Wednesday, 02 October 2019 07:03

shan-kachin-mon-kayin.jpg

ရိုးရာအစားအေသာက္ေတြ၊ ေဒသထြက္စာေတြကိုမွ စားခ်င္တဲ႔သူေတြအတြက္ ခရီးေဝးသြားစရာ မလိုေတာ႔ပါဘူး။

အခုဆိုရင္ ရိုးရာစားေသာက္ဆိုင္ေတြဟာ ရန္ကုန္ျမိဳ႕မွာ အမ်ားအျပားရွိလာခဲ႔ပါျပီ။ အဲ႔ဒီထဲမွာမွ ရန္ကုန္ၿမဳိ႕မွာ အလြယ္တကူသြားေရာက္စားေသာက္ႏို္င္ျပီး မတူညီတဲ့ အရသာေတြခံစားႏိုင္မယ္႔ အေကာင္းဆုံးတုိင္းရင္းသား ရုိးရာစားေသာက္ဆုိင္(၅) ဆိုင္ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ရွမ္းစားေသာက္ဆုိင္-ရွမ္းရိုးရာ

ပထမဆံုးမိတ္ဆက္ေပးခ်င္တာက ဆုိင္အျပင္ဆင္ကို ရွမ္းရုိးရာ အိမ္ပုံစံေဆာက္လုပ္ထားတဲ႔ ရွမ္းရိုးရာ စားေသာက္ဆိုင္ျဖစ္ပါတယ္။ မနက္စာေရာ၊ အခ်ဳိပြဲေတြေရာ မ်ဳိးစုံရႏုိင္တဲ့ ရွမ္းစားေသာက္ဆုိင္ပါ။

ရွမ္းရိုးရာဆုိင္ကို ၀ါးတန္လမ္းအေပၚဘေလာက္၊ လမ္းမေတာ္ၿမဳိ႕နယ္မွာ ဖြင့္လွစ္ထားပါတယ္။
ဆုိုင္ဖြင့္ခ်ိန္က ေန႔စဥ္ မနက္ ၁၀နာရီကေန ည ၁၀ နာရီ အထိပါ။

၂။ ရခုိင္စားေသာက္ဆုိင္-မငး္လမ္း

ရခိုင္စားေသာက္ဆိုင္လို႔ ေျပာလိုက္ရင္ မင္းလမ္းမုန္႕တီကို ေျပးျမင္မိၾကမွာပါ။ ရခုိင္အစားစာေတြအျပင္၊ ပင္လယ္စာနဲ႕ ျမန္မာရုိးရာမုန္႕ေတြပါရႏုိင္တဲ့ နာမည္ႀကီးစားေသာက္ဆုိင္ျဖစ္ပါတယ္။ 

မင္းလမ္းစားေသာက္ဆုိင္ကုိ အင္းယား ကန္ေဘာင္၊ စမ္းေခ်ာင္း၊ ေက်ာက္ေျမာင္းနဲ႔ ပါရမီတုိ႕အျပင္ဆုိင္ခြဲအမ်ားျပားဖြင့္လွစ္ထားပါတယ္။
ဆုိင္ဖြင့္ခ်ိန္က ေန႔စဥ္ မနက္ ၁၀ နာရီကေန ည ၁၀ နာရီပါ။

၃။ ကခ်င္-Sha Yi

ကခ်င္အစားအစာမွ စားခ်င္တဲ႔သူေတြအတြက္ Sha Yi ဆုိတဲ့ ကခ်င္စားေသာက္ဆုိင္နဲ႕ မိတ္ဆက္ေပးခ်င္ပါတယ္။က်န္းမာေရးကုိ အဓိကထားၿပီး ခ်က္ျပဳတ္ထားတဲ့ ဆီအနည္းငယ္သာပါ၀င္တဲ့ ကခ်င္ရုိးရာဟင္းလ်ာေပါင္း (၅၀) နီးပါးေလာက္ရပါတယ္။ ကခ်င္အစားစား ေတြအမ်ားႀကီးထဲကမွ ကခ်င္ဒံေပါက္ကလည္း ဆုိင္ရဲ႕နာမည္ႀကီးဟင္းလ်ာ ျဖစ္ပါတယ္။ ထူးျခားတဲ့ ကခ်င္စပီလုိ႕ေခၚတဲ့ ေခါင္ရည္ကုိလည္း ျမည္းစမ္းႏုိင္မွာပါ။


လိပ္စာက လမ္း ၅၀ နဲ႕ ၅၁ လမ္းအၾကား၊ ပုဇြန္ေတာင္ၿမဳိ႕နယ္မွာ ျဖစ္ပါတယ္။
ဆိုင္ဖြင့္ခ်ိန္က တနလၤာေန႔ကေန စေနေန႔အထိ ေန႔လည္ ၁၁နာရီကေန ည ၁၁နာရီအထိ ဖြင့္လွစ္ထားျပီး တနဂၤေႏြေန႔မွာ ေန႔ခင္း ၃နာရီကေန ည ၁၁ နာရီအထိ ဖြင့္ထားပါတယ္။


၄။ မြန္စားေသာက္ဆုိင္-JANA Mon

မြန္ရုိးရာအစားအစာ ၾကိဳက္ႏွစ္သက္တဲ့သူေတြအတြက္ JANA Mon က ရန္ကုန္ၿမဳိ႕က အေကာင္းဆုံး မြန္စားေသာက္ဆုိင္ပါ။ သႀကၤန္ထမင္း၊ ေမာ္လၿမဳိင္မုန္႕ဟင္းခါး၊ ငါးမရမ္းျပားခ်ဥ္စပ္တုိ႕က နာမည္ႀကီးၿပီး အျခား အသုတ္မ်ဳိးစုံနဲ႕ ရုိးရာ မုန္႕မ်ဳိးစုံကုိလည္းရႏုိင္ပါတယ္။


JANA Mon စားေသာက္ဆိုင္ကို နႏၵ၀န္လမ္း၊ ဗဟန္းၿမဳိ႕နယ္မွာ ဖြင့္လွစ္ထားပါတယ္။
ဆုိင္ဖြင့္ခ်ိန္က ေန႔စဥ္ မနက္ ၁၀ နာရီကေန ည ၉ နာရီအထိပါ။


၅။ ၀ ရုိးရာစားေသာက္ဆုိင္-Root

၀ အစားေသာက္ေတြစားဖုိ႕ ၀ျပည္နယ္အထိ သြားဖုိ႕မလုိေတာ့ပါဘူး။ ၀ရုိးရာစစ္စစ္ အစားေသာက္ေတြစားခ်င္တယ္ဆိုရင္ Root စားေသာက္ဆုိင္ကုိ မိတ္ဆက္ေပးခ်င္ပါတယ္။ ၀စတုိင္ဆန္ျပဳတ္၊ အမဲလွ်ာကင္၊ အသုတ္ စသျဖင့္ ၀ရုိးရာခ်တ္ျပဳတ္နည္းနဲ႕ခ်က္ျပဳတ္ထားတဲ့ အစားေသာက္ေတြရႏုိင္ပါတယ္။ ေသာက္စရာအတြက္ ၀ရုိးရာေခါင္ရည္ စစ္ကုိ ျမည္းဖုိ႕အၾကံျပဳပါတယ္။

Root စားေသာက္ဆုိင္ကုိ ရန္ကုန္ၿမဳိ႕၊ ဗုိလ္ျမတ္ထြန္းလမ္းမွာ ဖြင့္လွစ္ထားပါတယ္။
ဆုိင္ဖြင့္ခ်ိန္က ေန႔စဥ္ မနက္ ၁၁နာရီကေန ည ၁၁နာရီအထိပါ။

(Unicode)

ရိုးရာအစားအသောက်တွေ၊ ဒေသထွက်စာတွေကိုမှ စားချင်တဲ့သူတွေအတွက် ခရီးဝေးသွားစရာ မလိုတော့ပါဘူး။

အခုဆိုရင် ရိုးရာစားသောက်ဆိုင်တွေဟာ ရန်ကုန်မြို့မှာ အများအပြားရှိလာခဲ့ပါပြီ။ အဲ့ဒီထဲမှာမှ ရန်ကုန်မြို့မှာ အလွယ်တကူသွားရောက်စားသောက်နိုင်ပြီး မတူညီတဲ့ အရသာတွေခံစားနိုင်မယ့် အကောင်းဆုံးတိုင်းရင်းသား ရိုးရာစားသောက်ဆိုင်(၅) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရှမ်းစားသောက်ဆိုင်-ရှမ်းရိုးရာ

ပထမဆုံးမိတ်ဆက်ပေးချင်တာက ဆိုင်အပြင်ဆင်ကို ရှမ်းရိုးရာ အိမ်ပုံစံဆောက်လုပ်ထားတဲ့ ရှမ်းရိုးရာ စားသောက်ဆိုင်ဖြစ်ပါတယ်။ မနက်စာရော၊ အချိုပွဲတွေရော မျိုးစုံရနိုင်တဲ့ ရှမ်းစားသောက်ဆိုင်ပါ။

ရှမ်းရိုးရာဆိုင်ကို ဝါးတန်လမ်းအပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။
ဆိုင်ဖွင့်ချိန်က နေ့စဉ် မနက် ၁၀နာရီကနေ ည ၁၀ နာရီ အထိပါ။

၂။ ရခိုင်စားသောက်ဆိုင်-မင်းလမ်း

ရခိုင်စားသောက်ဆိုင်လို့ ပြောလိုက်ရင် မင်းလမ်းမုန့်တီကို ပြေးမြင်မိကြမှာပါ။ ရခိုင်အစားစာတွေအပြင်၊ ပင်လယ်စာနဲ့ မြန်မာရိုးရာမုန့်တွေပါရနိုင်တဲ့ နာမည်ကြီးစားသောက်ဆိုင်ဖြစ်ပါတယ်။

မင်းလမ်းစားသောက်ဆိုင်ကို အင်းယား ကန်ဘောင်၊ စမ်းချောင်း၊ ကျောက်မြောင်းနဲ့ ပါရမီတို့အပြင်ဆိုင်ခွဲအများပြားဖွင့်လှစ်ထားပါတယ်။
ဆိုင်ဖွင့်ချိန်က နေ့စဉ် မနက် ၁၀ နာရီကနေ ည ၁၀ နာရီပါ။

၃။ ကချင်-Sha Yi

ကချင်အစားအစာမှ စားချင်တဲ့သူတွေအတွက် Sha Yi ဆိုတဲ့ ကချင်စားသောက်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကျန်းမာရေးကို အဓိကထားပြီး ချက်ပြုတ်ထားတဲ့ ဆီအနည်းငယ်သာပါဝင်တဲ့ ကချင်ရိုးရာဟင်းလျာပေါင်း (၅၀) နီးပါးလောက်ရပါတယ်။ ကချင်အစားစား တွေအများကြီးထဲကမှ ကချင်ဒံပေါက်ကလည်း ဆိုင်ရဲ့နာမည်ကြီးဟင်းလျာ ဖြစ်ပါတယ်။ ထူးခြားတဲ့ ကချင်စပီလို့ခေါ်တဲ့ ခေါင်ရည်ကိုလည်း မြည်းစမ်းနိုင်မှာပါ။


လိပ်စာက လမ်း ၅၀ နဲ့ ၅၁ လမ်းအကြား၊ ပုဇွန်တောင်မြို့နယ်မှာ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်က တနင်္လာနေ့ကနေ စနေနေ့အထိ နေ့လည် ၁၁နာရီကနေ ည ၁၁နာရီအထိ ဖွင့်လှစ်ထားပြီး တနင်္ဂနွေနေ့မှာ နေ့ခင်း ၃နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ထားပါတယ်။


၄။ မွန်စားသောက်ဆိုင်-JANA Mon

မွန်ရိုးရာအစားအစာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် JANA Mon က ရန်ကုန်မြို့က အကောင်းဆုံး မွန်စားသောက်ဆိုင်ပါ။ သြင်္ကန်ထမင်း၊ မော်လမြိုင်မုန့်ဟင်းခါး၊ ငါးမရမ်းပြားချဉ်စပ်တို့က နာမည်ကြီးပြီး အခြား အသုတ်မျိုးစုံနဲ့ ရိုးရာ မုန့်မျိုးစုံကိုလည်းရနိုင်ပါတယ်။


JANA Mon စားသောက်ဆိုင်ကို နန္ဒဝန်လမ်း၊ ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။
ဆိုင်ဖွင့်ချိန်က နေ့စဉ် မနက် ၁၀ နာရီကနေ ည ၉ နာရီအထိပါ။


၅။ ၀ ရိုးရာစားသောက်ဆိုင်-Root

၀ အစားသောက်တွေစားဖို့ ဝပြည်နယ်အထိ သွားဖို့မလိုတော့ပါဘူး။ ဝရိုးရာစစ်စစ် အစားသောက်တွေစားချင်တယ်ဆိုရင် Root စားသောက်ဆိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဝစတိုင်ဆန်ပြုတ်၊ အမဲလျှာကင်၊ အသုတ် စသဖြင့် ဝရိုးရာချတ်ပြုတ်နည်းနဲ့ချက်ပြုတ်ထားတဲ့ အစားသောက်တွေရနိုင်ပါတယ်။ သောက်စရာအတွက် ဝရိုးရာခေါင်ရည် စစ်ကို မြည်းဖို့အကြံပြုပါတယ်။

Root စားသောက်ဆိုင်ကို ရန်ကုန်မြို့၊ ဗိုလ်မြတ်ထွန်းလမ်းမှာ ဖွင့်လှစ်ထားပါတယ်။
ဆိုင်ဖွင့်ချိန်က နေ့စဉ် မနက် ၁၁နာရီကနေ ည ၁၁နာရီအထိပါ။

Source myanmar time


Read times
Rate :
(0 votes)

5 comments

  • Frances Ufford
    Comment Link

    I every time used to study piece of writing in news papers but now as I am a user of web therefore from now I am using net for articles or reviews, thanks to web.|

    Sunday, 10 November 2019 21:00 posted by Frances Ufford
    Report
  • Roberto Colabrese
    Comment Link

    Hello, i think that i saw you visited my site thus i came to “return the favor”.I am trying to find things to enhance my web site!I suppose its ok to use a few of your ideas!!|

    Sunday, 10 November 2019 17:19 posted by Roberto Colabrese
    Report
  • baccarat
    Comment Link

    Love watching ballers ! https://japook.com

    Friday, 08 November 2019 10:53 posted by baccarat
    Report
  • Ricky Lo
    Comment Link

    Great blog! Is your theme custom made or did you download it from somewhere? A theme like yours with a few simple tweeks would really make my blog stand out. Please let me know where you got your theme. Thank you|

    Thursday, 07 November 2019 09:51 posted by Ricky Lo
    Report
  • Shenika Wallie
    Comment Link

    Thanks for another informative site. Where else may just I get that kind of information written in such a perfect manner? I've a undertaking that I am simply now running on, and I have been at the glance out for such information.|

    Wednesday, 06 November 2019 16:24 posted by Shenika Wallie
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.