Thursday, 27 April 2017 09:59

17361762 1667867089907791 6353429679514545464 n

အရင်တစ်ခေါက်က ချင်းမိုင်မှာ လည်စရာ တွေအကြောင်း ပြောပြီးပြီဆိုတော့ ဈေးဝယ်ထွက်မယ့်သူတွေနဲ့ Night ကို ဘယ်လို enjoy လုပ်မယ်ဆိုတာ ပြောပြ ပေးပါ့မယ်။

Shopping

17155241 1667866619907838 6978959043640521127 n
ချင်းမိုင်မှာ ဘန်ကောက်လို Shopping center ကြီးတွေ သွားချင်ရင်တော့ Central Airport Plaza ရယ၊် Maya Shopping ၊ နောက်ပြီး Central Festival Chiang Mai ရယ်ဆိုပြီးပဲ ကြီးကြီးမားမား ၀ယ်လို့ ကောင်းတယ်။ Sunday Night Market ကတော့ ရိုးရာ လက်မူပညာတွေနဲ့ လက်ဆောင်ပေးဖို့ ၀ယ်မယ်ဆိုရင် ကောင်းတယ်။ မုန့်တွေ လျှောက်စား ၊ တိုလီမုတ်စလေးတွေကို ဘတ် 20၊ 30 နဲ့ ၀ယ်၊ ဘေးက ဘားလေးတွေမှာ ထိုင်ပြီး ချင်းမိုင်ရောက်လို့ Sunday နဲ့ ကြုံရင် သွားကို သွားသင့်တာ ရှိသေးတယ်။ Bee bee gun တဲ့။ သေနတ်ပြိုင်ပစ်လို့ ရတယ်။ ပျော်ဖို့ကောင်းတယ်။  ဘတ် 20 ပဲပေးရတယ်။  Night Bazaar မှာ ဈေးဝယ်လို့ ရတယ်။ ဆိုင်တွေလည်း အများကြီးပဲ။ ရောင်းနေတာက မြန်မာတွေ များလို့ ဈေးတော့တော်တော်လျှော့ပေးပါတယ်။

Nightlife

17342525 1667866113241222 8300569845513059222 n
ကိုယ့်ရဲ့ခရီးတွေတိုင်းမှာ မပါမဖြစ်ကတော့ Nightlife ပေါhနော်။ ချင်းမိုင်က nightlife ပုံစံ အမျိုးမျိုး ၇ှိတယ်။ location အလိုက် ပုံစံတွေလည်း ကွာတယ်။  ညနေစောင်းလောက်ဆိုရင်တော့ roof top ဘားတွေ ထိုင်ရတာ မိုက်တယ်။ Maya Shopping center ရဲ့ အပေါ်ထပ်မှာ rooftop bar တွေ လေး၊ ငါးခုရှိတယ်။ happy hour လေးနဲ့ တောင်တွေ ကြားကနေ နေ၀င်သွားတာကို ကြည့်ရတဲ့ feel က မိုက်လွန်းတာပေါ့ကွာ။

Riverside

17361799 1667867113241122 3652734559430897934 n

ကိုယ်အကြိုက်ဆုံး Nightlife ကတော့ ဒီနေရာပဲ။ အဖြူတွေရော၊ ထိုင်းတွေပါ လာတယ်။ dinner ပါ တစ်ခါတည်းစားပြီး nightlife ကို တန်းJoin လိုက်လို့ရတယ်။  ဘားတိုင်းက အမြဲပြည့်နေတာ။ band တွေ ၇ှိသလို DJ တွေလည်း ရှိတယ်။ The Riverside , Goodview , Chiq Bar ..ဆိုပြီး တန်းစီနေတာ။ ကိုယ်တွေဆို ဟိုပြောင်းလိုက် ဒီပြောင်းလိုက်နဲ့  တစ်ည တစ်ည အားက မအားဘူး။  Bus Bar ဆိုလည်းေ၇လည်မိုက် မြစ်ကမ်းဘေးက တံတားကြီးဘေးမှာ ဘီယာတွေထိုင်သောက်ပြီး လေလေးတဖြူးဖြူး နဲ့ လေထိုင်ပေါနေရုံပဲ။ အဲဒီမှာသောက်ပြီးမှ အပေါ်က ရေးထားတဲ့ ဘား သုံးခုမှာ သီချင်းနားထောင်  ဒါမှမဟုတ် DJ တွေနဲ့ သွားကပေါ့။

Old City

သူကတော့ မြို့ဟောင်းထဲပေါ့။ ဘားသေးသေးလေးတွေ အများကြီး၇ှိပေမယ့် လူငယ် backpacker တွေ အထိုင်များတာကတော့ North Gate bar ပဲ။  jazz band လေးလည်း ရှိတယ်။ အဲဒီမှာ သောက်ပြီးရင်တော့ Zoe in Yellow ဆိုတဲ့ club ကို ကူးလိုက်ရုံပဲ ။ အဖြူတွေ တော်တော်များတယ်။ ထိုင်းတွေတောင် မ၇ှိသလောက်ပါပဲ။  တစ်ခု မကြိုက်တာ က ချင်းမိုင်က club တွေအားလုံးက ည တစ်နာရီ ဆို ပိတ်ပြီ။ စောစော အိပ်ရတာပေါ့နော့် ။

17353101 1667867166574450 2331423499936871020 n

Nimman

သူကတော့ ကိုရီးယား ၊တရုတ် နဲ့ ဂျပန်တွေ ကျက်စားတဲ့နေရာပေါ့။  Asian style bar တေ၊ွ club တွေ တော်တော်များတယ်။  ကိုယ် ကြိုက်တာတွေကတော့ band လေး၇ှိတဲ့ Beer Lab ရယ်၊ wiset168 ဘားရယ် ကတော့ music လေး၇ှိတော့ မိုက်တယ်။ နောက်ပြီး ဘီယာ ကြိုက်တဲ့သူတွေ ဆိုရင်တော့ Beer Republic လေးကတော့ စွန်း fine တယ်ကွယ်။ Beer Experience ဆိုပြီး ဘီယာ 5 မျိုး ကနေ 10 မျိုး အထိ ပါတဲ့ ဟာလေး မှာသောက်၊ ဟိုဟာကောင်းနိုးနိုး ဒီဟာပို မိုက်တယ်ဆိုပြီး ငြင်းကြရင်းနဲ့တင် မူးသွားရော။ ကဲကဲ.. မူးနေပြီ ဆိုရင်တော့ club ဆက်ရမှာပေါ့နော် ။ အဲဒီ တစ်ဝိုက်မှာပဲ Infinity နဲ့ Warmup Café ဆိုတဲ့ night club နှစ်ခု ရှိတယ်။ ကိုယ်ကတော့ နှစ်ခုစလုံးသွားခဲ့ပေမယ့် Infinity ကို ပိုငြိတယ်။ Warmup က အသက်ရူကြပ်သလို ခံစားရလို့။
ဒီလောက်ဆိုရင်တော့ နေ့ရောညပါ မအားလပ်တဲ့ ချင်းမိုင်ရဲ့ နေ့ရက်တွေ ဖြစ်ပြီပေါ့နော်။ ညဈေးလေးတွေလျှောက်ပြီး မုန့်ဝယ်စားလိုက်၊ နောက်နေ့အတွက် Tour လေး တွေစုံစမ်းပြီး ၀ယ်လိုက်၊ အနှိပ်လေးခံလိုက်၊ ဘားလေးထိုင်၊  တချို့ညတွေ club ကိုပါ ဆက်၊ နောက်နေ့ မနက် Tour က လာကြိုတဲ့ကား မီအောင် ကုန်းရုံးထ၊ အကျီတွေထည့်၊ ညနေ ပြန်ရောက်ရင် ဆိုင်ကယ်လေးနဲ့ shopping ပတ်၊ ချင်းမိုင် ရဲ့ မစားမဖြစ် ဒေသ အစားအစာ လိုက်စား နဲ့ ကိုယ်ဟာ အဲဒီ မြို့လေးနဲ့ အသားကျလို့ နေတာပါပဲ။

မေဇွန် ( I love travelling)

Read More About Nightlife Here


Read times Last modified on Tuesday, 02 May 2017 08:34
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.