Thursday, 17 October 2019 08:11

indian-food-cover.jpg

အစားအသောက်ဆိုတာ တစ်နေ့တာမှာ မရှိမဖြစ်အရေးပါသလို တစ်ယောက်တစ်မျိုး အကြိုက်မတူနိုင်ကြပါဘူး။

အဲ့ဒီထဲမှာမှ အိန္ဒိယအစားအစာတွေကို ကြိုက်နှစ်သက်ကြသူတွေအတွက် ရန်ကုန်မြို့က အကောင်းဆုံး အိန္ဒိယ စားသောက်ဆိုင် (၆) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

The Marina Indian Restaurant

The Marina စားသောက်ဆိုင်က Home Made အိန္ဒိယအစားအစာတွေကို အရသာမပျက်စားသုံးနိုင်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်အပြင်ဆင် ခေတ်မှီစတိုင်ကျလှပပြီး ကျယ်ဝန်းကာ သန့် ရှင်းသပ်ရပ်မှု၊ ၀န်ဆောင်မှုလည်း ကောင်းမွန်ပါတယ်။

အိန္ဒိယအစားအစာအပြင် တရုတ်အစားအစာ နှင့် ထိုင်းအစားအစာများကိုလည်း ရရှိနိုင်ပါတယ်။ စားသောက်ခန်းမ မှာ ဧည့်သည် ၁၆၀ ခန့် စားသုံးနိုင်ပြီး သီးသန့် ခန်း ၅ ခန်းပါရှိတာကြောင့် Business Dining များ၊ မိသားစုစားပွဲများ ၊ အဖွဲ့ လိုက်ပါတီများနှင့် မွေးနေ့ပါတီများကိုလည်း သီးသန့် ပြုလုပ်နိုင်ပါတယ်။

ဆိုင်ဖွင့်ချိန် - မနက် ၆ နာရီခွဲကနေ ည ၁၀ နာရီခွဲ
နေရာ - အမှတ် ၆၃၊ တော်ဝင်လမ်း၊ ဒဂုံမြို့ နယ်။

>>>ရန်ကုန်မြို့က အကောင်းဆုံး ရိုးရာစားသောက်ဆိုင် (၅) ဆိုင်

Indian Tadka

India Tadka မှာ ဆိုင်အပြင်ဆင်သန့် ရှင်းသပ်ရပ်ပြီး ဆိတ်ငြိမ်သော ပတ်ဝန်းကျင်၊ လေကောင်းလေသန့်လည်း ရရှိနိုင်ပြီး ဧည့်သည် ၁၀၀ ခန့် စားသုံးနိုင်တဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။

အိန္ဒိယ အစားအစာအပြင် တရုတ်အစားအစာ အနည်းငယ် နှင့် မြန်မာ အစားအစာ များကိုလည်း ရရှိနိုင်ပါတယ်။ သောက်စရာအတွက် လက်ဖက်ရည်၊ အရက် ၊ ဘီယာ ၊ ၀ိုင် ၊ သစ်သီးဖျော်ရည်များနဲ့ Refreshment Juice လည်း ရနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန် - နေ့လည် ၁၁ နာရီကနေ ည ၁၁ နာရီ
နေရာ - အမှတ် (၇/A)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ ၊ မရမ်းကုန်းမြို့ နယ်။

Vedge Indian Restaurant & Bar

Vedge Indian bistro & Restaurant ဆိုင်က သတ်သတ်လွှတ်စားသုံးသူတွေအတွက် အထူးသင့်လျော်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ အိန္ဒိယ အစားအစာ၊ သတ်သတ်လွတ် အစားအစာ၊ အချိုပွဲ၊ ဒံပေါက်၊ ဟင်းပွဲ၊ ဒိုဆာအပြင် ယမကာနဲ့ သစ်သီးဖျော်ရည်တွေကို ရရှိနိုင်မှာဖြစ်ပါသည် ။

ကျွမ်းကျင်တဲ့ စားဖိုမှုးများရဲ့ ချက်ပြုတ်မှုတွေကြောင့် အရသာမှာ အများနင့်မတူပဲ အလွန်ထူးခြားကောင်းမွန်သော စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီကနေ ည ၁၁ နာရီ
နေရာ - အမှတ် (၁၅၈)၊ မဟာဗဒ္ဓုလလမ်း၊ ပန်းဆိုးတန်း၊ ကျောက်တံတားမြို့နယ်။

>>>ကိုရီးယားအစားအစာ ကောင်းကောင်း ရရှိနိုင်မယ့် ဆိုင်များ

Corriander Leaf: Restropub

Corriander Leaf: Restropub ဆိုင်မှာ အိန္ဒိယ အစားအစာအပြင် တရုတ်အစားအစာ ၊ အီတလီအစားအစာတို့ကိုလည်း ရရှိနိုင်ပြီး သောက်စရာ အတွက် အရက် ၊ ဘီယာ ၊ ၀ိုင် နှင့် Soft Drink များကိုလည်း ရရှိနိုင်ပါတယ်။ အိန္ဒိယ တောင်ပိုင်းအစားအစာ နှင့် မြောက်ပိုင်းအစားအစာတွေက ဆိုင်ရဲ့ အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံး အစားအစာဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန် - နေ့လည် ၁၁ နာရီကနေ ည ၁၁ နာရီ
နေရာ - အမှတ် (၃၁၂/A)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်။

>>>ရန်ကုန်မြို့က ချစ်တီးထမင်းဆိုင်ကောင်းကောင်းများ

Bawarchi Restaurant

Bawarchi Restaurant ဆိုင်က အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာ ဆိုင်ခွဲတွေဖွင့်လှစ်ထားတဲ့ နာမည်ရဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ အိန္ဒိယအစားစာအပြင် ထမင်းနဲ့ဟင်းလျာ၊ ဒံပေါက်၊ ဒိုဆာ၊ အသုပ်၊ သစ်သီးဖျော်ရည် တို့လည်း ရနိုင်ပါတယ်။ စားဖိုမှုးက အိန္ဒိယလူမျိုး ဖြစ်တာကြောင့် အိန္ဒိယအရသာစစ်စစ်ကို သုံးဆောင်နိုင်မှာပါ။

ဆိုင်ဖွင့်ချိန် - နေ့လည် ၁၁ နာရီကနေ ည ၁၁ နာရီ
နေရာ - အမှတ် (၃၇)၊ လပြည့်ဝန်းကွန်ဒို၊ Building A ( Level - 1, Room No. B1,B2,B3 )၊ အလံပြဘုရားလမ်း၊ ဗဟန်းမြို့နယ်။

The Taj Restaurant

The Taj Restaurant က သူငယ်ချင်းတွေ ၊ မိသားစုတွေ နဲ့ အတူတူ အနားယူ အပန်းဖြေ လို့ကောင်းတဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ အိန္ဒိယအစားအစာအပြင် စမူဆာ၊ အရွက်ကြော်၊ ပါပလာကြော်၊ ရိုးရာဒိန်ချဉ် နဲ့ ဒိန်ချဉ် အမျိုးမျိုး၊ ဟင်းချိုများ၊ ကြက်ကင်၊ ဆိတ်သားကင်၊ ပုဇွန်ကင်၊ ဟင်း အမျိုးမျိုး၊ ဒံပေါက် အမျိုးအစား ပေါင်းစုံ၊ အချိုပွဲများ နှင့် နံပြား အမျိုးမျိုး တို့ကို ရရှိနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန် - နေ့လည် ၁၁ နာရီကနေ ည ၁၀ နာရီ
နေရာ - အမှတ် (B-9)၊ အထက်ပန်းဆိုးတန်းလမ်း၊ အောင်ဆန်းကွင်းနား၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

Psyche


Read times Last modified on Thursday, 17 October 2019 11:05
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.