Thursday, 03 October 2019 06:36

shutterstock_672743947.jpg

ၾကက္သားကို ေၾကာ္စား၊ ခ်က္စားရတာ ရိုးလာျပီဆိုရင္ ၾကက္ေျခေထာက္ခ်ဥ္စပ္ဟင္းကို ခ်က္စားၾကည္႔ဖို႔ အၾကံျပဳခ်င္ပါတယ္။

ခ်ဥ္ခ်ဥ္စပ္စပ္ အရသာမွ ၾကိဳက္ႏွစ္သက္တယ္ဆိုတဲ႔ သူေတြအတြက္ အၾကိဳက္ေတြ႔ေစမွာပါ။

ပါဝင္ပစၥည္းမ်ာက

ၾကက္ေျခေထာက္ ( ၂၅ က်ပ္သားခန႔္)
ကိုရီးယား င႐ုတ္အႏွစ္ (ဗူးေသး ၁ ဗူး)
ၾကက္သြႏ္ုျဖဴ ( ရွမ္းတက္ ၅ မႊာခန႔္)
ၾကက္သြန္နီ (၂ လုံး)
ၾကက္သြန္ၿမိတ္
ကရေဝး႐ြက္ (၂ ႐ြက္)
ရွာလကာရည္ (အနည္းငယ္)
နႏြင္းမႈန႔္ ( ထမင္းစားဇြန္း ၁ ဇြန္းခန႔္)
ဂ်င္း ( အနည္းငယ္)
ႏွမ္း (အနည္းငယ္)
ခ႐ုဆီ ( အနည္းငယ္)

>>>ၾကြပ္ၾကြပ္ရြရြနဲ႔ အရသာရွိရွိစားႏိုင္မယ္႔ အပ္မႈိေၾကာ္

ခ်က္ျပဳတ္နည္း အဆင့္ဆင့္

ၾကက္ေျခေထာက္မ်ားကို ေရေဆးသန္႔စင္ၿပီးရင္ ၾကက္သြန္နီ (၂ ျခမ္း) ၊ ကရေဝး႐ြက္ (၂)႐ြက္ခန႔္၊ ရွာလကာရည္ ထည့္္၍ ႏူးအိသြားသည္အထိျပဳတ္ေပးပါ။
င႐ုတ္အႏွစ္ထဲကို ဂ်င္း၊ နႏြင္းမႈန႔္၊ ၾကက္သြန္ျဖဴ (ႏုတ္ႏုတ္စင္းထားပါ)၊ ခ႐ုဆီတို႔ကို ေရာထည့္ၿပီး သမေအာင္ေမႊေပးပါ။ ၾကက္ေျခေထာက္မ်ားကို ဆယ္ထားပါ။

>>>ရန္ကုန္ျမိဳ႕က အေကာင္းဆံုး ရိုးရာစားေသာက္ဆိုင္ (၅) ဆိုင္

ၿပီးရင္ ႏူးအိေအာင္ျပဳတ္ထားတဲ႔ ၾကက္ေျခေထာက္မ်ားနဲ႔ င႐ုပ္အႏွစ္ကို ေရာနယ္ၿပီး (၁၅) မိနစ္ခန႔္ ႏွပ္ထားေပးပါ။
ပါးပါးလွီးထားတဲ႔ ၾကက္သြန္နီနဲ႔ ၾကက္သြန္ၿမိတ္တို႔ကိုေရာၿပီး ဆီသက္ေပးပါ။
ၾကက္သြန္ေတြႏြမ္းလာရင္ ႏွပ္ထားတဲ႔ ၾကက္ေျခေထာက္ေတြကို (၅) မိနစ္ခန႔္ ေရာေၾကာ္ေပးပါ။
ေနာက္ဆုံးမွာအေပၚကေန ႏွမ္းအနည္းငယ္ျဖဳးၿပီးရင္ အရသာရွိတဲ႔ကိုရီးယားၾကက္ေျခေထာက္ အစပ္ေၾကာ္ကို စားသံုးႏိုင္ပါျပီ။

Source Doemal

(Unicode )

ကြက်သားကို ကြော်စား၊ ချက်စားရတာ ရိုးလာပြီဆိုရင် ကြက်ခြေထောက်ချဉ်စပ်ဟင်းကို ချက်စားကြည့်ဖို့ အကြံပြုချင်ပါတယ်။

ချဉ်ချဉ်စပ်စပ် အရသာမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့ သူတွေအတွက် အကြိုက်တွေ့စေမှာပါ။

ပါဝင်ပစ္စည်းမျာက

ကြက်ခြေထောက် ( ၂၅ ကျပ်သားခန့်)
ကိုရီးယား ငရုတ်အနှစ် (ဗူးသေး ၁ ဗူး)
ကြက်သွန်ုဖြူ ( ရှမ်းတက် ၅ မွှာခန့်)
ကြက်သွန်နီ (၂ လုံး)
ကြက်သွန်မြိတ်
ကရဝေးရွက် (၂ ရွက်)
ရှာလကာရည် (အနည်းငယ်)
နနွင်းမှုန့် ( ထမင်းစားဇွန်း ၁ ဇွန်းခန့်)
ဂျင်း ( အနည်းငယ်)
နှမ်း (အနည်းငယ်)
ခရုဆီ ( အနည်းငယ်)

>>>ကြွပ်ကြွပ်ရွရွနဲ့ အရသာရှိရှိစားနိုင်မယ့် အပ်မှိုကြော်

ချက်ပြုတ်နည်း အဆင့်ဆင့်

ကြက်ခြေထောက်များကို ရေဆေးသန့်စင်ပြီးရင် ကြက်သွန်နီ (၂ ခြမ်း) ၊ ကရဝေးရွက် (၂)ရွက်ခန့်၊ ရှာလကာရည် ထည့်၍ နူးအိသွားသည်အထိပြုတ်ပေးပါ။
ငရုတ်အနှစ်ထဲကို ဂျင်း၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ)၊ ခရုဆီတို့ကို ရောထည့်ပြီး သမအောင်မွှေပေးပါ။ ကြက်ခြေထောက်များကို ဆယ်ထားပါ။

>>>ရန်ကုန်မြို့က အကောင်းဆုံး ရိုးရာစားသောက်ဆိုင် (၅) ဆိုင်

ပြီးရင် နူးအိအောင်ပြုတ်ထားတဲ့ ကြက်ခြေထောက်များနဲ့ ငရုပ်အနှစ်ကို ရောနယ်ပြီး (၁၅) မိနစ်ခန့် နှပ်ထားပေးပါ။
ပါးပါးလှီးထားတဲ့ ကြက်သွန်နီနဲ့ ကြက်သွန်မြိတ်တို့ကိုရောပြီး ဆီသက်ပေးပါ။
ကြက်သွန်တွေနွမ်းလာရင် နှပ်ထားတဲ့ ကြက်ခြေထောက်တွေကို (၅) မိနစ်ခန့် ရောကြော်ပေးပါ။
နောက်ဆုံးမှာအပေါ်ကနေ နှမ်းအနည်းငယ်ဖြုးပြီးရင် အရသာရှိတဲ့ကိုရီးယားကြက်ခြေထောက် အစပ်ကြော်ကို စားသုံးနိုင်ပါပြီ။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.