Thursday, 20 July 2017 11:01

Nighout2
သေသေချာချာ ပျော်ဖို့ မမေ့ပါနဲ့

ဒီညတော့ အရမ်းပျော်ရတာပဲ ဆိုတာမျိုးဟာ ပြန်ပြောရင်တောင် ပျော်နေရတဲ့ အပျော်မျိုးလေ။ အဲဒီတော့ ပျော်ရမယ့်ဟာကို သေသေချာချာ ပျော်ပါ။ မလိုလားအပ်တာတွေ ရှောင်ပါ။
သောက်တာကို သတိထားဆင်ခြင်ပါ

အမူးလွန်နေရင် ဘယ်မှာ ပျော်ရပါ့မလဲ။ စိတ်ညစ်လို့ Night Out ထွက်တယ်ဆိုပြီး အမူးလည်း လွန်ရော စိတ်ညစ်တဲ့အခံတွေက ၁၀ဆ လောက်တိုးလာရော။ အဲဒါကြောင့် သောက်တော့မယ်ဆိုရင် မလွန်အောင် ဆင်ခြင်ပြီး သောက်နိုင်ဖို့လည်း အရေးကြီးပါတယ်။
စိတ်ကျေနပ်သလို ဝတ်ဆင်ပါ

တစ်ခါတလေ ကိုယ်က ကြိုက်လို့ ဝတ်ထားတာက သူငယ်ချင်းတွေအတွက် ရယ်စရာကြီး ဖြစ်နေတတ်တယ်။ ဂရုမစိုက်နေပါနဲ့။ Night Out ထွက်တာ ကိုယ်တိုင်ပျော်ချင်လို့လေ။ ကိုယ့်ဘာသာ စိတ်ကျေနပ်ရာဝတ်ပြီး ကောင်းကောင်းကြီး ပျော်နိုင်ရင် Night Out ထွက်တာ ပြည့်စုံပြီပေါ့။
ကိုယ် တကယ်ပျော်ရမယ်လို့ ထင်တဲ့နေရာ သွားပါ

သူငယ်ချင်းတွေက ဒစ္စကိုနဲ့ ကခုန်ရတာ ပျော်နေပေမယ့် ကိုယ်က တီးလုံးငြိမ့်ငြိမ့်လေး နားထောင်ရင်း သာယာချင်တာမျိုးဆိုရင်တော့ ကိုယ်ပျော်ရမယ်လို့ ထင်တဲ့နေရာကိုသာ သွားပါ။ Night Out ဆိုတာ ကိုယ်ပျော်ရဖို့သာ အဓိကပါ။
ဘာဘာညာညာ ဇာတ်လမ်းမထွင်ပါနဲ့

Night Out ထွက်ရင် ဖြစ်တတ်တဲ့ ကိစ္စတွေပါ။ ကိုယ့်ရဲ့ Night Out ကိုလည်း ဒီလို ဇာတ်လမ်းတွေပါမှ ထွက်မယ်ဆိုရင်တော့ မှားနေပါပြီ။ ပေါ့ပေါ့ပါးပါး စားသောက်ရင်း ပျော်စရာ Night Out လေးတစ်ခုကို ဖန်တီးဖြစ်ပါစေလို့။                                    
နေလင်း
Read More About Nightlife Articles Here


Read 259 times Last modified on Thursday, 20 July 2017 11:08
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.