Thursday, 08 August 2019 08:04

 

20170604120836593379b435441.jpeg

ရန်ကုန်မြို့ရဲ့ အလှအပကို အပေါ်စီးကနေ ကြည့်ပြီး ခံစားချင်သူတွေ၊ ဆူညံတာတွေ မကြိုက်ဘဲ အေးအေးဆေးဆေးထိုင်လို့ ရပြီး လေကောင်းလေသန့်ရချင်သူတွေ အတွက် ထိုင်လို့ကောင်းမယ့် Roof Top Bar (၁၀) ခု အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Altas Rooftop Bar & Lounge
ရန်ကုန်မြို့ရဲ့ ညအလှတွေကို အေးအေးဆေးဆေးခံစားနိုင်ရုံသာမက Cocktail ကောင်းကောင်းသောက်ချင်သူတွေအတွက် နေရာကောင်းတစ်ခုကို ပြောပါဆိုရင်တော့ Altas Bar ကို ပြောရမှာပါ။ ဒါ့အပြင် ရွှေတိဂုံဘုရားကိုပါ အဝေးက လှမ်းဖူးမြော်နိုင်ပြီး ဓာတ်ပုံရိုက်ဖို့ background လှလှလေးတွေလည်း ရှိတာကြောင့် သူငယ်ချင်းတွေနဲ့ပဲ သွားသွား၊ ချစ်သူနဲ့ပဲ သွားသွား သင့်တော်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

အမှတ် (၈၄)၊ ပန်းလှိုင်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
ဖုန်း- ၀၉-၉၇၈၄၁၅၁၂၅၀

(၂) Vista Rooftop Bar
ညနေခင်းအလှကို ကြည်နူးစွာ ခံစားမယ်၊ Band ကဖျော်ဖြေတဲ့ သီချင်းအေးအေးလေးတွေနဲ့ အတူ စီးမျောမယ် ဆိုသူတွေအတွက် အကောင်းဆုံး နေရာတစ်ခုကတော့ Vista Rooftop Bar ပါ။ အဲ့ဒါတင်မကဘဲ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာဖြစ်တဲ့ ရွှေတိဂုံကို အဝေးကလည်း လှမ်းဖူးမြော်နိုင်သေးလို့ အေးချမ်းပြီး စိတ်ချမ်းသာစေမယ့် နေရာလေးတစ်ခုဆိုလည်း မမှားပါဘူးနော်။

အမှတ် (၁၆၈)၊ ရေတာရှည်လမ်းဟောင်းနဲ့ ရွှေဂုံတိုင်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
ဖုန်း- ၀၉-၂၅၂၆၆၆၆၇၈

(၃) Yangon Yangon Rooftop Bar
Sakura Tower ထိပ်ဆုံးထပ်မှာ ဖွင့်လှစ်ထားတဲ့ Yangon Yangon Rooftop Bar ဟာဆိုရင် ရန်ကုန်မြို့ရဲ့ မြင်ကွင်းတွေကို အပေါ်စီးကကြည့်ပြီး စားမယ်၊ သောက်မယ် ဆိုသူတွေအတွက် အဆင်ပြေစေမယ့် ဆိုင်တစ်ဆိုင်ပါ။

အမှတ် (၃၃၉)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်
ဖုန်း- ၀၁-၂၅၅၁၃၁

(၄) Piano Bar
Piano Bar မှာ ထိုင်ရင်း ရန်ကုန်မြို့ ရဲ့  ညအလှကို ခံစားမယ်ဆိုရင် အကောင်းဆုံး ညလေးတစ်ညကို သင်ပိုင်ဆိုင်ရမှာ အမှန်ပါပဲ။ ခမ်းနားတဲ့ ပြင်ဆင်မှုနဲ့ အတူ ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေ ခံစားရင်း ကော့တေးလ် သောက်မယ်ဆိုရင် စိတ်ဖိစီးမှုတွေက အဝေးကို လွှင့်ပျောက်သွားစေမှာနော်။ ဒီဘားရဲ့ ထူးခြားချက်တစ်ခုကတော့ ရေကူးကန် ပါဝင်တာ ဖြစ်ပါတယ်။

အမှတ်(၂)၊ ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်
ဖုန်း- ၀၉-၉၇၇၉၅၅၆၃၃

အခြား Bar နဲ့ နိုက်ကလပ်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကို အောက်ကလင့်ခ်ထဲမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

>>> http://bit.ly/2OcPOq8 

(၅)The Breeze Bar
တစ်နေကုန် အလုပ်ပင်ပန်းလို့ ဘယ်နေရာက ကိုယ့်အတွက် စိတ်ပင်ပန်းမှုတွေ ဖြေဖျောက်ပေးနိုင်မလဲ စဉ်းစားရခက်နေပြီလား? The Breeze Bar ကိုသာ သတိရလိုက်ပါ။ Unplugged Live Music လေးနားထောင်ရင်း ပင်ပန်းမှုတွေ ဖြေဖျောက်နိုင်မှာ ဖြစ်လို့ သွားသင့်တဲ့ နေရာကောင်းတစ်ခုပါ။

အမှတ် (၃၂၄)၊ သံသုမာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်
ဖုန်း- ၀၉-၉၆၇၇၆၄၉၉၉

(၆) The Lodge Bar
Rooftop မှာ လေတစ်ဖြူးဖြူးနဲ့ အော်ချင်တယ်၊ ပျော်ချင်တယ် ဆိုသူတွေအတွက် ဘာမှတွေးမနေဘဲ The Lodge Bar ကိုသာ အရောက်သွားလိုက်ပါ။ အစားအသောက်လည်း စုံလင်စွာ ရနိုင်ပြီး ဝန်ထမ်းတွေကလည်း ဖော်ရွေတာကြောင့် စိတ်ချမ်းသာရမှာ အမှန်ပါပဲ။

အမှတ် (၁၂၉)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်
ဖုန်း- ၀၉-၄၂၀၁၀၆၃၁၄

(၇) The Penthouse Bar
ပါတီပွဲတွေ ကျင်းပချင်တဲ့ သူတွေအတွက် Rooftop Bar မိုက်မိုက်လေး တစ်နေရာကို ပြောပါဆိုရင် The Penthouse Bar က သင့်အတွက် အသင့်တော်ဆုံးလို့ ပြောရမှာပါ။ အမိုးပေါ်မှာ အေးအေးဆေးဆေးလေးနဲ့ တကယ့် အငြိမ့်ဖီလင်လေးရရှိစေမယ့် နေရာကောင်းတစ်ခုဆိုလည်း မမှားပါဘူး။

အမှတ် (၂၇၁-၂၇၃)၊ ဗားဂရာလမ်း၊ Park side one building ( 8th floor)
ဖုန်း- ၀၉-၇၇၁၂၃၉၉၂၄

(၈) Cocoon Cafe & Bar
Cocoon Cafe & Bar ကတော့ ရန်ကုန်မြို့ရဲ့ အလှအပတွေကို ခံစားနိုင်မယ့် အကောင်းဆုံးနေရာတစ်ခုပဲဖြစ်ပြီး အထက်တန်းကျတဲ့ ခံစားမှုတွေကို ရရှိစေမယ့် နေရာကောင်းတစ်ခုပါ။ ဒါ့အပြင် ရွှေတိဂုံဘုရားရဲ့ ကြည်ညှိဖွယ်ကောင်းတဲ့ မြင်ကွင်းကိုလည်း ဖူးမျှော်နိုင်ပါသေးတယ်။

ရှင်စောပုလမ်းနဲ့ ဗဟိုလမ်းထောင့်၊ ရန်ကုန်
ဖုန်း- ၀၉-၇၈၅၀၉၀၂၀၅

>>> ကိုရီးယားအစားအစာ ကောင်းကောင်း ရရှိနိုင်မယ့် ဆိုင်များ

(၉) Yangon Yangon Bristo Bar
Yangon Yangon Bristo Bar ကတော့ ရန်ကုန်မြို့ကို အပေါ်စီးကနေ ကြည့်ရှုနိုင်မယ့် မြင်ကွင်းလှလှတွေ ရှိနေတဲ့ ဘားတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးထဲမှာပါတဲ့ ဆာကူရာ တာဝါခေါင်မိုးထပ်မှာ တည်ရှိပြီး ဘီယာ၊၀ိုင်၊ ကော့တေး စတဲ့ သောက်စရာမျိုးစုံနဲ့ အဆာပြေစားစရာတွေ ရရှိနိုင်ပါတယ်။

ဆာကူရာတာဝါ ခေါင်မိုးထပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
ဖုန်း- ၀၁-၂၅၅၁၃၀

(၁၀) Esperado Rooftop Bar 
Esperado Lake View Hotel ရဲ့  ၉ လွှာမြောက်မှာ ရှိတဲ့ ဒီ Roof Top Bar ကတော့ ရွှေတိဂုံဘုရား နှင့် ကန်တော်ကြီး Views ကို စိတ်ကြိုက် ထိုင်ငေးလို့ရမယ့် နေရာကောင်းတစ်ခုပါ။ WiFi Free ပေးထားတာပြီး နာမည်ကြီး နိုင်ငံတကာ အစားအစာတွေလည်း ရနိုင်ပါသေးတယ်။

အမှတ် (၂၃)၊ ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်
ဖုန်း- ၀၉-၉၆၉၉၀၅၉၆၃

Thu Zin Min


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.