Friday, 09 June 2017 08:32

Nightout alone web
လူတွေက အပြင်သွားပြီဟေ့ဆိုတာနဲ့ တစ်ယောက်တည်းလား အဖော်မပါဘူးလားဆိုပြီး တစ်ကိုယ်ရေ တစ်ကာယဖြစ်နေတာကိုပဲ ဟာသလိုလို သနားသလိုလိုတွေ မြင်ကြတယ်။ အထူးအဆန်းလို မြင်ကြတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ တစ်ယောက်တည်း သွားကြည့်လိုက်ပါ။ ထင်သလောက် မဆိုးဝါးနေပါဘူး။ ကိုယ့်စိတ်ထဲ သွားချင်တဲ့ပွဲ သွားနိုင်တယ်။ တူတူသွားနေကျသူတွေနဲ့ပဲ အချိန်ဖြုန်းနေစရာ မလိုတော့ဘူးဆိုတော့ မိတ်ဆွေသစ်တွေတောင် ပိုတိုးလာနိုင်သေးတယ်လေ။  

တစ်ယောက်တည်း အပြင်ထွက်ဖြစ်တော့ ပိုတောင် ဆိုရှယ်ကောင်းလာနိုင်တယ်။ ကိုယ်မိတ်ဖွဲ့ ချင်တဲ့သူနဲ့ လွတ်လွတ်လပ်လပ်တောင် စကားပြောနေနိုင်သေးတယ်လေ။ စိတ်ကြိုက်သွားလာရင်း ကိုယ့်ရဲ့ ဆိုရှယ်စွမ်းရည်ကိုလည်း လေ့ကျင့်လို့တောင် ရသေးတာပေါ့။ မပြန်ချင်သေးဘူး ပျော်လို့ မဝသေးဘူးဆိုတဲ့ ဘေးကအဖော်တွေ မပါလာတော့ ကိုယ့်ဘာသာ စိတ်ကြိုက် သွားလာလို့ရတာပေါ့။ ကိုယ်ပြန်ချင်တဲ့အချိန် ပြန်သွားရုံပဲ။ အားနာနေစရာလည်း မလိုတော့ဘူးပေါ့။
နေလင်း
Read More About Nightlife Here


Read 256 times Last modified on Friday, 09 June 2017 09:02
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.