Tuesday, 22 August 2017 09:09

dubai bar
ဆိုင်လေးရဲ့ ထူးခြားချက်:
ရန်ကုန်မြို့မှာ ပထမဆုံးသော Arabic Style လေးနဲ့ စတင်ခဲ့တဲ့ Bar တစ်ခုပါ။ တခြားဘယ် Bar တွေနဲ့မှ မတူတဲ့ Indoor Decoration ကတော့ ဆိုင်ရဲ့ အဓိက ထူးခြားချက်ပါ။ Indoor VIP Table လေးတွေက ဆိုဖာလေးရယ်၊ စားပွဲပုလေးရယ်၊ ခန်းဆီးလေးတွေရယ်နဲ့ Lighting လေးက Aladdin မီးခွက်ပုံပြင်လေးကို အမှတ်ရစေပါတယ်။ သိပ်ချစ်စရာကောင်းတဲ့ Decoration လေးတစ်ခုပါ။ ခုလို မိုးရာသီလိုကာလမျိုးမှာ ဒီလို Indoor က အရမ်းအဆင်ပြေပါတယ်။ Outdoor Rooftop မှာဆိုလည်း မြက်ခင်းတု စိမ်းစိမ်းလေးတွေပေါ်က ဆိုဖာလေးတွေပေါ် ထိုင်ရတာ တခြားဘယ် Bar မှာမှ မရနိုင်တဲ့ အားသာချက်တစ်ခုပါ။
dubai bar4

Menu: ကျွန်မက ဘယ်ကိုပဲသွားသွား အစားအလွန်မက်တဲ့သူမို့ Menu ဆိုတာ ကျွန်မအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဘယ်လောက်ပဲ Decoration ကောင်းကောင်း Service ကောင်းကောင်း အစားအသောက်မကောင်းတဲ့ ဆိုင်တွေဆို ဘယ်သောအခါမှ ခြေဦးပြန်မလှည့်တတ်ပါဘူး။ ဒီ Bar ကတော့ အစားအသောက်က ဈေးလည်းသင့်သလို အရသာကတော့ တော်တော်လေးကောင်းတယ်လို့ ပြောရမယ့်အထဲ ပါပါတယ်။ ကိုယ်တွေ မြန်မာပါးစပ်နဲ့ ကိုက်ညီတဲ့ Asian Food တွေမို့ ပိုအဆင်ပြေပါတယ်။ Beer အရက်နဲ့ မြည်းဖို့ Snacks တွေပဲဖြစ်ဖြစ်၊ Heavy Dinner စားချင်ရင်ပဲဖြစ်ဖြစ် Chill လုပ်ချင်တဲ့သူအတွက်ရော ကျွန်မလို အစားမက်တဲ့သူအတွက်ရော တစ်နေရာတည်းမှာ 2 in 1 လို့ ရတဲ့ Bar လေးပါ။ ကျွန်မရဲ့ထုံးစံအတိုင်း Menu တစ်ခုစီအကြောင်းကိုတော့ စာဖတ်သူတွေ ပျင်းသွားမှာစိုးလို့ မရေးတော့ပါဘူး။ အစားအသောက်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူတာမျိုးမို့ ညွန်းရတာလည်း အင်မတန်ခက်လို့ပါ၊
dubai bar2
နောက်တစ်ခုကတော့ Shisha ပါ။ ကျွန်မကတော့ ပုံမှန်အားဖြင့် Shisha မနှစ်သက်တဲ့အထဲမှာ ပါပါတယ်။ နှစ်သက်မိတဲ့ Shisha ဆိုတာ လက်ချိုးကြည့်ရင်တောင် လက်၃ချောင်းမပြည့်ပါဘူး။ အဲဒီ မပြည့်ထဲအထဲကမှ ဒီ Bar က Shisha ကတော့ ရှားရှားပါးပါး ကျွန်မ နှစ်သက်တဲ့အထဲက တစ်ခုပါ။ ဈေးနှုန်းအားဖြင့်လည်း သင့်တင့်သလို တော်တော်ကောင်းတဲ့ Shisha မို့ Fully Recommend ပေးပါတယ်။ Cocktail Lover တွေအတွက်လည်း အဆင်ပြေတဲ့ Bar တစ်ခုပါ။ ဘယ် cocktail အမျိုးအစားကိုမဆို သောက်လို့ ကောင်းအောင် ဖျော်စပ်ပေးတဲ့ Bartender ကြောင့်လည်း ဘယ် Cocktail အကောင်းဆုံးလို့ ပြောရမှာ အင်မတန်ခက်ခဲပါတယ်။ နောက်ဆုံးတစ်ခုကတော့ Music ပါ။ ကျွန်မက Music လည်း တော်တော်ကြိုက်သူဖြစ်သလို တော်တော်လည်း ဇီဇာကြောင်တဲ့အထဲပါပါတယ်။ မလိုက်ဖက်တဲ့ Music တွေရယ် Soundbox သံအကျယ်ကြီးလို မတရားဆူညံလွန်းတဲ့ အသံတွေရယ်နဲ့ Bar တွေ၊ Restaurant တွေဆို တတ်နိုင်သလောက် ရှောင်ပါတယ်။ ဆိုင်အပြင်အဆင်နဲ့ ဖွင့်ထားတဲ့ Music ရယ်က အမြဲ လိုက်ဖက်ညီတာမို့ Music ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရပါဘူး။ Promotion တွေကတော့ တစ်လနဲ့တစ်လ မတူပါဘူး။ Ladies Night, Unplugged လိုမျိုးတွေလည်း ရှိသလို Friday Night လိုမျိုးမှာလည်း Special Event တွေ ရှိတတ်ပါတယ်။ နောက်တစ်ခု အကြံပေးချင်တာက သောကြာ စနေညလို ညတွေမှာ လာရောက်စားသုံးသူတွေ တော်တော်များတာကြောင့် ဖုန်းနဲ့ အရင် Table Reserve လုပ်စေချင်ပါတယ်။
dubai bar5
အမှတ် (၉၈ ဒီ) အင်းလျားလမ်း (Emerald Restaurant & Technoland ကြားကလမ်းသွယ်ပါ)
09798429856

Photo credit: Bur Dubai Official Facebook Page
Share by MAY
Read More About Nightlife Articles Here


Read times Last modified on Tuesday, 22 August 2017 09:53
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.