Saturday, 08 February 2020 04:27

28661346_1252747994858082_1654027246433835415_n.jpg

ရံုးပိတ္ေက်ာင္းပိတ္ရက္ေတြမွာ အိမ္မွာပဲ မာလာရွမ္းေကာကို ေစ်းသက္သက္သာနဲ႔ လုပ္စားၾကမယ္ဆို မေကာင္းဘူးလား။

အခ်ိန္ကုန္လည္းသက္သာ၊ လူလည္းမပင္ပန္း၊ တစ္မိသားစုလံုးလည္းစားႏိုင္မယ္႔ မာလာရွမ္းေကာလုပ္နည္းေလးကို မွ်ေဝေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းေတြကို ပိုဝယ္ထားျပီး အိမ္မွာ ဗိုက္ဆာတဲ႔အခ်ိန္ လုပ္စားလို႔လည္း ရပါေသးတယ္။ ဘာပစၥည္းေတြပါဝင္မလည္း၊ ဘယ္လို ခ်က္ျပဳတ္ရမလည္းဆိုတာကို ၾကည္႔လိုက္ၾကရေအာင္...

>>>အနံ႔ေမႊးေမႊးေလးနဲ႔ စားခ်င္စဖြယ္ ခရမ္းသီးမီးဖုတ္ေထာင္းစပ္စပ္ေလး

မာလာရွမ္းေကာ လုပ္မယ္ဆိုရင္ မာလာေခါက္ဆြဲ၊ ၾကာစြယ္၊ အသီးအ႐ြက္၊ မာလာဟင္းအႏွစ္၊ ဟင္းခတ္ အေမႊးအႀကိဳင္ေတြနဲ႔ ၾကက္အူေခ်ာင္း၊ ဝက္အူေခ်ာင္း၊ အသားလုံး၊ အသီးအရြက္ (ၾကိဳက္ႏွစ္သက္ရာ) စတာေတြ ေ႐ြးခ်ယ္ ဝယ္ယူရပါမယ္။

ပင္လယ္စာၾကိဳက္သူေတြအေနနဲ႔လည္း ဂဏန္း၊ ပုဇြန္၊ ဂံုး ၾကိဳက္ႏွစ္သက္ရာ ထည္႔ႏိုင္ပါတယ္။

ေဖာ္ျပပါ အစာပလာေတြကို ေသခ်ာသန္႔စင္ေအာင္ ေဆးေၾကာျပီးရင္ အေနေတာ္ အတံုးေလးေတြတံုးျပီး စားတဲ႔အခ်ိန္မွာ ႏူးေအာင္လို႔ ေရေႏြးေဖ်ာထားေပးပါ။

မာလာအႏွစ္ ျပဳလုပ္ဖို႔ အလြယ္ဆုံးကေတာ့ စူပါမားကတ္ေတြမွာ ေရာင္းတဲ့ မာလာအႏွစ္ထုပ္ သုံးႏိုင္သလို၊ ေဟာ့ေပါ့ အႏွစ္ထုပ္ဆိုလည္း အဆင္ေျပပါတယ္။ အရသာပိုေလးနက္ေအာင္ ပဲပိစပ္ အႏွစ္ထုပ္ သုံးပါတယ္။

ေနာက္ထပ္ ပါဝင္ပစၥည္းေတြက
- ဆီ
- စီခြၽမ္ င႐ုတ္ေကာင္း
- င႐ုတ္ေတာင့္ရွည္
- သစ္ႀကံပိုးေခါက္
- ဖာလာေစ့
- လိေမၼာ္ခြံေျခာက္
- ပ်ဥ္းေတာ္သိမ္႐ြက္
- နံနတ္ပြင့္
- ေလညႇင္းပြင့္
- ဂ်င္းေျခာက္ တို႔လိုအပ္ပါတယ္။

>>>ႏွမး္ဆီနံ႔ေမႊးေမႊးေလးနဲ႔ ဝါးလိုက္တိုင္း အရသာရွိေစမယ္႔ ကိုရီးယားထမင္းသုပ္

အားလုံးျပင္ဆင္ၿပီးၿပီဆိုရင္ မာလာရွမ္းေကာအတြက္ ဆီသတ္ပါမယ္။ ဒယ္အိုးထဲက ဆီထည့္၊ ဆီပူလာၿပီဆိုရင္ ဟင္းခတ္အေမႊးႀကိဳင္ေတြကို ထည့္ဆီသတ္ပါ။ မိနစ္ ၂၀ ေလာက္ ဆီသတ္ေပးလိုက္ရင္ အညိဳေရာင္ ေျပာင္းသြားပါလိမ့္မယ္။ အထဲက ဟင္းခတ္အေမႊးႀကိဳင္ေတြကို ခတ္ထုတ္ၿပီး ဆီသတ္ထားတာေလးပဲ ယူပါမယ္။

ၿပီးရင္ မီးမွ်င္းမွ်င္းနဲ႔ ဆီသတ္ထားတဲ့ ဆီထဲ မာလာအႏွစ္ထုပ္၊ ပဲပိစပ္ႏွစ္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ဂ်င္း ထည့္ပါ။ အေရာင္နီလာၿပီဆိုရင္ ဆီခြၽမ္င႐ုတ္ေကာင္း၊ င႐ုတ္ေတာင့္ရွည္ ထည့္ပါ။ ဆီမတူးသြားေအာင္ မီးအရွိန္ ေလ်ာ့ထားပါ။

၂ မိနစ္ ေလာက္ၾကာလို႔ အားလုံး ႏွံ႔သြားၿပီဆိုရင္ မာလာရွမ္းေကာထဲ ထည့္မယ့္ အသီးအ႐ြက္၊ အသား၊ ငါးေတြကို ထည့္ၿပီး သမေအာင္ ေမႊပါ။ အေပါ့အငံ ျမည္းၾကည့္လို႔ အဆင္ေျပၿပီဆိုရင္ ပူပူစပ္စပ္ေလးနဲ႔ အနံ႔ေမႊးေနတဲ့ မာလာရွမ္းေကာ တစ္ပြဲ ရပါၿပီ။ ထမင္းပူပူေလးနဲ႔ တြဲစားရင္ အလြန္ လိုက္ဖက္မႈ ရွိပါတယ္။

My Yangon

=====================================================

(Unicode)

အချိန်ကုန်၊ လူပင်ပန်းသက်သာစေမယ့် လွယ်လွယ်ကူကူ မာလာရှမ်းကော ပြုလုပ်နည်း

ရုံးပိတ်ကျောင်းပိတ်ရက်တွေမှာ အိမ်မှာပဲ မာလာရှမ်းကောကို ဈေးသက်သက်သာနဲ့ လုပ်စားကြမယ်ဆို မကောင်းဘူးလား။ အချိန်ကုန်လည်းသက်သာ၊ လူလည်းမပင်ပန်း၊ တစ်မိသားစုလုံးလည်းစားနိုင်မယ့် မာလာရှမ်းကောလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ပိုဝယ်ထားပြီး အိမ်မှာ ဗိုက်ဆာတဲ့အချိန် လုပ်စားလို့လည်း ရပါသေးတယ်။ ဘာပစ္စည်းတွေပါဝင်မလည်း၊ ဘယ်လို ချက်ပြုတ်ရမလည်းဆိုတာကို ကြည့်လိုက်ကြရအောင်...

မာလာရှမ်းကော လုပ်မယ်ဆိုရင် မာလာခေါက်ဆွဲ၊ ကြာစွယ်၊ အသီးအရွက်၊ မာလာဟင်းအနှစ်၊ ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အသားလုံး၊ အသီးအရွက် (ကြိုက်နှစ်သက်ရာ) စတာတွေ ရွေးချယ် ဝယ်ယူရပါမယ်။

ပင်လယ်စာကြိုက်သူတွေအနေနဲ့လည်း ဂဏန်း၊ ပုဇွန်၊ ဂုံး ကြိုက်နှစ်သက်ရာ ထည့်နိုင်ပါတယ်။

ဖော်ပြပါ အစာပလာတွေကို သေချာသန့်စင်အောင် ဆေးကြောပြီးရင် အနေတော် အတုံးလေးတွေတုံးပြီး စားတဲ့အချိန်မှာ နူးအောင်လို့ ရေနွေးဖျောထားပေးပါ။

မာလာအနှစ် ပြုလုပ်ဖို့ အလွယ်ဆုံးကတော့ စူပါမားကတ်တွေမှာ ရောင်းတဲ့ မာလာအနှစ်ထုပ် သုံးနိုင်သလို၊ ဟော့ပေါ့ အနှစ်ထုပ်ဆိုလည်း အဆင်ပြေပါတယ်။ အရသာပိုလေးနက်အောင် ပဲပိစပ် အနှစ်ထုပ် သုံးပါတယ်။

နောက်ထပ် ပါဝင်ပစ္စည်းတွေက
- ဆီ
- စီချွမ် ငရုတ်ကောင်း
- ငရုတ်တောင့်ရှည်
- သစ်ကြံပိုးခေါက်
- ဖာလာစေ့
- လိမ္မော်ခွံခြောက်
- ပျဉ်းတော်သိမ်ရွက်
- နံနတ်ပွင့်
- လေညှင်းပွင့်
- ဂျင်းခြောက် တို့လိုအပ်ပါတယ်။

အားလုံးပြင်ဆင်ပြီးပြီဆိုရင် မာလာရှမ်းကောအတွက် ဆီသတ်ပါမယ်။ ဒယ်အိုးထဲက ဆီထည့်၊ ဆီပူလာပြီဆိုရင် ဟင်းခတ်အမွှေးကြိုင်တွေကို ထည့်ဆီသတ်ပါ။ မိနစ် ၂၀ လောက် ဆီသတ်ပေးလိုက်ရင် အညိုရောင် ပြောင်းသွားပါလိမ့်မယ်။ အထဲက ဟင်းခတ်အမွှေးကြိုင်တွေကို ခတ်ထုတ်ပြီး ဆီသတ်ထားတာလေးပဲ ယူပါမယ်။

ပြီးရင် မီးမျှင်းမျှင်းနဲ့ ဆီသတ်ထားတဲ့ ဆီထဲ မာလာအနှစ်ထုပ်၊ ပဲပိစပ်နှစ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း ထည့်ပါ။ အရောင်နီလာပြီဆိုရင် ဆီချွမ်ငရုတ်ကောင်း၊ ငရုတ်တောင့်ရှည် ထည့်ပါ။ ဆီမတူးသွားအောင် မီးအရှိန် လျော့ထားပါ။

၂ မိနစ် လောက်ကြာလို့ အားလုံး နှံ့သွားပြီဆိုရင် မာလာရှမ်းကောထဲ ထည့်မယ့် အသီးအရွက်၊ အသား၊ ငါးတွေကို ထည့်ပြီး သမအောင် မွှေပါ။ အပေါ့အငံ မြည်းကြည့်လို့ အဆင်ပြေပြီဆိုရင် ပူပူစပ်စပ်လေးနဲ့ အနံ့မွှေးနေတဲ့ မာလာရှမ်းကော တစ်ပွဲ ရပါပြီ။ ထမင်းပူပူလေးနဲ့ တွဲစားရင် အလွန် လိုက်ဖက်မှု ရှိပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.