Tuesday, 25 April 2017 07:53

NightLife01
Vestige Myanmar ရဲ့ Executive Director နဲ့ Her Alchemy ရဲ့ Founder ဖြစ်သူ Nida Taylor ရဲ့  အကြံပြု ချက်လေးကို အခုလို တင်ဆက်ပေးထားပါတယ်။
ကခုန်လို့ကောင်းမယ့် အဝတ်အစားတွေကို ဝတ်ပါ။ ကိုယ်ရွေးမယ့် အဝတ်အစားကတော့ ဘောင်းဘီတို အမျိုးမျိုးနဲ့ အင်္ကျီက စွပ်ကျယ် (သို့) ဂျင်းတွေပါ။ ပိုပြီး ပြင်ပြင်ဆင်ဆင်ဖြစ်တယ်လို့ ခံစားရအောင် ဂါဝန် လည်း ဝတ်ချင်ဝတ်မယ်။ ဒါပေမယ့် သိပ်မကြပ်တဲ့ဟာကိုပဲ ဝတ်မယ်။

ကလပ်မှာ ပျော်ရွှင်ချင်တယ်ဆိုရင် အရမ်း တိုလွန်း ကြပ်လွန်းတဲ့ဟာ မဝတ်ပါနဲ့ ကိုယ်က ပျော်ချင်လို့သွားတာ၊ ကိုယ့် အဝတ်အစားကြောင့် စိတ်ကို အမြဲ သတိထားနေရလိမ့်မယ်။ ဖိနပ် အမြင့်ဟာ ကိုယ့်အတွက် သက်သောင့် သက်သာရှိရင် စီးပါ။ ကိုယ်ကတော့ ဖိနပ်အမြင့် တွေကို ကြိုက်တယ်။ ကိုယ်သာဆိုရင်တော့ ကလပ်သွားတဲ့ ဖိနပ် အမြင့်တွေ စီးမှာပဲ။ အရမ်း မြင့်တာတွေတော့ မစီးနဲ့ပေါ့။

NightLife05

ကလပ်မှာ တစ်ညလုံး မတ်တပ်ရပ်ရင် ရပ်နေရမယ် ဒါမှမဟုတ် ကနေရင် ကနေမယ်။ တစ်နာရီလောက်အတွင်း ခြေထောက်နာလာ တာမျိုးတော့ ဖြစ်ချင်မှာ မဟုတ်ပါဘူး။
အဆင်တန်ဆာတွေ ဝတ်နိုင်ပါတယ်။ ဒါပေမယ့် သေးတာလေး တွေ ရွေးဝတ်ပါ။ ကိုယ်သာဆိုရင်တော့ လည်ကပ်သေးသေးလေးတွေ ဒါမှမဟုတ် နားကွင်းတွေ ဝတ်မယ်။ မိတ်ကပ် အများကြီး မလိမ်းပါနဲ့။ ညဘက် ကလပ်သွားတာဟာ အလွန်အကျွံ မိတ်ကပ် လိမ်းရမယ့် အချိန် မဟုတ်ပါဘူး။ ပုံမှန် လိမ်းနေကျထက် နည်းနည်းလေးပဲ ပိုလိမ်းပါ။ အရောင်ရင့်ရင့် နှုတ်ခမ်းနီ ဆိုးပါ။

ရန်ကုန်မှာတော့ Penthouse ကို သောက်ဖို့သွားရတာ ကြိုက်တယ်။ သူက အစားအသောက် ကောင်းတယ်။ သူငယ်ချင်း တွေနဲ့ စကားပြောနိုင်တယ်။ ပြီးရင် Vibe မှာ သွားကလို့ရတယ်။ Vibe က မြို့လယ်ခေါင်မှာရှိတယ်။ ဟစ်ဖ်ဟော့ သီချင်းတွေ ဖွင့်တယ်။ EDM (Electronic Dance Music) မဟုတ်ဘူး။

MY Yangon

Read More Nightlife Articles Here


Read 310 times Last modified on Wednesday, 26 April 2017 08:26
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.