Friday, 27 September 2019 07:57

shutterstock-89123353.png

ဒီတစ်ပါတ်ပိတ်ရက်မှာ အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားနိုင်မယ့် ပြည်ကြီးငါး၊ ငါးဖယ်အစာသွပ် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပြည်ကြီးငါးကို ငါးဖယ်၊ ချိစ်၊ ပါမုန့်ခြောက်၊ အစာသွပ်ထားတာပါ။ ပြီးရင် ပေါင်းအိုးနဲ့ ပေါင်းပြီး အပေါ်မှာ ဆော့ရည်ဆမ်းပြီ သုံးဆောင်ရတာပါ။ ဆော့ရည်ကြောင့် ချဉ်စပ်နဲ့ ချိစ်အရသာ စိမ့်စိမ့်လေးကို ရရှိမှာပါ။ 

အစာသွပ်အတွက် ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး – ၄၀ကျပ်သား
ငါးဖယ် – နှစ်သက်သလောက်
ပါမုန့်ခြောက် – စားပွဲတင်ဇွန်း ၃ဇွန်း

ချိစ် – ၄ပြား (အတုံးသေးများ တုံးပါ)
တရုတ်နံနံ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စင်းပါ)
Oregano – လက်ဖက်ရည်ဇွန်း တ၀က်
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စင်းပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
ကြက်ဥ – ၁လုံး

ဆော့အတွက် ပါဝင်ပစ္စည်းများ

ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စင်းပါ)
ငရုတ်သီးစိမ်း – ၃တောင့် (ပါးပါးလှီးပါ)
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၄ဇွန်း
ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
ရေ – စားပွဲတင်ဇွန်း ၂ဇွန်း

ဆော့ရည် ပြုလုပ်နည်း

၁။ ဆော့ရည်တွင် ပါဝင်ပစ္စည်းများဖြစ်တဲ့ (ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်၊ ဗီနီကာ၊ ရေ) တို့ကို ခွက်တစ်ခုထဲတွင် ရောမွှေထားပါ။

အစာသွပ် ချက်နည်း

၁။ အရင်ဆုံး ပြည်ကြီးငါး အပေါ်က အညှိုအချွဲ၊ အရည်ခွံ၊ ခေါင်းအားလုံးကို ဖယ်ရှားပြီ သန့်စင်ထားပေးပါ။

၂။ အစာသွပ်ရန် (ငါးဖယ်၊ ချိစ်၊ ပါမုန့်ခြောက်၊ ကြက်ဥ၊ ဆား၊ ကြက်သားမှုန့်၊ oregano၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ) တို့ကို ခွက်တစ်ခုထဲတွင် သမအောင် ရောမွှေလိုက်ပါ။

၃။ ပြီးရင် ပြည်ကြီးထဲသို့ ငါးဖယ်၊ ချိစ်များကို အစာ တ၀က်သွပ်ပေးပါ။

၎။ အစာသွပ်ထားသော ပြည်ကြီးငါးကို သွားကြာထိုးတံဖြင့် ပိတ်ပေးပါ။

၅။ ပေါင်းအိုးနဲ့ ပြည်ကြီးငါး အစာသွပ်ကို ၁၅မိနစ်ခန့် ပေါင်းပေးပါ။

၆။ ပေါင်းပြီရင် ပြည်ကြီးငါး အစာသွပ်ကို ဓားနဲ့ မွှန်းပေးပြီး ပန်းကန်တစ်ခုတွင် ပြင်ပေးပါ။ ပြီနောက် အပေါ်မှ ဆော့ရည်များကို လောင်းချလိုက်ပါ။

ပြီးရင်တော့ အရသာရှိတဲ့ ပြည်ကြီးငါး အစာသွပ် ကို သုံးဆောင်နိုင်ပါပြီ။

Wutyee Food House


Read times Last modified on Friday, 27 September 2019 11:33
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.