Tuesday, 29 August 2017 11:04

Things To Do291
မက္ကစီကန်စားစရာတွေကို စိတ်ကြိုက်စားလို့ရမယ့် Union Bar and Grill
Union Bar and Grill မှာ အင်္ဂါနေ့ညနေ ၅ နာရီကနေ ၁၀ နာရီအထိပဲရနိုင်မယ့် အစီစဉ်လေးတစ်ခု ရှီနေပါတယ်။ အဲ့ဒါကတော့ အရင်တုန်းက Tin Tin မှာရတဲ့ အကောင်းဆုံး မက္ကစီကန် အစားအသောက်တွေကို Union မှာ အင်္ဂါနေ့တိုင်းရနိုင်အောင် ပြုလုပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။  ဒီ Taco Tuesday ကို မက္ကစီကန် အစားသောက် ပွဲတော်တစ်ခုလိုမျိုး ဖြစ်အောင် ပြင်ဆင်ထားပေးမှာပါ။ ဒါ့အပြင် Tacos, Nachos, Burritos, Quesadillas နဲ့ တခြားသောက်စရာတွေလည်း အများကြီးရှိနေမှာပါ။ ဒါကြောင့် အင်္ဂါနေ့တစ်ရက်တည်းသာ ရတဲ့ မက္ကစီကန်အစားစာတွေကို လက်မလွတ်စေဖို့အတွက် ညွှန်ပြပေးလိုက်ပါတယ်။
Union Bar and Grill - 42 Strand Road, Left corner of the Myanmar Red Cross Building, Botantaung Township. Ph - 09 250355064
amazing
Beer ကို Buffet style ပြုလုပ်ပေးမယ့် Amazing Thai Food
Amazing Thai Food ကနေ သြဂုတ်လ(၃၀)ရက်နေ့မှာ  FREE FLOW BEER PROMOTION အစီစဉ်လေးကို ပြုလုပ်ပေးမှာပဲ ဖြစ်ပါတယ်။ ဒီအစီစဉ်မှာဆိုရင် Beer ကို Buffet style ပြုလုပ်ပေးထားပြီးတော့ Beer အ၀သောက် (၁) ဦးကို ၄,၀၀၀ ကျပ် ပဲကျသင့်မှာပါ။ ဒီ promotion မှာ Table Reserve လက်ခံမှာမဟုတ်ဘဲ Promotion အချိန်အတွင်း လာရောက်သူတွေကိုပဲ Table စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ Beer ကိုလည်း Buffet style ပြုလုပ်ပေးထားတာမို့ ခွက်ထဲမှာ ဘီယာကုန်မှ ထပ်ထည့်ပေးမှာပါ။ ဘီယာဂေါက်တွေကနေ ကိုယ်တိုင်လည်းငှဲ့ယူနိုင်ပါတယ်။ Promotion အချိန်ကတော့ ညနေ၆နာရီကနေ ၈နာရီထိပါပဲ။ သူငယ်ချင်း၎ယောက် စုသွားပြီး ဒီ promotion အစီစဉ်ကို ရယူနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
Amazing Thai Food - အမှတ်၆၆၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်။ ဖုန်း - 09 4200 90008, 09 306 90008
shwe pan sai
၂၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမယ့်အပြင်  ငွေသားကူပွန်တွေပါ လက်ဆောင်ရမယ့် ရွှေပန်ဆိုင်းဟော့ပေါ့
ရွှေပန်ဆိုင်းဟော့ပေါ့ကနေ ပုံမှန်ဈေး အဝစားတစ်ဦး ၁၁၈၀၀ ကျပ်ကနေ အခု ၂၀ ရာခိုင်နှုန်း ဈေးလျှော့ ရောင်းချပေးနေတဲ့အပြင် နောက်လ(စက်တင်ဘာ)မှာ သုံးစွဲခွင့်ရမယ့် ငွေသား ကူပွန်လက်မှတ်လေးတွေကိုပါ လက်ဆောင်ပေးနေပါတယ်။ ရွှေပန်ဆိုင်းစွမ်ထန် ဟော့ပေါ့အရည်ရဲ့ အရသာကိုလည်း မူလထက် ပိုမိုကောင်းမွန်အောင် ဗမာကြက်နဲ့ ပြောင်းလဲ စီမံချက်ပြုတ်ထားပါတယ်။ ဟော့ပေါ့ဟင်းရည်နဲ့ တွဲဖက်စားသုံးဖို့အတွက် ကြက်၊ ဝက်၊ ဆိတ်၊ အမဲ၊ ရွှေပန်ဆိုင်း ငါးဖယ်ချောင်းနဲ့ ပင်လယ်စာမျိုးစုံ၊ အသီးအရွက်မျိုးစုံတို့ကို အချိန်အကန့်အသတ်မရှိ စိတ်ကြိုက်စားသုံးနိုင်မှာပါ။ ပရိုမိုးရှင်းကာလက သြဂုတ်လ ၃၁ရက်နေ့အထိပဲမို့ လက်မလွတ်လိုက်ရအောင် လမ်းညွှန်ပေးလိုက်ပါတယ်။
ရွှေပန်ဆိုင်း - အမှတ်(၅)၊ ရတနာလမ်းမပေါ်၊ တောင်ဥက္ကလာပမြို့ နယ်။ ဖုန်း - 09 5028508, 09 261768908
The Best of British Ball 2017
The Best of British Ball 2017
The Best of British Ball 2017 ပွဲကိုတော့ စက်တင်ဘာလ ၂ရက်နေ့မှာ Melia’ ဟိုတယ် Grand Ballroom မှာ ကျင်းပပြုလုပ်သွားမှာပါ။ ဒီပွဲမှာ အကောင်းဆုံး ဗြိတိန် အစားအသောက်တွေနဲ့အတူ Live Band ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်မှာပါ။ British Chamber ရဲ့ မန်ဘာတွေအတွက်လည်း Special Discount တွေရှိပါတယ်။ ဗြိတိန်ဂီတကို စီးမြောရင်း သင်ကိုယ်တိုင် သီချင်းဆို ကခုန်နိုင်ဖို့အတွက် ဒီပွဲလေးကို ညွှန်းပေးလိုက်ရပါတယ်။
Bangkok Café29
Set ၅မျိုးကို 15%Discount ချပေးနေတဲ့ Bangkok-Café
Bangkok-Café ကနေ အစားအသောက် ခုံမင်သူတွေ အကြိုက်တွေ့စေမယ့် Set ၅မျိုးကို 15%Discount ချပေးနေပါပြီ။ ပရိုမိုးရှင်းကာလကတော့ သြဂုတ်လ၁၈ရက်နေ့ကနေ အောက်တိုဘာလ ၃၁ရက်နေ့ အထိ ပေးနေတာပဲ ဖြစ်ပါတယ်။ အစားသောက်ကောင်းကို ကြိုက်နှစ်သက်သူတွေအတွက် အရမ်းကို အဆင်ပြေစေမှာပါ။
Bangkok-Café - Junction City၊ Level 3

Read More About Nightlife Articles Here


Read 243 times Last modified on Tuesday, 29 August 2017 11:19
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.