရက်မသောက်ရင် လူတချို့ဟာ ဝိုင်းထဲစကား ရွှင်ဖို့ ပျော်ဖို့ အထနှေးတတ်ကြတာဖြစ်ပြီး အရက်သောက်ထားရင်တော့ သာလိကာပါ အရှုံးပေးရလောက်အောင် စကားများလာတတ်ကြတာပါပဲ။ ဒါဆို အရက်မသောက်ဘဲ ပျော်လို့ ရလားလို့ မေးရင် "ရပါတယ်" လို့ပဲ ဖြေပါရစေ။ အရက်မသောက်ဘဲ ဘယ်လိုပျော်ကြမလဲဆိုတာကြည့်ရအောင်။

ပွင့်ပွင့်လင်းလင်းနေပါ
သူငယ်ချင်းတွေ ဆုံတဲ့နေရာ ကိုယ်တစ်ယောက်တည်း အရက်၊ ဘီယာမသောက်ဘဲ အချိုရည်လေး သောက်၊ အမြည်းလေး စား၊ စကားလေး ပြော လုပ်နေတာကို ကျန်တဲ့သူတွေက သေသေချာချာမြင်ပြီး မေးခွန်းထုတ်တာမျိုး ရှိပါလိမ့်မယ်။ ဒီလိုဆိုရင်လည်း ရှိုးတို့ရှန်းတန့် ဖြစ်ပြီး ရှောင်နေစရာမလိုပါဘူး။ ပွင့်ပွင့်လင်းလင်းပဲပေါ့။  အရက် ခဏ ရှောင်ထားတယ် ဆိုတာမျိုး၊ အိမ်မှာ ပြဿနာမတက်ချင်လို့ ဆိုတာမျိုးလေ။  အကြောင်းရင်းကတော့ အမျိုးမျိုး ရှိမှာပါပဲ။  ဒါကြောင့် ဝိုင်းထဲ ရောက်သွားလို့ ကိုယ်က မသောက်ချင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောထားဖို့ အရေးကြီးပါတယ်။ အတင်းဝိုင်းတိုက်တာမျိုး ကြုံရနိုင်တာပေါ့။ ဒါကတော့ ကိုယ့်ဆုံးဖြတ်ချက် ဘယ်လောက်ခိုင်မာလဲ ဆိုတဲ့အပေါ် မူတည်တာပဲ။

အရက်မကောင်းကြောင်း မပြောပါနဲ့
ကိုယ့်ဘာသာကိုယ် အရက်မသောက်တာကတော့ မသောက်တာပေါ့။ ဒါပေမယ့် သောက်တဲ့သူတွေကို ရှေ့တည့်တည့်ထားပြီး အရက် ယမကာဆိုတာ ကောင်းတဲ့အရာမဟုတ်ဘူး။ ဆိုးကျိုးတွေ ဘယ်လိုရှိတယ်ဆိုတာမျိုးနဲ့ ဒီလို အကြောင်းပြချက်တွေကြောင့် အရက်ကို ရှောင်တယ်ဆိုတာမျိုးတော့ မပြောသင့်ဘူးပေါ့။ လူတိုင်းဟာ ကိုယ့်လိုက်ဖ်စတိုင်ကို ကိုယ့်ဘာသာ ရွေးချယ်ကြတာပဲလေ။ ဒီလို သောက်ကြစားကြ ပျော်ကြတဲ့အချိန် ကိုယ်က သူတော်ကောင်းဖြစ်ပြီး သူများက မကောင်းတာတွေ လုပ်နေတယ်ဆိုတာမျိုး ပြောတာကျ ရန်ပွဲတွေ ဖြစ်လာနိုင်တာပေါ့။ သောက်တဲ့အရှိန် ပိုကောင်းလာလေလေ ကိုယ့်ကို ပိုထိုးနှက်ကြလေလေ ဖြစ်လာမှာနော်။ ဘာကြောင့် အရက်မသောက်တာလဲ မေးရင် ရိုးရိုးရှင်းရှင်းပဲ မကြိုက်လို့ မသောက်တာဖြစ်စေ၊ အိမ်နဲ့ အဆင်မပြေတာပဲဖြစ်စေ အကြောင်းပြရုံပဲ။

စိတ်တူကိုယ်တူ လူနဲ့ တွဲထားပါ
တကယ်တော့ ဘားမှာ၊ ပါတီမှာ ရှိနေကြတဲ့သူတိုင်းဟာ အရက်သောက်တဲ့သူတွေချည်း မဖြစ်နိုင်ပါဘူး။ ကိုယ်လို အရက်မသောက်တဲ့သူ နောက်တစ်ယောက်ယောက်လည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အဲဒီ မသောက်တဲ့တစ်ယောက်နဲ့ စကားလက်ဆုံကျပြီး ညတစ်ညကို အေးဆေး ဖြတ်သန်းနိုင်ပြီလေ။

ပျော်ပါ
အရက်သောက်ထားကြပြီဆိုရင်တော့ လူရော စိတ်ရောက မြောက်နေပြီပေါ့။ အဲဒီလိုလူတွေကြား ကိုယ်က အကကြမ်းပြင်မှာ စိတ်လွတ်ကိုယ်လွတ် ကပစ်နိုင်ဖို့ဆိုတာ သူတို့လောက်တော့ မလွယ်ဘူးပေါ့။ ဒါပေမယ့် ဘယ်သူကမှ ကိုယ့်ကို ကြည့်မနေသလိုဘဲ စိတ်ကို လွှတ်ပြီး ၀င်ကပစ်လိုက်လို့ ရပါတယ်။  ဒီလို ယမကာအစွမ်းနဲ့ မူးရစ်ဝေသီနေတဲ့သူတွေအကြား  ကိုယ် ဘာလုပ်တယ်ဆိုတာကို ဂရုထားမိမယ့်သူက ကိုယ်တိုင်ကလွဲ ဘယ်သူမှ ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် Enjoy လုပ်ပါ။ သီချင်းဝင်ဆိုပါ။

နားလည်မှုပေးပါ
ကိုယ်က အရက်မသောက်ဘူးဆိုပေမယ့် ဘားထဲမှာ ရှိနေတဲ့ တခြားသူတွေအပေါ်တော့ သည်းခံတဲ့စိတ် ထားရမှာပါ။  ကိုယ့်ကို တိုက်မိတာ၊ ပုခုံးကို လှမ်းပုတ်တာ၊ ကိုယ့် ရှပ်အင်္ကျီအပေါ် ဘီယာဖိတ်စင်သွားတာ စသဖြင့်  ကြုံလာရတဲ့အခါ စိတ်ကို လျှော့ထားဖို့ လိုပါမယ်။ ဒီနေရာမှာ ငါ့ကို ဒီလို ပြုမူတယ်၊ ရိုင်းတယ်၊ ဆောရီးလည်း မပြောဘူး စသဖြင့် အပြင်လောကက နိစ္စဒူဝ အခြေအနေတွေပုံစံမျိုး တစ်ထပ်တည်း မဖြစ်တာကို ဒေါသဖြစ်မနေဖို့ပါ။  ဘားဆိုတဲ့နေရာမျိုးမှာ သူသူကိုယ်ကိုယ် ဒါမျိုးကတော့ ကြုံရတတ်တာချည်းပါပဲ။

ခွက်တစ်ခွက်တော့ ကိုင်ထားပါ
အရက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရက်ခွက်နဲ့တူတဲ့ ခွက်တစ်ခွက်တော့ ကိုင်ထားလိုက်တာ မရိုင်းပါဘူး။ အခုဆို ပေါ့ပေါ့ပါးပါး သောက်နိုင်တဲ့ အချိုရည်တွေလည်း ပေါ်လာပြီမဟုတ်လား။ အပြင်ကကြည့်ရင်တော့ အဲဒါတွေက အရက်နဲ့ တူပါတယ်။ မသိရင် ကိုယ်က အရက်သောက်နေသလိုလိုပေါ့။ ဒါဆို ကိုယ့်ကို ဘာလို့ မသောက်လဲ ဆိုတဲ့မေးခွန်းမျိုး၊ အရက်ခွက် အတင်းထိုးထည့်ပေးတာမျိုးကနေ အနည်းဆုံး ရှောင်နိုင်ပြီပေါ့။

သာသာယာယာနေပါ
ဘေးပတ်ဝန်းကျင်က ဘာကြီးပဲ ဖြစ်နေဖြစ်နေ မမှုပါနဲ့။ ကိုယ့်ဖုန်းကိုပဲ တစ်ချိန်လုံး ပွတ်မိနေတာမျိုး၊ အင်္ကျီအိတ်ကပ်ထဲ လက်ထည့်ထားတာမျိုး၊ တစ်ညလုံး လက်ပိုက်ထားတာမျိုးက ဒီမှာ ကိုယ် သက်သောင့်သက်သာ မဖြစ်ဘူး၊ အဆင်မပြေဘူး၊ ငြီးငွေ့တယ်ဆိုတာကို ပြတဲ့ အရိပ်အယောင်တွေပါပဲ။ ဒါကြောင့် နေရာတကာကို ပတ်ကြည့်ပြီး ကိုယ်နဲ့ အဆင်ပြေလောက်တဲ့ နေရာ  ဥပမာ - သူငယ်ချင်းတွေ အတူ ဂိမ်းကစားနေတဲ့နေရာ၊ ဒါမှမဟုတ် လူစုပြီး ကိုယ်သဘောကျရာ အကြောင်းအရာတွေ စကားလက်ဆုံပြောနေတဲ့နေရာ တစ်ခုခုကို ရွေးပြီး  ပျော်ပျော်ပါးပါး ၀င်နွှဲကြည့်ပါ။

အိမ်ပြန်ဖို့ သတိရပါ
ဝိုင်းထဲမှာ ပုလင်းကုန်တဲ့အထိ၊ ပွဲသိမ်းတဲ့အထိ ထိုင်နေစရာမလိုပါဘူး။ အဲဒါက သောက်နေတဲ့သူတွေကြား ထားတဲ့ မမြင်နိုင်တဲ့ ကတိတစ်မျိုးပါ။ ပြန်ရမယ့်အချိန် ရောက်လာတဲ့အခါ  ကိုယ် နှုတ်ဆက်ရမယ့် သူ အားလုံးကို သေသေချာချာ နှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်ပါ။ ကိုယ့်အနေနဲ့ နောက်ဆုံးအထိ ကျန်ပြီး အရက်မူးသမားတွေကို မထိန်းချင်ရင်တော့ အကြံပေးချက်အတိုင်း လုပ်တာ အကောင်းဆုံးပါပဲ။

ရဲထွဋ်
Read More About Nightlife Articles Here


Read times Last modified on Tuesday, 03 October 2017 08:22
Rate :
(0 votes)

2 comments

  • Thaddeus Stoviak
    Comment Link

    Hi, I've been visiting your website a few times and decided to give you some positive feedback because I find it very useful. Well done. I was wondering if you as someone with experience of creating a useful website could help me out with my new site by giving some feedback about what I could improve? You can find my site by searching for "redaktionstest net casino" in Google. I would appreciate if you could check it out quickly and tell me what you think. -> [email protected] - Thank you for help and I wish you a great week!

    Thursday, 26 September 2019 18:04 posted by Thaddeus Stoviak
    Report
  • tuxera ntfs 2018 serial
    Comment Link

    Hello There. I discovered your weblog the usage of msn. This is a very smartly written article. I’ll be sure to bookmark it and come back to learn extra of your useful info. Thanks for the post. I’ll definitely comeback.

    Saturday, 17 August 2019 15:47 posted by tuxera ntfs 2018 serial
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.