Thursday, 13 July 2017 02:13

Night Life

မိုးတွင်းချမ်းစိမ့်စိမ့် စိုစိစိနဲ့ အပြင်မထွက်ဘဲ အိမ်မှာပဲ ကွေးချင်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ထွက်နေကျလူကလည်း ခြေမှာ ဗွေပါပြီးသား မဟုတ်လား။ Nightout ထွက်နေကျ အမျိုးသမီး၊ အမျိုးသားတချို့ ထောက်ခံ ထားတဲ့ မိုးတွင်းမှာ ရွေးချယ်သင့်တဲ့ ဘားတချို့ကို ဖော်ပြပေးထားပါတယ်နော့်။
The Bar Bur Dubai
သူ့ကိုတော့ အခြား ဘားတွေနဲ့ ဆိုင်အပြင်အဆင်မတူလို့ သဘောကျ ကြပါတယ်။ မိသားစုလိုပုံစံမျိုး၊ VIP လို ခံစားမှုမျိုး ပေးပါသတဲ့။  စားပွဲပုလေး တွေနဲ့ ဆိုဖာတွေနဲ့ ထိုင်ရတာပါတဲ့။ အစားအသောက်လည်း ကောင်းသလို  ဈေးနှုန်းလည်း သင့်တင့်တဲ့အတွက် ရွေးချယ်သင့်တဲ့ဆိုင်လို့ ဆိုကြပါတယ်။  သူ့ဆီက music ကလည်း  တကယ်မိုက်တယ်တဲ့နော့။
98(D), Inya Road (Lane between Emerald Restaurant & Technoland), Kamayut Township, Yangon.
Cafe 20
သူကတော့ မနက် ၇ နာရီကနေ ည ၁၂ နာရီထိ  နေ့ရော ညပါ ဖွင့်တဲ့ ဆိုင်ပါ။ Jelly Dream 12 shots တွေ ဘာတွေနဲ့ အမြင်နဲ့ကို စမ်းသပ်ချင်စရာပဲလေ။ European Spaghetti၊ Burger၊ Sandwich၊ ဒါမှမဟုတ် Thai Food၊ Mexican၊ Malaysia အစားအစာတွေနဲ့ တော်တော်စုံတယ်။ ဝန်ဆောင်မှုလည်း ကောင်းသလို ဈေးနှုန်းကလည်း သင့်တင့်ပါသတဲ့။
N0.(82^14), Shwe Gon Daing Road, Bahan Township, Yangon.
Yangon Yangon Bristo Bar
သူကတော့ View ကြည့်ရတာနဲ့တင် တန်နေပြီ ပြောရမှာနော်။ မိုးလုံ လေလုံနဲ့  စိတ်ချမ်းသာ လက်ချမ်းသာ အရာအားလုံးကို အပေါ်စီးကနေ လှမ်း ကြည့်နေရမှာ။  အစားအသောက်ကလည်း သူများတွေထက် နည်းနည်းတော့ ဈေးမြင့် ပေမယ့် ဒီလိုနေရာမှာ ဒီလိုခံစားမှုမျိုးနဲ့  ပေးရတာတော့ တန်တယ်လို့ ဆိုရမှာပါ။
Sakura Tower Rooftop 339, Bogyoke Aung San Rd, kyauktada Township.
Gekko Restaurant
သိပ်ဆူဆူညံညံ မနှစ်သက်သူတွေ အတွက်ကတော့ ရွေးချယ်သင့်တဲ့ ဘားတစ်ခုပါ။  ကိုယ့်အိမ်မှာ ကိုယ် နွေးနွေး ထွေးထွေး ထိုင်နေသလို ခံစားမှုကို အဲဒီပတ်ဝန်းကျင်အပြင်အဆင်က ပေးပါလိမ့်မယ်။ ဂျပန်စာ၊ ကိုရီးယားနဲ့ ဗီယက်နမ် အစားအစာတွေ ရနိုင်ပါတယ်။
535, Merchants Street, Yangon.
7th Joint Bar & Grill
သူကတော့ ပေါ့ပေါ့ပါးပါး ရေစိုလာလည်း ဘာမှမဖြစ်ဘူး။ ဘယ်သူကမှလည်း ဂရုစိုက်မနေဘူးဆိုတဲ့ သီးသန့်ပုံစံ ရှိတဲ့ဘားပါ။  အဲဒီဘားမှာပဲ ခံစားရနိုင်တဲ့လွတ်လပ်မှုမျိုးပေါ့။ ရက်ဂေးဘားလို့လည်း ခေါ်ကြတယ်။  Band လည်း ရှိပြီး နေ့စဉ် သူ့အစီအစဉ်နဲ့သူ  ဘားကို လာရောက်တဲ့သူတွေကို စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်သွားနိုင်အောင် လုပ်ပေးနိုင်ပါတယ်။  ဆိုင်အပြင်အဆင်နဲ့တင် သင့်ကို ဖြားယောင်းဆွဲဆောင် ထားလိုက်နိုင်မှာ အမှန်ပါပဲ။ တကယ်လို့ သင်ဟာ တခြားသူတွေထဲက ခွဲထွက်တဲ့သူ ဖြစ်နေခဲ့ရင်လေ။ အစားအစာတွေကတော့ ဈေးနည်းနည်းကြီးတယ်ဆိုပေမယ့်  ထိုင်နေရတာနဲ့တင် တန်နေတဲ့ ခံစားမှုကိုရမှာပါ။
Corner of 47th Street & Mahabandula Street, Yangon.

Read More About Nighlife Here


Read 338 times Last modified on Thursday, 20 July 2017 09:42
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.