Friday, 24 January 2020 10:21

82989344_142080480081128_1522674165377662976_n.jpg

ညဘက္မွာ ဗိုက္ဆာျပီး အိမ္မွာလည္း စားစရာမက်န္ေတာ႔တဲ႔အခ်ိန္က တကယ္ကို အဆင္မေျပလွပါဘူး။

ဗိုက္ဆာဆာနဲ႔ အိပ္လိုက္ရတဲ႔ ညေတြကလည္း လူူကိုအလိုမက်ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ညဘက္ဗိုက္ဆာလို႔ပဲျဖစ္ျဖစ္၊ အိမ္ျပန္ေနာက္က်တာေၾကာင့္ အျပင္မွာပဲ တစ္ခါထဲ ဗိုက္ျဖည္႔သြားခ်င္သူေတြအတြက္ ရန္ကုန္ျမိဳ႕မွာ မိုးလင္းေပါက္ဖြင့္တဲ႔ ဆိုင္တခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

ကိုယ္နဲ႔ အဆင္ေျပမယ္႔ နီးစပ္ရာဆိုင္ေလးေတြကို သြားေရာက္ျမည္းစမ္းၾကည္႔ၾကဖို႔လည္း အၾကံျပဳလိုက္ပါတယ္ေနာ္...

>>>သူငယ္ခ်င္းေတြနဲ႔ ေအးေဆးစကားေျပာရင္း ေသာက္စားႏိုင္မယ္႔ Bar & Grill (၅) ခု

၁။ မိုးလင္းမိုးခ်ဳပ္

မိုးလင္းမိုးခ်ဳပ္မွာေတာ႔ ျမန္မာအစားအစာေတြကို အဓိကထား စားသံုးႏိုင္မွာ ျဖစ္ပါတယ္။ မနက္စာ၊ ေန႔လည္စာကိုလည္း ေကာင္းေကာင္းရႏိုင္သလို ည (၉) နာရီေနာက္ပိုင္းကစျပီး street food ေတြကို ရႏိုင္မွာ ျဖစ္ပါတယ္။ ၀က္သားတုတ္ထိုး၊ သင္ေပါင္းပိုး၊ ထမင္းေၾကာ္တို႔ကို မနက္ (၅) နာရီအထိ မွာယူစားသံုးႏိုင္မွာပါ။ ေစ်းႏူန္းကလည္းသင့္တင့္ျပီး ဆိုင္အျပင္အဆင္အရလည္း တကယ္႔ကို ထိုင္လို႔ေကာင္းပါတယ္။

လိပ္စာ- အမွတ္ ၃၁(က)၊ ကန္ရိပ္သာလမ္း၊ မရမ္းကုန္းၿမိဳ႔နယ္ ၊ ရန္ကုန္ၿမိဳ႕။

၂။ လင္းလင္းထမင္းေၾကာ္

ညဘက္ Nigt Out ထြက္တက္သူေတြအတြက္ေတာ႔ လင္းလင္း ထမင္းေၾကာ္နဲ႔ ရင္းႏွီးျပီးသား ျဖစ္မွာပါ။ လမ္းေဘးဆိုင္ေပမယ္႔ စားသံုးသူေတြ ၾကိတ္ၾကိတ္တိုးအားေပးၾကတဲ႔ ဆိုင္တစ္ဆိုင္ ျဖစ္ပါတယ္။ လင္းလင္းထမင္းေၾကာ္မွာဆိုရင္ ဟင္းအမ်ိဳးအစားေပါင္း (၅၀) နီးပါးကို မွာယူစားသံုးႏိုင္မွာပဲ ျဖစ္ပါတယ္။

လိပ္စာ- ရန္ကင္းကေလးေဆး႐ုံအနီး၊ ကန္ဘဲ့လမ္း၊ ရန္ကင္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

>>>ရန္ကုန္ျမိဳ႕ရဲ႕ အလွကို ခံစားနိုင္မယ္႔ Roof Top Bar ( ၁၀ ) ခု

၃။ ေငြသိန္း (ေကာ္ရည္)

ဒီဆိုင္ကေတာ႔ Down Town ထဲမွာရွိျပီး ညသန္းေခါင္ေတာင္ လူမျပတ္တဲ႔ ဆိုင္တစ္ဆိုင္ ျဖစ္ပါတယ္။ ေငြသိန္း (ေကာ္ရည္) ေကာ္ရည္အမ်ိဳးအစားေပါင္းမ်ားစြာအျပင္ ေအာ႔စြန္းဟာလည္း လူၾကိဳက္မ်ားပါတယ္။ ဒါ့အျပင္ ဆီခ်က္၊ ဝက္ေကာက္ညွင္းနဲ႔ ေအာ္ေကြ႔ၾကည္ စတဲ႔ တရုတ္အစားအစာမ်ိဳးစံုကို ရရွိႏိုင္ပါတယ္။

လိပ္စာ- သံေစ်း (ေအာက္ထပ္)၊ လသာျမိဳ႕နယ္၊ ရန္ကုန္ျမိဳ႕။

၄။ ဦးေရခဲ (မုန္႔ဟင္းခါး)

ဦးေရခဲမုန္႔ဟင္းခါးဟာဆိုရင္ လူတိုင္းနဲ႔ ရင္းႏွီးျပီးသား ဆိုင္တစ္ဆိုင္ျဖစ္ပါတယ္။ ညဘက္ မုန္႔ဟင္းခါး စားခ်င္သူေတြအတြက္ အထူးသင့္ေတာ္ပါတယ္။ ဦးေရခဲ (မုန္႔ဟင္းခါး)မွာဆိုရင္ အေၾကာ္မ်ိဳးစံု၊ အိုးဘဲဥ၊ ငါးဖယ္နဲ႔ ငါးသေလာက္ဥ အစရွိတဲ႔ အရာေတြနဲ႔ တြဲဖက္စားသံုးႏိုင္မွာ ျဖစ္ပါတယ္။

လိပ္စာ- ဦးေရခဲလမ္း၊ ကုလားေက်ာင္းမွတ္တိုင္နဲ႔ ခဝဲၿခံမွတ္တိုင္ၾကား၊ သမိုင္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

၅။ ပြင့္သစ္စမ္း

ပြင့္သစ္စမ္းဟာဆိုရင္ ညဘက္ဗိုက္ဆာတဲ႔သူေတြ၊ Night Out ျပီးအျပန္ တစ္ခုခုစားခ်င္သူေတြအတြက္ ေရြးခ်ယ္စရာ ဆိုင္တစ္ဆိုင္ ျဖစ္ပါတယ္။ ပြင့္သစ္စမ္းမွာဆိုရင္ တရုတ္အစားအစာ၊ ျမန္မာထမင္းဟင္းအျပင္ တျခားေသာ အေၾကာ္အေလွာ္မ်ားစြာ မွာယူစားသံုးႏိုင္မွာ ျဖစ္ပါတယ္။

လိပ္စာ- အမွတ္ ၅၂ဝ/ (A)၊ ကမာၻေအးဘုရားလမ္း၊ ဗဟန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

Psyche (My Yangon)

(Unicode)

ညသန်းခေါင်မှ ဗိုက်ဆာတက်တဲ့ ဇီးကွက်လေးတွေအတွက် ရန်ကုန်မြို့က ညလုံးပေါက်ဖွင့်တဲ့ ဆိုင် (၅)ဆိုင်

ညဘက်မှာ ဗိုက်ဆာပြီး အိမ်မှာလည်း စားစရာမကျန်တော့တဲ့အချိန်က တကယ်ကို အဆင်မပြေလှပါဘူး။

ဗိုက်ဆာဆာနဲ့ အိပ်လိုက်ရတဲ့ ညတွေကလည်း လူူကိုအလိုမကျဖြစ်စေပါတယ်။ ဒါကြောင့် ညဘက်ဗိုက်ဆာလို့ပဲဖြစ်ဖြစ်၊ အိမ်ပြန်နောက်ကျတာကြောင့် အပြင်မှာပဲ တစ်ခါထဲ ဗိုက်ဖြည့်သွားချင်သူတွေအတွက် ရန်ကုန်မြို့မှာ မိုးလင်းပေါက်ဖွင့်တဲ့ ဆိုင်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်နဲ့ အဆင်ပြေမယ့် နီးစပ်ရာဆိုင်လေးတွေကို သွားရောက်မြည်းစမ်းကြည့်ကြဖို့လည်း အကြံပြုလိုက်ပါတယ်နော်...

၁။ မိုးလင်းမိုးချုပ်

မိုးလင်းမိုးချုပ်မှာတော့ မြန်မာအစားအစာတွေကို အဓိကထား စားသုံးနိုင်မှာ ဖြစ်ပါတယ်။ မနက်စာ၊ နေ့လည်စာကိုလည်း ကောင်းကောင်းရနိုင်သလို ည (၉) နာရီနောက်ပိုင်းကစပြီး street food တွေကို ရနိုင်မှာ ဖြစ်ပါတယ်။ ဝက်သားတုတ်ထိုး၊ သင်ပေါင်းပိုး၊ ထမင်းကြော်တို့ကို မနက် (၅) နာရီအထိ မှာယူစားသုံးနိုင်မှာပါ။ ဈေးနူန်းကလည်းသင့်တင့်ပြီး ဆိုင်အပြင်အဆင်အရလည်း တကယ့်ကို ထိုင်လို့ကောင်းပါတယ်။

လိပ်စာ- အမှတ် ၃၁(က)၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

၂။ လင်းလင်းထမင်းကြော်

ညဘက် Nigt Out ထွက်တက်သူတွေအတွက်တော့ လင်းလင်း ထမင်းကြော်နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ လမ်းဘေးဆိုင်ပေမယ့် စားသုံးသူတွေ ကြိတ်ကြိတ်တိုးအားပေးကြတဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ လင်းလင်းထမင်းကြော်မှာဆိုရင် ဟင်းအမျိုးအစားပေါင်း (၅၀) နီးပါးကို မှာယူစားသုံးနိုင်မှာပဲ ဖြစ်ပါတယ်။

လိပ်စာ- ရန်ကင်းကလေးဆေးရုံအနီး၊ ကန်ဘဲ့လမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

၃။ ငွေသိန်း (ကော်ရည်)

ဒီဆိုင်ကတော့ Down Town ထဲမှာရှိပြီး ညသန်းခေါင်တောင် လူမပြတ်တဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ငွေသိန်း (ကော်ရည်) ကော်ရည်အမျိုးအစားပေါင်းများစွာအပြင် အော့စွန်းဟာလည်း လူကြိုက်များပါတယ်။ ဒါ့အပြင် ဆီချက်၊ ဝက်ကောက်ညှင်းနဲ့ အော်ကွေ့ကြည် စတဲ့ တရုတ်အစားအစာမျိုးစုံကို ရရှိနိုင်ပါတယ်။

လိပ်စာ- သံဈေး (အောက်ထပ်)၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

၄။ ဦးရေခဲ (မုန့်ဟင်းခါး)

ဦးရေခဲမုန့်ဟင်းခါးဟာဆိုရင် လူတိုင်းနဲ့ ရင်းနှီးပြီးသား ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ညဘက် မုန့်ဟင်းခါး စားချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ ဦးရေခဲ (မုန့်ဟင်းခါး)မှာဆိုရင် အကြော်မျိုးစုံ၊ အိုးဘဲဥ၊ ငါးဖယ်နဲ့ ငါးသလောက်ဥ အစရှိတဲ့ အရာတွေနဲ့ တွဲဖက်စားသုံးနိုင်မှာ ဖြစ်ပါတယ်။

လိပ်စာ- ဦးရေခဲလမ်း၊ ကုလားကျောင်းမှတ်တိုင်နဲ့ ခဝဲခြံမှတ်တိုင်ကြား၊ သမိုင်းမြို့နယ်၊ ရန်ကုန်မြို့။

၅။ ပွင့်သစ်စမ်း

ပွင့်သစ်စမ်းဟာဆိုရင် ညဘက်ဗိုက်ဆာတဲ့သူတွေ၊ Night Out ပြီးအပြန် တစ်ခုခုစားချင်သူတွေအတွက် ရွေးချယ်စရာ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ပွင့်သစ်စမ်းမှာဆိုရင် တရုတ်အစားအစာ၊ မြန်မာထမင်းဟင်းအပြင် တခြားသော အကြော်အလှော်များစွာ မှာယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။

လိပ်စာ- အမှတ် ၅၂ဝ/ (A)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.