Friday, 31 January 2020 09:03

516-1.jpg

ေဖေဖာ္ဝါရီလလည္းေရာက္ျပီဆိုေတာ႔ လာမယ္႔ ခ်စ္သူမ်ားေန႔မွာ ကိုယ္ခ်စ္ရသူေတြကို ဘာေပးရမလည္း စဥ္းစားေနၾကမယ္လို႔ ထင္ပါတယ္။

Valentine’s Day လို႔ ေျပာလိုက္တာနဲ႔ ေခ်ာကလက္ဟာ တြဲျမင္မိတဲ႔ သေကၤတေလးတစ္ခုပါ။ ေခ်ာကလက္ကိုမွာ အျပင္က ဝယ္ေပးလိုက္ရတာထက္ ကိုယ္တိုင္လုပ္ထားတဲ႔ ေခ်ာကလက္ေတြဟာ လက္ေဆာင္ရသူေတြအတြက္ ပိုျပီး ေလးနက္မယ္လို႔ ထင္ပါတယ္။

ဒါေၾကာင့္ ေခ်ာကလက္ေလးေတြကို အိမ္မွာ ကိုယ္တိုင္ျပဳလုပ္ႏိုင္မယ္႔ နည္းလမ္းကို My Yangon ပရိတ္သတ္ေတြအတြက္ ေျပာျပေပးခ်င္ပါတယ္...

>>>မနက္စာေကာင္းေကာင္းစားသံုးႏိုင္မည္႔ ရန္ကုန္ျမိဳ႕က စားေသာက္ဆိုင္ (၆) ဆိုင္

ပါဝင္တဲ႔ ပစၥည္းေတြကေတာ႔-

ႏို႔မႈန္႔ – ၅၀၀ ဂရမ္
cocoa အမႈန္႔ – ၅၀ ဂ၇မ္
ေထာပတ္ (ဆားမပါတဲ႔ ေထာပတ္) – ၂၀၀ ဂရမ္
သၾကား – ၇၀၀ ဂရမ္
ေရ – ၁ခြက္ (measurement ခြက္)

>>>ခ်ိဳခ်ဥ္စပ္အရသာနဲ႔ စားခ်င္စဖြယ္ ကိုရီးယားၾကက္ေၾကာ္

ျပဳလုပ္နည္း

၁။ ခြက္တစ္ခုထဲမွာ နုိ႔မႈန္႔နဲ႔ cocoa အမႈန္႔ကို ေရာလုိက္ပါ။
၂။ ျပီးရင္ ဒယ္ထဲတစ္ခုထဲ ေရ(၁ခြက္)၊ သၾကားထည္႔ျပီး ပြက္ပြက္ဆူေအာင္ တည္ထားပါ။ သၾကားေပ်ာ္သြားရင္ မီးေလွ်ာ႔ျပီး ေထာပတ္ထည္႔ပါ။
၃။ ေထာပတ္ပါ အရည္ေပ်ာ္သြားမွ ေရာေမႊထားေသာ နုိ႔မႈန္႔နဲ႔ cocoa အမႈန္႔ကို ထည္႔ျပီး ျဖည္းျဖည္းျခင္း ေမႊေပးပါ။

၄။ မီးနည္းနည္းနဲ႔တည္ထားပါ။
၅။ ျပီးရင္ေတာ႔ မိမိၾကိဳက္နွစ္သက္ရာ ပံုစံခြက္ထဲထည္႔ျပီး ေရခဲေသတၱာထဲမွာ ၂နာရီ- ၃နာရီ အေအးခံထားေပးရံုနဲ႔ အရသာရွိတဲ႔ ကိုယ္တိုင္လုပ္ေခ်ာကလက္ကို လက္ေဆာင္ေပးႏိုင္ပါျပီ။

(ေျမပဲ၊ အုန္းသီးမွုန္႔၊ သီဟိုေစ႔...) တို႔ကို ၾကိဳက္ႏွစ္သက္သူေတြအေနနဲ႔ ပံုစံခြက္ထဲ မထည္႔ခင္မွာ ထည္႔ျပီး အလွဆင္ႏိုင္ပါတယ္။

Psyche (My Yangon)
Ref; Food Industry
(Unicode)

Valentine’s Day မှာ ချစ်သူခင်သူတွေအတွက် ကိုယ်တိုင်ချောက်ကလက်ပြုလုပ်နည်း

ဖေဖော်ဝါရီလလည်းရောက်ပြီဆိုတော့ လာမယ့် ချစ်သူများနေ့မှာ ကိုယ်ချစ်ရသူတွေကို ဘာပေးရမလည်း စဉ်းစားနေကြမယ်လို့ ထင်ပါတယ်။

Valentine’s Day လို့ ပြောလိုက်တာနဲ့ ချောကလက်ဟာ တွဲမြင်မိတဲ့ သင်္ကေတလေးတစ်ခုပါ။ ချောကလက်ကိုမှာ အပြင်က ဝယ်ပေးလိုက်ရတာထက် ကိုယ်တိုင်လုပ်ထားတဲ့ ချောကလက်တွေဟာ လက်ဆောင်ရသူတွေအတွက် ပိုပြီး လေးနက်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ချောကလက်လေးတွေကို အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် နည်းလမ်းကို My Yangon ပရိတ်သတ်တွေအတွက် ပြောပြပေးချင်ပါတယ်...

ပါဝင်တဲ့ ပစ္စည်းတွေကတော့-

နို့မှုန့် – ၅၀၀ ဂရမ်
cocoa အမှုန့် – ၅၀ ဂရမ်
ထောပတ် (ဆားမပါတဲ့ ထောပတ်) – ၂၀၀ ဂရမ်
သကြား – ၇၀၀ ဂရမ်
ရေ – ၁ခွက် (measurement ခွက်)

ပြုလုပ်နည်း

၁။ ခွက်တစ်ခုထဲမှာ နို့မှုန့်နဲ့ cocoa အမှုန့်ကို ရောလိုက်ပါ။
၂။ ပြီးရင် ဒယ်ထဲတစ်ခုထဲ ရေ(၁ခွက်)၊ သကြားထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။ သကြား ပျော်သွားရင် မီးလျှော့ပြီး ထောပတ်ထည့်ပါ။
၃။ ထောပတ်ပါ အရည်ပျော်သွားမှ ရောမွှေထားသော နို့မှုန့်နဲ့ cocoa အမှုန့်ကို ထည့်ပြီ ဖြည်းဖြည်းခြင်း မွှေပေးပါ။
၄။ မီးနည်းနည်းနဲ့တည်ထားပါ။
၅။ ပြီးရင်တော့ မိမိကြိုက်နှစ်သက်ရာ ပုံစံခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၂နာရီ- ၃နာရီ အအေးခံထားပေးရုံနဲ့ အရသာရှိတဲ့ ကိုယ်တိုင်လုပ်ချောကလက်ကို လက်ဆောင်ပေးနိုင်ပါပြီ။

(မြေပဲ၊ အုန်းသီးမှုန့်၊ သီဟိုစေ့...) တို့ကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ပုံစံခွက်ထဲ မထည့်ခင်မှာ ထည့်ပြီး အလှဆင်နိုင်ပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.