Saturday, 18 January 2020 07:10

chicken-biryani.jpg

ဒီတစ္ပါတ္မွာေတာ႔ အျပင္မွာဝယ္စားေနက် ဒံေပါက္ကို အိိမ္မွာ ဘယ္လိုခ်က္စားရမလည္းဆိုတာကို ေျပာျပေပးမွာပဲ ျဖစ္ပါတယ္။

အိမ္မွာရွိတဲ႔ ဆန္နဲ႔ပဲ အလြယ္တကူ ခ်က္ျပဳတ္ႏိုင္မွာျဖစ္လို႔ စမ္းခ်က္ၾကည္႔ဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။ ပါဝင္ပစၥည္းနဲ႔ ျပဳလုပ္နည္းကို ၾကည္႔လိုက္ၾကရေအာင္...

ပါဝင္​ပစၥည္​းမ်ား

ဆန္​- ၃ဗူး
​ေထာပတ္​- ထမင္​းစားဇြန္​း ၂ ဇြန္​း
ဆား- ထမင္​းစားဇြန္​းဝက္​
သၾကား- ထမင္​းစားဇြန္​းတဝက္​
သစ္​ဂ်ပိုး​ေခါက္​- ၂​ ေခါက္​
ကရ​ေဝးရြက္​- ၂ ရြက္​
ဖာလာ​ေစ့- ၅​ ေစ့
နာနတ္​ပြင္​႔- ၂ ပြင္​့
ဆီ- ထမင္​းစားဇြန္​း ၃ ဇြန္​း

>>>မနက္စာေကာင္းေကာင္းစားသံုးႏိုင္မည္႔ ရန္ကုန္ျမိဳ႕က စားေသာက္ဆိုင္ (၆) ဆိုင္

ၾကက္​သား- ၄၀ သား
ဒိန္​ခ်ဥ္​- ထမင္​းစားဇြန္​း ၂ ဇြန္​း
ၾကက္​သြန္​နီ- ၄ လံုး
ၾကက္​သြန္​ျဖဴ- အမႊာႀကီး ၃ မႊာ
င႐ုပ္​သီး အစိမ္​းမႉန္​႔- လက္​ဖက္​ဇြန္​း ၂ ဇြန္​း
ဒန္​​ေပါက္​မဆလာ- လက္​ဖက္​ဇြန္​း ၁ ဇြန္​းခြဲ
ၾကက္​သြန္​​ေၾကာ္​- ၅ က်ပ္​သား
သီဟိုစံ- ထမင္​းစားဇြန္​း ၃ ဇြန္​း
စပ်စ္​​ေျခာက္​- ထမင္​းစားဇြန္​း ၂ ဇြန္​း
ပဲစိမ္​း- ၁ ဗူး
အေရာင္တင္မႈန္႔- အနည္းငယ္

ၾကက္သားခ်က္္ျပဳတ္နည္း

ၾကက္​သားကို​ ေဆး​ေၾကာသန္​႔စင္​ၿပီး ဒိန္​ခ်ဥ္​၊ ဆား၊ ဟင္​းခတ္​ အရသာမႈန္႔တို႔နဲ႔နယ္​ကာ တစ္​နာရီခန္​႔ႏွပ္​ထားပါ။ ၿပီးရင္ င႐ုပ္​သီးအစိမ္​းမႉန္​႔၊ မဆလာ၊ ၾကက္​သြန္​ျဖဴ၊ ၾကက္သြန္နီတို႔ကို ေထာင္​းျပီး ဆီသပ္ပါ။

ဆီသပ္ျပီးေနာက္ ႏွပ္​ထားတဲ့အသားမ်ားကို ထည္​့ပါ။ အသားမ်ားတင္​းပါလာက ၾကက္​သြန္​​ေၾကာ္​ထည္​့ပါ။ ​ေရခမ္းဆီျပန္​လာတဲ႔​အထိ မီး​ေအး​ေအးနဲ႔ က်က္​ေအာင္ခ်က္​ၿပီး မီးပိတ္​ပါ။

>>>ေထာပတ္နံ႔သင္းသင္းေလးနဲ႔ အရသာရွိစြာသံုးေဆာင္ႏိုင္မယ္႔ အိမ္ခ်က္ေထာပတ္ထမင္း

ဒံေပါက္ခ်က္နည္း

ဒံေပါက္ခ်က္ဖို႔ဆန္ကိုေတာ႔ ေရႊဘိုဆန္နဲ႔ ခ်က္ပါမယ္။ ဆန္​ ၃ဗူးကို ​ေရ​ေဆးၿပီး ဇကာနဲ႔စစ္​ထားပါ။ ေရသန္​႔ ၄ လီတာ​ေလာက္ကို ​ပြက္​ပြက္​ဆူ​ေအာင္​တည္​ထားပါ။
ပြက္​ပြက္​ဆူ​ေနတဲ့​ေရထဲကို ကရ​ေဝးရြက္​၊ သစ္​ဂ်ပိုး​ေခါက္​၊ ဖာလာ​ေစ့၊ နာနတ္​ပြင္​႔၊ ဆား၊ သၾကား၊ ဆီတို႔ထည္​့ပါ။ ၿပီးရင္ ဆန္​ထည္​့ျပဳတ္​ပါ။

ဆန္​​ေစ့မ်ား က်က္​ခါနီး ခပ္​႐ွည္​႐ွည္​​ေလး​ေတြျဖစ္​လာၿပီဆိုရင္​​ မီးပိတ္​ၿပီး ဇကာထဲ​ေလာင္​းထည္​့ကာ ေရစစ္​ထားပါ။ ေထာပတ္​ကိုအပူ​ေပးျပီး ​ေရစစ္​ထား​တဲ႔ထမင္​းနဲ႔ သမ​ေအာင္​ ေယာင္း​မျဖင္​့ အ​ေပၚ​ေအာက္  ​အသာအယာ​ေမႊ​ေပးပါ။

သီဟိုစံကို ​ေၾကာ္​ၿပီးဆယ္​ယူထားပါ။ ဒံေပါက္​ထမင္​း​ေဖါက္​မယ္႔ အိုးထဲကို ထမင္းတဝက္ခန္႔ ျဖန္႔ခင္းထားပါ။ ထမင္းအေပၚကေန ခ်က္ျပီးသား ၾကက္သားဟင္းကိုထည္႔ပါ။ ျပီးရင္ ၾကက္သြန္ေၾကာ္ျဖဴးပါ။ အေပၚကေန ထမင္းတစ္ထပ္ ျပန္အုပ္ေပးပါ။

အဲ႔ဒီထမင္းေပၚကို စပ်စ္ေျခာက္၊ သီဟိုေစ႔၊ ပဲစိမ္းကို ျဖန္႔ခင္းျပီး မီးေအးေအးျဖင့္ မိနစ္ ၄၀ ခန္႔ ႏွပ္ထားပါ။ ျပီးရင္ေတာ႔ အလြန္အရသာရွိတဲ႔ ဒံေပါက္ထမင္းရပါျပီ။ ခ်က္ျပီးသား ဒံေပါက္ထမင္းကို ခ်ဥ္ေပါင္ဟင္း၊ ဘာလေခ်ာင္ေၾကာ္၊ သရက္သီးသနပ္ စသည္တို႔နဲ႔ တြဲဖက္ကာ အရသာရွိစြာ စားသံုးႏိုင္ပါျပီ။

My Yangon 

Ref; Thida Lay Cooking

(Unicode)

အနံ့အရသာနဲ့ ပြီးပြည့်စုံတဲ့ အိမ်ချက်ဒံပေါက်ထမင်း ပြုလုပ်နည်း

ဒီတစ်ပါတ်မှာတော့ အပြင်မှာဝယ်စားနေကျ ဒံပေါက်ကို အိမ်မှာ ဘယ်လိုချက်စားရမလည်းဆိုတာကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။

အိမ်မှာရှိတဲ့ ဆန်နဲ့ပဲ အလွယ်တကူ ချက်ပြုတ်နိုင်မှာဖြစ်လို့ စမ်းချက်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ပါဝင်ပစ္စည်းနဲ့ ပြုလုပ်နည်းကို ကြည့်လိုက်ကြရအောင်...

ပါဝင်ပစ္စည်းများ

ဆန်- ၃ဗူး
ထောပတ်- ထမင်းစားဇွန်း ၂ ဇွန်း
ဆား- ထမင်းစားဇွန်းဝက်
သကြား- ထမင်းစားဇွန်းတဝက်
သစ်ဂျပိုးခေါက်- ၂ ခေါက်
ကရဝေးရွက်- ၂ ရွက်
ဖာလာစေ့- ၅ စေ့
နာနတ်ပွင့်- ၂ ပွင့်
ဆီ- ထမင်းစားဇွန်း ၃ ဇွန်း
ကြက်သား- ၄၀ သား
ဒိန်ချဉ်- ထမင်းစားဇွန်း ၂ ဇွန်း
ကြက်သွန်နီ- ၄ လုံး
ကြက်သွန်ဖြူ- အမွှာကြီး ၃ မွှာ
ငရုပ်သီး အစိမ်းမှူန့်- လက်ဖက်ဇွန်း ၂ ဇွန်း
ဒန်ပေါက်မဆလာ- လက်ဖက်ဇွန်း ၁ ဇွန်းခွဲ
ကြက်သွန်ကြော်- ၅ ကျပ်သား
သီဟိုစံ- ထမင်းစားဇွန်း ၃ ဇွန်း
စပျစ်ခြောက်- ထမင်းစားဇွန်း ၂ ဇွန်း
ပဲစိမ်း- ၁ ဗူး
အရောင်တင်မှုန့်- အနည်းငယ်

ကြက်သားချက်ပြုတ်နည်း

ကြက်သားကို ဆေးကြောသန့်စင်ပြီး ဒိန်ချဉ်၊ ဆား၊ ဟင်းခတ် အရသာမှုန့်တို့နဲ့နယ်ကာ တစ်နာရီခန့်နှပ်ထားပါ။ ပြီးရင် ငရုပ်သီးအစိမ်းမှူန့်၊ မဆလာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်းပြီး ဆီသပ်ပါ။

ဆီသပ်ပြီးနောက် နှပ်ထားတဲ့အသားများကို ထည့်ပါ။ အသားများတင်းပါလာက ကြက်သွန်ကြော်ထည့်ပါ။ ရေခမ်းဆီပြန်လာတဲ့အထိ မီးအေးအေးနဲ့ ကျက်အောင်ချက်ပြီး မီးပိတ်ပါ။

ဒံပေါက်ချက်နည်း

ဒံပေါက်ချက်ဖို့ဆန်ကိုတော့ ရွှေဘိုဆန်နဲ့ ချက်ပါမယ်။ ဆန် ၃ဗူးကို ရေဆေးပြီး ဇကာနဲ့စစ်ထားပါ။ ရေသန့် ၄ လီတာလောက်ကို ပွက်ပွက်ဆူအောင်တည်ထားပါ။
ပွက်ပွက်ဆူနေတဲ့ရေထဲကို ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ ဖာလာစေ့၊ နာနတ်ပွင့်၊ ဆား၊ သကြား၊ ဆီတို့ထည့်ပါ။ ပြီးရင် ဆန်ထည့်ပြုတ်ပါ။

ဆန်စေ့များ ကျက်ခါနီး ခပ်ရှည်ရှည်လေးတွေဖြစ်လာပြီဆိုရင် မီးပိတ်ပြီး ဇကာထဲလောင်းထည့်ကာ ရေစစ်ထားပါ။ ထောပတ်ကိုအပူပေးပြီး ရေစစ်ထားတဲ့ထမင်းနဲ့ သမအောင် ယောင်းမဖြင့် အပေါ်အောက် အသာအယာမွှေပေးပါ။

သီဟိုစံကို ကြော်ပြီးဆယ်ယူထားပါ။ ဒံပေါက်ထမင်းဖေါက်မယ့် အိုးထဲကို ထမင်းတဝက်ခန့် ဖြန့်ခင်းထားပါ။ ထမင်းအပေါ်ကနေ ချက်ပြီးသား ကြက်သားဟင်းကိုထည့်ပါ။ ပြီးရင် ကြက်သွန်ကြော်ဖြူးပါ။ အပေါ်ကနေ ထမင်းတစ်ထပ် ပြန်အုပ်ပေးပါ။

အဲ့ဒီထမင်းပေါ်ကို စပျစ်ခြောက်၊ သီဟိုစေ့၊ ပဲစိမ်းကို ဖြန့်ခင်းပြီး မီးအေးအေးဖြင့် မိနစ် ၄၀ ခန့် နှပ်ထားပါ။ ပြီးရင်တော့ အလွန်အရသာရှိတဲ့ ဒံပေါက်ထမင်းရပါပြီ။ ချက်ပြီးသား ဒံပေါက်ထမင်းကို ချဉ်ပေါင်ဟင်း၊ ဘာလချောင်ကြော်၊ သရက်သီးသနပ် စသည်တို့နဲ့ တွဲဖက်ကာ အရသာရှိစွာ စားသုံးနိုင်ပါပြီ။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.