Tuesday, 09 July 2019 10:36

 

fruit_and_juice_main3.png

အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုရိုးရှိသလို Smoothie လို့ခေါ်တဲ့ သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်တွေဟာ တကယ့်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခန္ဓာကိုယ် အလေးချိန်ထိန်းလိုသူတွေ အတွက်လည်း အသင့်တော်ဆုံးပါပဲ။

ဒီတော့ ကိုယ်တိုင်စိတ်တိုင်းကျ ဖျော်သောက်ချင်သူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်ချင်ဖွယ်ရာ သစ်သီးဖျော်ရည် ဖျော်စပ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဂျင်းငှက်ပျောဖျော်ရည် - Banana Ginger Smoothie

အစာမကြေခြင်း၊ ရင်ပူခြင်း၊ အော့အန်ခြင်းစတဲ့ အစာကြောင့် ဖြစ်တတ်တဲ့ရောဂါတွေအတွက် လတ်ဆတ်တဲ့ ဂျင်းပါဝင်တဲ့ ငှက်ပျောသီး နဲ့ ဂျင်းဖျော်ရည်တစ်ခွက်က အကောင်းဆုံး သဘာဝဆေးတစ်ခွက်ပါ။
ပါဝင်ပစ္စည်းများ
ငှက်ပျောသီး - ၁ လုံး (ပါးပါးလှီးထားရန်)
ဗနီလာဒိန်ချဉ် - ၆အောင်စ
ပျားရည် - စားပွဲတင်ဇွန်း ၁ ဇွန်း
ဂျင်း - လ္ဘက်ရည်ဇွန်း ၁ ဇွန်း (အရည်)
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်ပြီး ညက်သည်အထိဖျော်ပါ။ ဒါဆိုရင် ကျန်းမာလတ်ဆတ် တဲ့ Smoothie တစ်ခွက်သောက်သုံးနိုင်ပါပြီ။

(၂) လိမ္မော်ဒိန်ချဉ်ဖျော်ရည် - Orange Dream Creamsicle

အားကစားတစ်မျိုးမျိုးလုပ်ပြီးချိန် ဒါမှမဟုတ် ပူလောင်အိုက်စပ်တဲ့ နေ့တစ်နေ့မှာ လန်းဆန်းအေးမြချင်ပါသလား။ ကယ်လိုရီပါဝင်မှုနည်းပြီး ကျန်းမာလန်းဆန်းစေမယ့် လိမ္မော်သီး Smoothie တစ်ခွက်သောက်သုံးလိုက်ပါ။
ပါဝင်ပစ္စည်းများ
လိမ္မော်သီး ၁ လုံး (အသားသီးသန့်ရအောင်အခွံနွှာထားပါ)
အဆီလွတ်ဒိန်ချဉ် - ၂အောင်စ
လိမ္မော်ဖျော်ရည်အေး - စားပွဲတင်ဇွန်း ၂ ဇွန်း
ဗနီလာအရသာရည် - စားပွဲတင်ဇွန်း ၁/၎
ရေခဲ - ၄တုံး
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကိုဖျော်စက်ထဲထည့်ပြီး ကြေညက်သည်အထိဖျော်၍ အရသာနှင့် ပြည့်စုံသော လိမ္မော် Smoothie တစ်ခွက်ကို သောက်သုံးလိုက်ပါ။

>>> သစ်သီးအမျိုးမျိုးအရောင်းဆိုင်များ

(၃) နာနတ်ဒိန်ချဉ်ဖျော်ရည် - Pineapple Passion

အခုဖော်ပြပေးမယ့် Smoothie ကတော့ နာနတ်သီးကို ပျစ်ပျစ်လေးဖြစ်အောင် လုပ်ထားတဲ့အတွက် ရေခဲမုန့်ကြိုက်သူတွေ နှစ်သက်စေမယ့် Smoothie တစ်ခွက်ဖြစ်သလို ကျန်းမာရေးအတွက်လဲ အလွန်အထောက်အကူဖြစ်စေမယ့် Smoothie တစ်ခွက်ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
အဆီလွတ်ဗနီလာအရသာဒိန်ချဉ် - ၈အောင်စ
အဆီလွတ်ဒိန်ချဉ် -၂အောင်စ
ရေခဲ - ၆တုံး
နာနတ်သီး - ၈အောင်စ
(ကြိုက်နှစ်သက်ရာ ပုံစံအရွယ်အစားအတုံးများ လှီးထားပါ)
ပြုလုပ်ပုံ
ဒိန်ချဉ်နဲ့ ရေခဲတုံးကို ရောထားပါ။ ပြီးရင် ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်၍ နာနတ်သီးနဲ့ ရေခဲတုံးများ တစ်သားထဲဖြစ်သည်အထိ ဖျော်ပါ။ အရသာရှိတဲ့ နာနတ်သီးSmoothie ပျစ်ပျစ်လေးတစ်ခွက်ကို သောက်သုံးလို့ရပါပြီ။

(၄) စတော်ဘယ်ရီကီဝီဖျော်ရည် - Strawberry-Kiwi Smoothie

ဗိုက်လဲပြည့်မယ်။ ရောဂါတွေကိုလဲ တိုက်ထုတ်ပေးမယ့် Smoothie တစ်ခွက်ကို သောက်ချင်ရင် စတော်ဘယ်ရီ-ကီဝီတစ်ခွက်ကို သောက်သုံးသင့်ပါတယ်။ စတော်ဘယ်ရီနဲ့ ကီဝီသီးတွေ ကို ပေါင်းစပ်ထားခြင်းအားဖြင့် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သလို ပိုလီဖနောနဲ့ ဗီတာမင်စီဓာတ်တို့ကလည်း နှလုံးကျန်းမာရေးကို အထူးအားကောင်းစေမှာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ပန်းသီးဖျော်ရည်အေး - ၁၀အောင်စ
ငှက်ပျောသီးမှည့် - ၁လုံး (လှီးထားပါ)
ကီဝီသီးတစ်လုံး - ၁လုံး (လှီးထားပါ)
စတော်ဘယ်ရီသီး - ၅လုံး
ပျားရည် - စားပွဲတင်ဇွန်း ၁၁/၂
ပြုလုပ်ပုံ
ပန်းသီးဖျော်ရည်၊ ငှက်ပျောသီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီးနဲ့ ပျားရည်အားလုံးကို ဖျော်စက်ထဲထည့်၍ ကြေညက်သည်အထိဖျော်ပါ။ ကျန်းမာရေးအထူးကောင်းမွန်ပြီးလန်းဆန်းစေမယ့် Smoothie တစ်ခွက် ရပါပြီ။

(၅) ထရောပီကယ်လ် သင်္ဘောသီးဖျော်ရည် - Tropical Papaya Perfection

အုန်းသီးအနံ့အရသာနဲ့ Milk Shake သောက်နေသလို ခံစားရစေမယ့် ဒီ Tropical Papaya Perfection Smoothie လေးကတော့ သင့်ကို သာယာတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာ အပန်းဖြေနေသလို ခံစားမှုကို ပေးစွမ်းစေမှာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
သင်္ဘောသီး - ၁လုံး (ကြိုက်နှစ်သက်ရာ ပုံစံအရွယ်အစားများအတုံးများ လှီးထားပါ)
အဆီလွတ်ဒိန်ချဉ် - ၈အောင်စ
နာနတ်သီး - ၄အောင်စ (ကြိုက်နှစ်သက်ရာ ပုံစံအရွယ်အစားများအတုံးများ လှီးထားပါ)
ရေခဲမှုန့် - ၄အောင်စ
အုန်းသီးအရသာရည် - စားပွဲတင်ဇွန်း၁ဇွန်း
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်၍ တစ်မိနစ်ခန့်ကြိတ်ပါ။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ Smoothie တစ်ခွက်ကို သောက်သုံးပြီး စိတ်ကြည်နူးမှုကို ခံစားလိုက်ပါ။

>>> လာမယ့် ၂၀၂၀ ခုနှစ်မှာ ပျောက်ကွယ်သွားနိုင်တဲ့ ထုတ်ကုန်ပစ္စည်း ( ၁၄ ) ခု

(၆) သရက်သီးဖျော်ရည် - Mango Madness

သရက်သီးဟာ ရောဂါဝင်ရောက်နှုန်းကို တိုက်ဖျက်နိုင်တဲ့ စွမ်းဆောင်ရည်ရှိပြီးတော့ အရသာအလွန်ကောင်းမွန်တဲ့ Smoothie တစ်ခွက် ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
စည်သွပ်နာနတ်သီး - ၈ အောင်စ
အဆီလွတ် ဒိန်ချဉ် - ၈အောင်စ
အဆီလွတ်ဗင်နီလာဒိန်ချဉ် - ၈ အောင်စ
သရက်သီးမှည့် အစိတ်ကြီး - ၁စိတ်
ငှက်ပျောသီးမှည့် - ၁လုံး
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲ ထည့်၍ ကြေညက်သည်အထိ ဖျော်ပါ။ ဖျော်နေစဉ်အတွင်း ရေခဲ ၄ခွက်စာ ဖြည်းဖြည်းချင်းထည့်၍ ရေခဲများ အားလုံးကြေညက်သွားသည်အထိ ဖျော်ပါ။ အရသာရှိသည့် သရက်သီး Smoothie တစ်ခွက်ကို သောက်သုံးနိုင်ပါပြီ။


Read times
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.