Friday, 16 June 2017 07:30

night life
Night Club သွားတယ်ဆိုတာ လူတိုင်းမှာ အကြောင်းရင်း အမျိုးအမျိုးရှိပါတယ်။ ဒီထဲကမှ တချို့အမျိုးသားအမျိုးသမီးတွေက အရက်သောက် ကခုန် ပျော်ရွှင်တာအပြင် တွဲဖော်တွဲဖက်ရှာတဲ့ ရည်ရွယ်ချက်လေးပါ ပါလာတတ်ပါတယ်။ ဒီလိုဆိုပေမယ့် အများစုက ကံမကောင်းတတ်ကြပါဘူး။ အခုဆောင်းပါးမှာတော့ ဘား (သို့) ကလပ်မှာ ကောင်မလေးတစ်ယောက်ယောက်နဲ့ အလွမ်းသင့်သွားအောင် ဘယ်လို ချဉ်းကပ်ရမလဲဆိုတာ အကြံပေးသွားမှာဖြစ်ပါတယ်။
နေရာကောင်းကောင်းတစ်နေရာ ရထားပါစေ

နေရာကောင်းကောင်းဆိုတာ စားပွဲခုံအကြီးကြီးကို ပြောတာ မဟုတ်ပါဘူး။ ချောင်ကျတဲ့နေရာ မဟုတ်ရင် ပြီးတာပါပဲ။ အဓိကက လူမြင်သူမြင်ရှိရပါမယ်။ ကိုယ့်ထိုင်ခုံက ကလပ်ထဲက ချောင်ကျကျ နေရာမျိုးမှာရှိနေရင် ဘယ်ကောင်မလေးမှ ကိုယ့်ကို မြင်မှာမဟုတ်သလို စိတ်လည်းဝင်စားမှာမဟုတ်ပါဘူး။
ကလပ်မှာ အရက်ရောင်းတဲ့ ဘားကိုင်ကို ခင်အောင် ပေါင်းထားပါ

သူ့ကို အရက်တိုက်တာပဲဖြစ်ဖြစ် tip money ပေးတာပဲဖြစ်ဖြစ် လုပ်ထားပါ။ ဒါမှ ကိုယ်က ကောင်မ လေးအတွက် အရက်ဝယ်ပေးမယ်ဆိုရင် သူက ကောင်း ကောင်းလေး စီမံပေးမှာပေါ့။
night life2
ရိုးသားပွင့်လင်းပါ

ကလပ်ထဲမှာ ရိုးသားပါဆိုတော့ တစ်မျိုးကြီး ဖြစ်နေပါလိမ့်မယ်။ တကယ်ပြောချင်တာက ဟိတ်ကြီး ဟန်ကြီးနဲ့မနေဖို့၊ မပြောဖို့ပါ။ ရိုးသားပွင့်လင်းတာကို ကောင်မလေးတိုင်း ကြိုက်ပါတယ်။ ကိုယ်က မဟုတ် တာတွေ သွားပြောထားပြီး တကယ်တမ်း သူကလည်း သိတတ် နားလည်နေတယ်ဆိုရင် ကိုယ်ပဲ အရှက်ကွဲမှာ ဖြစ်ပါတယ်။ ဟာသလေးတွေလုပ်ပြီး အေးအေးလူလူ စကားပြောတာ အကောင်းဆုံးပါပဲ။
တစ်ယောက်တည်း မသွားပါနဲ့

ကလပ်ထဲမှာ ကောင်မလေး တစ်ယောက် ယောက်ကို သဘောကျလို့ ချဉ်းကပ်ပြီဆိုရင် ကိုယ့်သူငယ်ချင်းတွေကိုပါ ခေါ်သွားပါ၊ သူတို့က ကိုယ့်အတွက် အကောင်းဆုံး bakeup ဖြစ်ပါတယ်။ တစ်ယောက်တည်း သွားလို့ ကိုယ်သဘောကျတဲ့ ကောင်မလေးက လူလည်ဆိုရင် ကိုယ်ပဲခံလာရမှာလေ။ နောက်ဆုံး အဆင်ပြေလုနီးနီး မဟုတ်တောင် ကိုယ့်သူငယ်ချင်းတွေနဲ့ သူငယ်ချင်းဖြစ်သွားနိုင်ပါတယ်။
သူမရဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ

အကယ်၍ ကိုယ်သဘောကျတဲ့ ကောင်မလေးက သူငယ်ချင်းတစ်အုပ်နဲ့ လာတာဆိုရင် အဲဒီတစ်အုပ်နဲ့လည်း ခင်အောင် လိုက်ပေါင်းလိုက်ပါ။ သူတို့က ကိုယ့်အတွက် အကူအညီကောင်း တစ်ခုဖြစ် လာပါလိမ့်မယ်။
ကိုယ်သဘောကျတဲ့ ကောင်မလေးက ကနေတယ်ဆိုရင် ကိုယ်ပါ ဝင်ကပါ
မကတတ်လို့ ရှက်လို့ဆိုပြီး ထိုင်ကြည့်မနေပါနဲ့။ ဒီလိုဝင်ကခြင်းအားဖြင့် သူနဲ့ ရင်းနှီးမှုပိုလာမှာဖြစ်ပြီး စကားပြောလို့လည်း ပိုကောင်းလာပါလိမ့်မယ်။
night life3
တစ်ခြားသူရဲ့ အမျိုးသမီးကို သွားမထိပါနဲ့

တစ်ခြားသူနဲ့ စကားပြောနေတဲ့အမျိုးသမီးကို သွားပြီး စိတ်မဝင်စားပါနဲ့။ အဲဒါက အရေးအကြီးဆုံးပါ။ ကလပ်ထဲမှာ လူလွတ်တွေအများကြီးပါ။ ရှာကြည့်လိုက်ပါ။
ကိုယ့်မိန်းကလေးကိုလည်း တခြားသူ ဝင်မရောပါစေနဲ့

အဲဒီလိုမျိုးဖြစ်လာရင် သူငယ်ချင်းတွေကိုသာ ခေါ်လိုက်ပါ။ သူတို့က ကိုယ့်အတွက် အကောင်းဆုံးခံတပ် ဖြစ်လာပါလိမ့်မယ်။ တစ်ဘက်က အတင်းကြီး တိုးကပ်လာရင်လည်း ညင်သာစွာပဲ ကိုယ့်ကောင် မလေးကို ခေါ်ပြီး ရှောင်ထွက်သွားလိုက်ပါ။
အရှုပ်တွေ ဖြစ်လာတာ

ဥပမာ ရည်းစားဟောင်းက လာရှုပ်တာ၊ ကိုယ်မကြိုက်တဲ့ ကောင်မလေးက ကိုယ့်ကို လာကပ်နေတာ အစရှိသဖြင့်ပေါ့။ ဒါမျိုးကြုံလာပြီဆိုရင် ပြဿနာက ချက်ချင်း ရှောင်ထွက်ပါ။ အချိန်ကုန်ခံပြီး ဖြေရှင်းမနေပါနဲ့။ ကိုယ်ကြိုက်တဲ့ ကောင်မလေးဆီက ဖုန်းနံပါတ်ရပြီးတာနဲ့ တစ်ပြိုင်နက် ခုနပြဿနာတွေနဲ့ ကင်းဝေးအောင် နေလိုက်ပါ။
night life4
အလွန်အကျွံ မမူးနေပါစေနဲ့

အချက်တွေအားလုံးထဲမှာ အရေးကြီးဆုံး အချက်ပါ။ ကိုယ်သဘောကျတဲ့ ကောင်မလေးနဲ့ ရင်းနီးသွားပြီ၊ ဖုန်းနံပါတ်ရသွားပြီဆိုတာနဲ့ အကြာကြီး မနေပါနဲ့တော့။ သူ့ကို ပြန်ဆက်သွယ်မယ်၊ နောက်နေ့ တွေ့မယ်လို့သာ ပြောပါ။ အကယ်၍ သူငယ်ချင်းတွေက ဆက်နေချင်သေးတယ် ဆိုရင်တော့ အဲဒီသူငယ်ချင်းတွေကို ခေါ်ပြီး နောက်တစ်နေရာသာ သွားလိုက်ပါ။ နောက်ဆုံးမှာချင်တာက ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အလွန်အကျွံ မူးမနေစေဖို့ပါပဲ။
ရဲထွဋ်
Read More About Nightlife Here


Read 296 times Last modified on Friday, 16 June 2017 07:57
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.