Saturday, 07 September 2019 06:18

F8.jpg

ဝက်သားတုတ်ထိုးအဝစားကို 9900 ပေးရမယ် ဆိုတော့ အရမ်းကိုတန်ပါတယ်နော် ။

F4.jpg

ရန်ကုန်မြို့ရဲ့ ထိုင်းအစားအစာကောင်းကောင်း ရရှိနိုင်မယ့် ဆိုင် (၅)ခု

ဝက်သားတုတ်ထိုးအပြင် ကြက်သားတုတ်ထိုး၊ အမဲသားတုတ်ထိုး၊ အသီးအရွက်တုတ်ထိုး၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် ၊ ကြက်သားလိပ်၊ ဝက်သားလိပ် ၊ဝက်ကောက်ညှင်း ၊ကြက်စွပ်ပြုတ်၊ အမဲစွပ်ပြုတ်၊ အအေးနှစ်မျိုး နဲ့အချိုပွဲအတွက် ရေခဲမုန့် (၆) မျိုးတောင်ရပါသေးတယ် ။

လမ်းဘေးမှာထိုင်စားရသလိုမျိုး ခံစားရအောင် ကိုယ်ပိုင်ဝိုင်းလေးတွေနဲ့ ပြင်ဆင်ပေးထားတာဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ အတူတူသွားစားသင့်တဲ့ဆိုင်လေးပါ ။ ဝက်သားတုတ်ထိုးတွေထဲမှာ ဈေးပိုပေးရတဲ့ နှလုံး၊လျာ၊အချင်းတိုင်၊နို့အုံသား တွေတောင်ပါသေးတယ်ဆိုတော့ ကိုယ့်ဘက်ကသေချာရွေးစားတက်ဖို့ပဲလိုပါတယ် ။

အပြင်မှာစားရသလို ပါးပါးလေးလှီးပေးမှာစိုးတာတွေ မသန့်ရှင်းမှာတွေ ဗိုက်အဝမစားရတာ့ တွေအားလုံးကို မေ့လိုက်လို့ရပြီ ။ဆိုင်အပြင်အဆင်နဲ့ သပ်ရပ်သန့်ရှင်းမူကိုတော့ လုံးဝ အမှတ်ပြည့်ပေးပါတယ်။

F6.jpg

ဝန်ထမ်းတွေကလည်း ဆက်ဆံရေးကောင်းပြီး အရသာကလည်းပြောစရာမရှိဘူး ဝက်ချစ်သူ Foodies တို့ လုံးဝသွားစားသင့်တယ်နော် ။ Time Limit ကတော့ 1:30 Hr ပါ ဒါပေမဲ့ Hotpot တို့အကင်တို့လို အချိန်စောင့်နေစရာမလိုဘဲ တစ်ခါတည်းယူစားရုံဆိုတော့ အချိန်က ပိုတောင်ပိုပါသေးတယ် ။

ဝက်သားတုတ်ထိုးဆို ကောင်မလေးတွေ ငြင်းမဲ့အရာမဟုတ်လို့ စိတ်ကောက်နေတဲ့ ချစ်သူကို လျာလည်လည်ခေါ်သွားပြီး ချော့လိုက်ပါလို့ အကြံပြုလိုက်ပါတယ်။

F2.jpg

ဆိုင်လိပ်စာကတော့ တောင်ဥက္ကလာပမြို့နယ် ၊ ဝေဇယန္ဆာလမ်းမပေါ် ၊ City Mart ဘေးနားက လားရှိုးညဈေးတန်း ထဲမှာပါ ။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၂နာရီ ကနေ ည ၁၀ နာရီအထိဖြစ်ပါတယ် ။

ကိုရီးယားအစားအစာ ကောင်းကောင်း ရရှိနိုင်မယ့် ဆိုင်များ

Source Foodies Squad
Photo Foodies Squad


Read times Last modified on Saturday, 07 September 2019 09:12
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.