Tuesday, 04 February 2020 10:19

83635283_573806636504875_887826755774054400_n.png

ဒီကေန႔မွာေတာ့ အိမ္မွာ လြယ္လင့္တကူလုပ္စားလို႔ရတဲ့အျပင္ ထမင္းၿမိန္ေစမယ့္ ခရမ္းသီးမီးဖုတ္ေထာင္းနည္းေလးကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

၁။ ခရမ္းသီးအ႐ွည္သီး ၂ လံုး။
၂။ ဗမာၾကက္သြန္ျဖဴ ၂ ဥ။
၃။ ၾကက္သြန္နီအေသး ၂ လံုး။
၄။ င႐ုတ္သီးစိမ္း ၁၅ေတာင့္။
၅။ ယိုးဒယားငါးပိ လက္ဖက္ရည္ဇြန္း ၁ ဇြန္းေမာက္ေမာက္။

ႏွမး္ဆီနံ႔ေမႊးေမႊးေလးနဲ႔ ဝါးလိုက္တိုင္း အရသာရွိေစမယ္႔ ကိုရီးယားထမင္းသုပ္

ျပင္ဆင္ျပဳလုပ္နည္း

၁။ ခရမ္းသီးမ်ားကို ေရေဆးၿပီး မီးဖိုေပၚမွာ မီးေအးေအးနဲ႔ ဖုတ္ပါ။
၂။ အခြံမ်ား အညိဳေရာင္ေျပာင္းၿပီး အနည္းငယ္မည္းသည္အထိ ဖုတ္ကာ မီးဖိုေပၚမွခ်ၿပီး အေအးခံထားပါ။
၃။ ငါးပိကို မီးကင္ထားပါ။
၄။ ၾကက္သြန္ျဖဴနီ င႐ုတ္သီးစိမ္းမ်ားကို လွီးျဖတ္ၿပီး မီးေအးေအးနဲ႔ ေလွာ္ေပးပါ။
၅။ အနံမ်ားေမႊးပ်ံ့လာၿပီး အခြံမ်ားႏြမ္းေျခာက္လာလွ်င္ ခ်လို႔ရပါၿပီ။
၆။ ေလွာ္ထားတဲ့ ၾကက္သြန္ျဖဴနီ င႐ုတ္သီးစိမ္းမ်ားကို င႐ုတ္ဆံုထဲထည့္ၿပီး ညက္ေအာင္ေထာင္းပါ။
၇။ ၾကက္သြန္ျဖဴ၊ နီမ်ား ညက္လွ်င္ ဆား သၾကား ငါးပိ မ်ားထည့္ကာ အရသာသမေအာင္ ဆက္ေထာင္းေပးပါ။
၈။ မီးဖုတ္ထားတဲ့ ခရမ္းသီးမ်ားကို အေပၚယံအခြံမ်ားခြါၿပီး ၾကက္သြန္ျဖဴ၊ နီအေရာေထာင္းႏွင့္အတူ င႐ုတ္ဆံုထဲမွာ ဖိဖိၿပီးေထာင္းေပးပါ။
၉။ ခရမ္းသီးေထာင္းကို ယိုးဒယားငံျပာရည္ အနည္းငယ္ျဖည့္စြက္ကာ သမေအာင္ေမႊေပးကာ ပန္းကန္ထဲေျပာင္းထည့္ၿပီး စားလို႔ရပါၿပီ။

ေစ်းသက္သက္သာသာနဲ႔ လူတိုင္းစားႏိုင္တ႔ဲ ရန္ကုန္လမ္းေဘးဆိုင္က အစားအေသာက္မ်ား

ဒါဆိုရင္ေတာ့ အနံ႔ေမႊးေမႊးေလးနဲ႔ စားခ်င္စဖြယ္ ခရမ္းသီးေထာင္းေလးရပါျပီ။ ခရမ္းသီးေထာင္းေလးက လုပ္ရတာလြယ္ကူၿပီး အရသာလည္း႐ွိပါတယ္။ သူ႔ကို ခပ္စပ္စပ္ေလးေထာင္းမွ ပိုစားေကာင္းပါတယ္ေနာ္။ ခရမ္းသီးေထာင္းေလးကို ထမင္းပူပူ၊ ငါးရံ႕ေျခာက္ဖုတ္၊ ဘူးသီးခ်ဥ္ရည္ဟင္း တို႔နဲ႔တြဲဖက္စားသံုးပါက အင္မတန္ထမင္းၿမိန္ေစပါတယ္။

May Thu Thu ( Yangon Directory )
Ref; burmesefoodie

unicode

ဒီကနေ့မှာတော့ အိမ်မှာ လွယ်လင့်တကူလုပ်စားလို့ရတဲ့အပြင် ထမင်းမြိန်စေမယ့် ခရမ်းသီးမီးဖုတ်ထောင်းနည်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

၁။ ခရမ်းသီးအရှည်သီး ၂ လုံး။
၂။ ဗမာကြက်သွန်ဖြူ ၂ ဥ။
၃။ ကြက်သွန်နီအသေး ၂ လုံး။
၄။ ငရုတ်သီးစိမ်း ၁၅တောင့်။
၅။ ယိုးဒယားငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်။

ပြင်ဆင်ပြုလုပ်နည်း

၁။ ခရမ်းသီးများကို ရေဆေးပြီး မီးဖိုပေါ်မှာ မီးအေးအေးနဲ့ ဖုတ်ပါ။
၂။ အခွံများ အညိုရောင်ပြောင်းပြီး အနည်းငယ်မည်းသည်အထိ ဖုတ်ကာ မီးဖိုပေါ်မှချပြီး အအေးခံထားပါ။
၃။ ငါးပိကို မီးကင်ထားပါ။
၄။ ကြက်သွန်ဖြူနီ ငရုတ်သီးစိမ်းများကို လှီးဖြတ်ပြီး မီးအေးအေးနဲ့ လှော်ပေးပါ။
၅။ အနံများမွှေးပျံ့လာပြီး အခွံများနွမ်းခြောက်လာလျှင် ချလို့ရပါပြီ။
၆။ လှော်ထားတဲ့ ကြက်သွန်ဖြူနီ ငရုတ်သီးစိမ်းများကို ငရုတ်ဆုံထဲထည့်ပြီး ညက်အောင်ထောင်းပါ။
၇။ ကြက်သွန်ဖြူ၊ နီများ ညက်လျှင် ဆား သကြား ငါးပိ များထည့်ကာ အရသာသမအောင် ဆက်ထောင်းပေးပါ။
၈။ မီးဖုတ်ထားတဲ့ ခရမ်းသီးများကို အပေါ်ယံအခွံများခွါပြီး ကြက်သွန်ဖြူ၊ နီအရောထောင်းနှင့်အတူ ငရုတ်ဆုံထဲမှာ ဖိဖိပြီးထောင်းပေးပါ။
၉။ ခရမ်းသီးထောင်းကို ယိုးဒယားငံပြာရည် အနည်းငယ်ဖြည့်စွက်ကာ သမအောင်မွှေပေးကာ ပန်းကန်ထဲပြောင်းထည့်ပြီး စားလို့ရပါပြီ။

ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ် ခရမ်းသီးထောင်းလေးရပါပြီ။ ခရမ်းသီးထောင်းလေးက လုပ်ရတာလွယ်ကူပြီး အရသာလည်းရှိပါတယ်။ သူ့ကို ခပ်စပ်စပ်လေးထောင်းမှ ပိုစားကောင်းပါတယ်နော်။ ခရမ်းသီးထောင်းလေးကို ထမင်းပူပူ၊ ငါးရံ့ခြောက်ဖုတ်၊ ဘူးသီးချဉ်ရည်ဟင်း တို့နဲ့တွဲဖက်စားသုံးပါက အင်မတန်ထမင်းမြိန်စေပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.