Friday, 22 September 2017 08:03

    babbet
    ဒီတစ်ပတ်မှာတော့ Nightout အတွက် ရွေးချယ်သင့်တဲ့ Bar ၃ ခု ကို MY YANGON က ဖော်ပြပေးလိုက်ပါတယ်။

    Babett Yangon Bar
    Babett Yangon Bar ကတော့ မကြာသေးခင်ကမှ ဖွင့်လှစ်ခဲ့တဲ့ Bar တစ်ခုပဲ ဖြစ်ပါတယ်။ Babett မှာ အနောက်တိုင်းစတိုင် မနက်စာအမျိုးမျိုး၊ အသားနဲ့ ချိစ်အမျိုးမျိုးအပြင် Executive Chef ဖြစ်တဲ့ Javier Ballesta ရဲ့ နေ့စဉ်အထူး စပါယ်ရှယ် ဟင်းလျာတွေကို နေ့စဉ် မနက်မှ ညအထိ ရရှိနိုင်ပါတယ်။ နေ့တစ်နေ့ ကုန်ဆုံးခါနီး အချိန်ကို ရောက်ရှိလာတာနဲ့အမျှ မြန်မာနဲ့ အာရှဒေသက အလားအလာရှိတဲ့ တက်သစ်စ DJ ပညာရှင်တွေရဲ့ သီချင်းတီးလုံးတွေကို နားဆင်ရင်းနဲ့ Mixologists & Bartenders တွေရဲ့ Cocktail နဲ့ ဝိုင်တွေကို အရသာခံပြီး စိတ်အပန်းဖြေနိုင်ပါတယ်။ Happy Hour အနေနဲ့ ညနေ ၅ နာရီကနေ ၇နာရီအထိ ဘီယာတစ်ခွက်ကို (USD 1)၊ ပြင်သစ်ဝိုင်တွေကို ဘယ်အချိန်တွေမှာမဆို ၁ခွက်ကို ၄၅၀၀ကျပ်၊ နေ့လည်စာအတွက် Set Menu တစ်ယောက်စာကို ၁၀၀၀၀ ကျပ်နဲ့လည်း ရရှိနိုင်ပါတယ်။
    Babett Yangon Bar - အမှတ်-၅၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်။ ဖုန်း - ဝ၁-၂၄၃၆၃၉
    Time Out Bar 2
    Time Out Bar
    Time Out Bar ကတော့ အားကစားဝါသနာပါသူတွေအတွက် အကြိုက်တွေ့စေမယ့် Bar ပါပဲ။ ကိုယ်နှစ်သက်တဲ့ ဘီယာတစ်ခွက်နဲ့ ဥရောပဘောလုံး ပွဲစဉ်တွေကို ကြည့်ရှုခံစားချင်တယ် Time Out Bar ကအကောင်းဆုံးပါပဲ။ ဒါ့အပြင် Time Out Bar မှာ ဘိလိယက်ခုံ၊ ဘတ်စ်ကက်ဘော၊ လက်ပစ်မြှားစက်ကွင်းနဲ့ ဘောလုံးခုံတွေ ကိုတပ်ဆင်ပေးထားပြီး အဖျော်ယမကာ အမျိုးမျိုးနဲ့ Party-Goers တွေကို အကောင်းဆုံး ၀န်ဆောင်မှုပေးနေတာပဲ ဖြစ်ပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာလည်း Game Night အစီစဉ်လေး ပြုလုပ်ပေးထားတော့ Game တွေကို ပျော်ပျော်ပါးပါး ဆော့ရင်း အပန်းပြေစေနိုင်မှာပါ။ အဆင်ပြေမယ့် ပတ်ဝန်းကျင်အနေထားနဲ့ Cozy Corner လေးတွေလည်းရှိလို့ ဘောလုံးပွဲစဉ်တွေကို အားမပေးပဲ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဖို့ အတွက်ဆိုရင်လည်း အဆင်ပြေစေမှာပါ။
    Time Out Bar - ၄လွှာ၊ နိုဗိုတယ်ဟိုတယ်၊ ပြည်လမ်း။ ဖုန်း- 01 230 5858
    The Beat Bar
    The Beat Bar
    The Beat Bar ကတော့ ဗိုလ်အောင်ကျော် Tower မှာ ရှိပြီး Night Life ကို Music လေးနဲ့ အေးအေးဆေးဆေး Chill လုပ်ချင်တဲ့သူတွေအတွက် ရွေးချယ်စရာ Bar တစ်ခုပဲပါ။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် အလုပ်ကနေ ပင်ပန်းလာသမျှကို ဖြေဖျောက်ဖို့အတွက်တော့ သင့်တော်တဲ့ Bar လေးတစ်ခုပါ။ Music ချစ်သူတွေအကြိုက် နံရံမှာ Musical Instrument လေးတွေနဲ့ ဆိုင်ကို အလှဆင်ထားပြီး သောကြာနဲ့ စနေညတွေမှာ Live Band ဖျော်ဖြေမှုတွေ ရှိပါတယ်။ Drinks အမျိုးအစားစုံကို စဥ့်အိုးအသေးလေးတွေနဲ့ ထည့်ပြီး ပြင်ဆင် ထားတဲ့ပုံက The Beat Bar ရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ အစားအစာတွေအနေနဲ့ကတော့ မြန်မာအစားအစာက စပြီး ထိုင်းအစားအစာ ၊ အနောက်တိုင်းအစားအစာ စသဖြင့် အမျိုးအစား စုံစုံလင်လင် ရနိုင်ပါတယ်။ ဒီ Bar ကို နေ့လယ် ၁၂ နာရီကနေ ည ၁၂နာရီ အထိ ဖွင့်လှစ်ထားပါတယ် ။
    The Beat Bar - G3 ၊ ဗိုလ်အောင်ကျော်တာဝါ ၊ ဗိုလ်တထောင်မြို့နယ်။ ဖုန်း - ၀၉ ၇၈၃၆၆၆၃၅၉။

    ဖူးပွင့်သူ
    Read More About Nightlife Articles Here


    Read 274 times Last modified on Friday, 22 September 2017 08:40
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.