Thursday, 10 October 2019 07:51

MK6DwY0Q9hBk9gbLp3aV.jpg

အရသာရှိလှတဲ့ လက်ဖက်ကြက်ဥကို အိမ်မှာလုပ်စားချင်သူတွေအတွက် လွယ်ကူပြီး အချိန်ကုန်သက်သာတဲ့ လက်ဖက်ကြက်ဥပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ကြက်ဥ (၁၀) လုံးစာအတွက် ပါဝင်ပစ္စည်းများ -

-ကြက်ဥ၁၀လုံး
-လက်ဖက်ခြောက် ထမင်းစားဇွန်း ၂ဇွန်း
-နာနတ်ပွင့် ၄ပွင့်
-ကရဝေးရွက် ၂ရွက်
-ဂျင်း ၂ပြား
-သစ်ဂျပိုးခေါက် ၁ခု
-ငရုပ်သီးအနီခြောက် ၂တောင့်
-ဟွားကြောင်း (မာလဟင်းထဲက လျှာထုံ) (မရှိလျှင်ငရုပ်ကောင်းလှော်မှုန့်ထည့်) လက်ဖက်ရည်ဇွန်း ၂ဇွန်း
-သကြား ထမင်းစားဇွန်း ၁ဇွန်း
-ပန်းကန်လုံးမှာ ပဲငံပြာရည် အကြည် ၁ပုံ အနောက်၃ပုံရော

ပြုလုပ်နည်း ကြက်ဥကို ၁၀မိနစ်ပြုတ်ပါ။ ပြီးရင် အအေးခံပြီး ဇွန်းနဲ့ အခွံကို အက်အောင် အသာလေးရိုက်ကာ ပြုတ်မဲ့အိုးမှာ ရေ(ကြက်ဥနစ်သလောက်) အစာပလာတွေနဲ့ ကြက်ဥကိုရောပြီး ပြုတ်ပါ။ ရေဆူလာရင် မီးအေးအေးနဲ့ မိနစ်၃၀ပြုတ်ပါ။ ပြီးရင်တော့ အနံ့အရသာပြည့်စုံတဲ့ လက်ဖက်ကြက်ဥကို စားလို့ရပါပြီ။

အရသာပိုကောင်းချင်ရင် ရေခဲသေတ္တာမှာ ၁ ည ပြုတ်ရည်နဲ့စိမ်ထားပါ ၂ညလောက်ဆိုပိုပြီးကောင်းပါတယ် အရသာက အထဲထိပိုဝင်ပါတယ်

အေးနေတဲ့ကြက်ဥကိုသူ့အရည်နဲ့ ပူအောင် ပြန်ပြုတ်ပြီးပူပူလေးစားလို့ရသလို အေးအေးလေးစားရင်လည်း အဆင်ပြေပါတယ်။ ကြက်ဥ၊ ဘဲဥသာမက ကြက်သား၊ ဘဲသား၊ ဝက်သား၊ ပဲပြားတို့ကိုလည်း ဒီနည်းအတိုင်း ပြုတ်စားနိုင်ပါတယ်။

Credit to Aung Kyaw Myint


Read times Last modified on Thursday, 10 October 2019 08:52
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.