Tuesday, 05 September 2017 10:18

    Things to do
    Cellar Door Wine Bistro ရဲ့ Promotion အသစ်

    လတ်ဆတ်တဲ့ ပင်လယ်စာကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် Cellar Door Wine Bistro ကနေ Promotion အစီအစဉ်အသစ်တခု ပြုလုပ်ပေးထားပါပြီ။ အဲဒါကတော့ လတ်ဆတ်တဲ့ ပင်လယ်စာတွေကို အပတ်စဉ် ကြာသပတေးနေ့၊ သောကြာနေ့ နဲ့ စနေနေ့တွေမှာ ရရှိနိုင်မယ့် အစီအစဉ်ပါ။ ပြင်သစ်နိုင်ငံမှာ ရွှေတံဆိပ်ဆု ရထားတဲ့ ဟင်းလျာဖြစ်တဲ့ လတ်လတ်ဆတ်ဆတ် Oyster ၁၂ခုကို ၃၉,၀၀၀ကျပ်နဲ့ သုံးဆောင်နိုင်တဲ့အပြင် နှစ်သက်ရာ White Wine နဲ့ Sparkling Wine တို့ကိုလည်း  ၅၀%လျှော့ပေးဦးမှာပါ၊၊ ဒါ့အပြင် ပြင်သစ်နိုင်ငံက လတ်ဆတ်တဲ့ Mussel 1KG ကို ၂၈,၀၀၀ ကျပ်နဲ့ သုံးဆောင်နိုင်တဲ့အပြင် နှစ်သက်ရာ White Wine နဲ့ Sparkling Wine တို့ကိုလည်း  ၅၀%လျှော့ ပေးဦးမှာပါတဲ့နော်။
    Cellar Door Wine Bistro - အမှတ်၆၉၊ ပထမထပ်၊ Marketplace၊ ပြည်လမ်း၊ လှိုင်မြို့နယ်။ ဖုန်း - 01 525 403 Ext 201
    M BarKitchen
    Night Out ထွက်တတ်တဲ့ Ladies တွေအတွက် M Bar & Kitchen ရဲ့ Ladies Night

    Night Out ထွက်တတ်တဲ့ Lady တွေအတွက် M Bar&Kitchen ကနေ Ladies Night ဆိုပြီး အထူးအစီအစဉ်လေး ပြုလုပ်ပေးထားပါတယ်။ အဲဒါကတော့ ဗုဒ္ဓဟူးနေ့ညတိုင်းကို Ladies တွေအတွက် Special Offer အနေနဲ့ ည ၈ နာရီကနေ ၉ နာရီခွဲအထိ Cocktail ကို Free Flow ရရှိမှာဖြစ်ပြီး ည ၈ နာရီ နောက်ပိုင်းမှာလည်း Red Wine (By Glass) ကို 30% Discount နဲ့အတူ Food Order ကို 20% Discount ခံစားခွင့်ရမှာပါ။ ကဲ Ladies တွေအတွက်တော့ ဗုဒ္ဓဟူးနေ့တိုင်းကို M Bar & Kitchen က အထူး Discount တွေနဲ့ စောင့်ကြိုနေတယ်နော်။
    M Bar & Kitchen - ၅လွှာ-၆လွှာ ပြည်သာယာဟိုတယ်၊ ပြည်သာယာလမ်း၊ ဘောက်ထော်၊ ရန်ကင်း။ ဖုန်း - 09 785 050219
    Union Bar Grill
    Union Bar & Grill ရဲ့ Wine Dinner

    စက်တင်ဘာ ၉ ရက်မှာ ပြုလုပ်မယ့် Union Bar & Grill ရဲ့ Wine Dinner မှာ Special Guest တွေဖြစ်တဲ့ Chef Rick Ney & Aung Thein Oo တို့က အရသာရှိလှတဲ့ 6 Course Degustation မီနူးကို ချက်ပြုတ်ပြမှာပါ။ စားဖိုမှုးတွေနဲ့ ကိုယ်တိုင်ထိတွေ့ပြီး အရသာရှိလှတဲ့ အစားသောက်တွေကို မြည်းစမ်းနိုင်ဖို့အတွက် Union Bar & Grill ရဲ့ Wine Dinner က ရယ်ဒီပဲတဲ့။
    Union Bar and Grill - 42 Strand Road, Left corner of the Myanmar Red Cross Building, Botantaung Township. Ph - 09 250355064
    AJs Bar Grill1
    AJ's Bar & Grill ရဲ့ Let's Dance Event

    AJ's Bar & Grill ကနေ စနေနေ့ အပတ်တိုင်း ပင်ပန်းသမျှတွေကို အကလေးနဲ့  ဖြေဖျောက်နိုင်ဖို့ Let's Dance Event လေးကို ပြုလုပ်ပေးထားပါတယ်။ အဲဒီနေ့မှာတော့ ၀င်ကြေး အခမဲ့ဖြစ်ပြီး ည ၈နာရီခွဲကနေ ည ၁၂နာရီအထိကို ၀ါရင့်ကျွမ်းကျင် ပညာရှင်တွေဖြစ်တဲ့ Jim နဲ့ Ghizzy တို့က Latin Dance ကို Free သင်ကြား ပြသပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Margarita ကိုလည်း Buy 1 Get 1 ၀ယ်ယူနိုင်မှာ ဖြစ်ပါ တယ်။
    AJ's Bar & Grill - အမှတ် ၁၃၂ ၊ ဗိုလ်မြတ်ထွန်းလမ်းနဲ့ အနော်ရထာလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်။ ဖုန်း - ၀၉၇၈၅၄၂၂၁၅၁
    Thai Food Festival
    Thai Food Festival
    ထိုင်း၊ မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ နိုဗိုတယ်ရန်ကုန်မက်စ်ရဲ့ The Square စားသောက်ဆိုင်မှာ ဓလေ့ရိုးရာဖလှယ်တဲ့ ထိုင်းဟင်းလျာပွဲတော်ကို စက်တင်ဘာလ ၄ ရက်နေ့ကနေ ၁၀ရက်နေ့အထိ ကျင်းပနေပါတယ်။ ထိုင်းနိုင်ငံက စားဖိုမှူး Chef Chayanit Prampate နဲ့ အဖွဲ့တို့ က ထိုင်းနိုင်ငံရဲ့ အရသာအစုံဟင်းလျှာတွေကို နေ့တိုင်းမတူညီအောင် ချက်ပြုတ်ပေးမယ့် ပွဲဆိုတော့ ထိုင်းအစားအစာကို ထိုင်းအရသာအစစ်နဲ့ မြည်းစမ်းခံစားလိုသူတွေ လက်လွတ်မခံသင့်တဲ့ ပွဲတော် တစ်ခုပဲပေါ့။ ဒါ့အပြင် ထိုင်းအက၊ မြန်မာ့ရိုးရာ ဖယောင်းတိုင်အကနဲ့ အသီးအနှံအလှပုံဖော်ခြင်း အစရှိတဲ့ ဖျော်ဖြေမှုတွေ ပါဝင်တင်ဆက်မှာ ဆိုတော့ ကြုံတောင့်ကြုံခဲ ခံစားချက်အသစ်ကို ရရှိခံစားရမှာ အမှန်ပဲပေါ့။
    Little Korea BBQ
    Soju တစ်လုံး Free ရရှိမယ့် Little Korea BBQ
    Little Korea BBQ ကနေ Soju တစ်လုံး Free ရယူနိုင်မယ့် Event တစ်ခုကို ပြုလုပ်ပေးလိုက်ပြီနော်။ ဒါကတော့ အပတ်စဉ် သောကြာနေ့တိုင်း Little Korea BBQ မှာ TGIF Friends ဆိုတဲ့ Event လေး ပါပဲ။ ဒီ Event လေးကတော့ စားသုံးသူ ၄ ယောက်လာတိုင်း Soju တစ်လုံး Free ရရှိမှာပဲ ဖြစ်ပါတယ်။ သူငယ်ချင်း ၄ ယောက် ပြည့်ပြီဆိုရင်တော့ Little Korea BBQ ကို သွားဖို့ အိုကေပြီလေ။
    Little Korea BBQ - အမှတ်၉၅၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာ။ ဖုန်း - 09 772 903242

     


    Read 235 times Last modified on Tuesday, 05 September 2017 10:31
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.