Published in Best of Yangon...

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ အ၀င်း အ၀င်းနဲ့ အမျိုးသမီးကြီးငယ်တို့ရဲ့ ၀န်းရံခြင်းခံနေရတဲ့ မြန်မာနိုင်ငံဖွား ဂျပန်နိုင်ငံရဲ့ J-Pop အဆိုတော် မိုရီဆာကီဝင်းက မြန်မာပြည် ပရိသတ်တွေအတွက် One Men Show လုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်။“မြန်မာပြည်အတွက် ကျွန်တော့်မှာ ရည်မှန်းချက် တစ်ခုရှိတယ်။ ကျွန်တော်တို့ Group နဲ့ One Men Show လုပ်ပေးချင်တယ်။ ဘယ်တော့လောက် လုပ်ဖို့ မှန်းထားလည်းဆိုရင် မနက်ဖြန်လုပ်လို့ ရရင် မနက်ဖြန် ချက်ချင်းလုပ်ချင်တာ။ မြန်လေကောင်းလေပါပဲ” လို့ မိုရီဆာကီဝင်း(ခေါ်) အ၀င်းက ပြောပါတယ်။ သူဟာ မြန်မာပြည်မှာ ၁၀ နှစ်သားအရွယ်ထိ အဖွားနဲ့ နေထိုင်ခဲ့ပြီးမှ ဂျပန်နိုင်ငံကို ပြောင်းရွှေ့သွားခဲ့တာပါ။ လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ Prizmax…

Published in Art

အနုပညာပျိုးခင်းကနေ အောင်မြင်လာတဲ့ ရွှေမှုံရတီကို သူမရဲ့ ရှေ့ဆက်သွားမယ့် အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး MY Yangon က တွေ့ဆုံမေးမြန်းထားပါတယ်။ ကြီးကြီးကျယ်ကျယ်ဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်အကြောင်းလေးအရင်ဆုံးပြောပြပါဦး။သဲက အဲဒီကားမှာတော့ယောကျာ်းလျာ ပုံစံသရုပ်ဆောင်ရတယ်။ ကာရိုက်တာတော့ နည်းနည်းကွဲတယ်။ အရင်တုန်းကလည်း အဲလိုမျိုးလုပ်ဖူးပါတယ်။ ဒါပေမယ့် တောယောကျာ်းလျာတော့မလုပ်ဖူးသေးဘူး။ သဲက ဇာတ်ကို ရက် ၂၀ လောက်ကြို ပြီး ရထားတာဆိုတော့ အဲဒီကတည်းက ပြင်ဆင် ထားလိုက်တယ်။ ဆံပင်ပုံစံလေးကလည်း ကွဲထွက်သွားတယ်နော်။ဟုတ်တယ်။ ဇာတ်ညွှန်း စဖတ်ကတည်းက ယောကျာ်းလေး ဆံပင်ကေကို ညှပ်ဖြစ်ချင်တာ။ သဲအမေကတော့ရော ဒါရိုက်တာကပါ မညှပ်ပါနဲ့ ဆိုတော့လေ။ လိုတော့မလိုဘူးပေါ့လေ။ မိန်းကလေး ပြောင်းရင် ဒုက္ခရောက်မယ်ဆိုလို့ ဆံပင်လေးတွေ ကိုပြန်ပြောင်းဖြစ်တယ်။ ပုဆိုးလေးဝတ်ချင်တယ်လို့…

Published in Art

ဒီတစ်ပတ်မှာတော့ အဆိုတော်ဇွဲပြည့်ရဲ့ သူကြိုက်နှစ်သက်တဲ့ ဂိမ်းတွေနဲ့ ပတ်သက်ပြီး My Yangon မှ မေးမြန်းဖော်ပြပေးထားပါတယ်။ ဇွဲပြည့်အနေနဲ့ ဖုန်းထဲမှာ ဂိမ်းတွေကို ထည့်ထားလေ့ရှိလား၊ ဘယ်လိုဂိမ်းတွေကို ကြိုက်နှစ်သက်လေ့ ရှိလဲ။ရှိပါတယ်။ ကျွန်တော် နှစ်နှစ်ခြုက်ခြိုက်နဲ့ ဒီနေ့အထိ စွဲပြီး ဆော့တဲ့ဂိမ်းက ကျူထိုးတာနဲ့ Candy Crush ပေါ့။။ Candy Crush က အခု အခန်းတစ်ထောင်ကျော်ပြီ။ ကစားနေတာ ကြာပြီ။ ဘယ်လိုအချိန်တွေမှာ ကစားဖြစ်လဲ။ á€á€›á€Žá€¸á€žá€źá€Źá€¸á€œá€Żá€­á‚” လေယာဉ်ပေါ် ရောက်တဲ့အချိန်မျိုးတွေ၊ ပွဲဆိုကာနီး အချိန်မျိုးတွေ၊ စိတ်လှုပ်ရှားနေတဲ့ အချိန်မျိုးတွေ ကစားဖြစ်တယ်။ နောက် အလုပ်တစ်ခုနဲ့တစ်ခု အချိန်ဟနေတဲ့ အခါမျိုးတွေ ကစားဖြစ်တယ်။ ကစားတဲ့အချိန်မှာလည်း နားကြပ်နဲ့ သီချင်းကတော့ မပြတ်…

Published in Art

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာနိုင်တဲ့အပြင် ရုပ်ရှင်ကားကြီးတွေ သရုပ်ဆောင်တဲ့အခါမှာလည်း  နာမည်ရ ထားတဲ့ သရုပ်ဆောင် အေးမြတ်သူက လတ်တလော ရုံတင်ဇာတ်ကားဖြစ်တဲ့ 'ခေါက်ထီးလေး မလုံ့တလုံ' ရုပ်ရှင်ဇာတ်ကားမှာလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး ပရိသတ် အားပေးမှုကို ရရှိနေပါ တယ်။ အေးမြတ်သူကို လက်ရှိ အနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ သူမရဲ့ ပရဟိတ သဘောထားတွေကို MY Yangon ဂျာနယ်က သွားရောက် တွေ့ဆုံ မေးမြန်းထားပါတယ်။ 'ခေါက်ထီးလေး မလုံ့တလုံ' ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖြစ်တဲ့ ခံစားချက်လေး ပြောပါဦး။အရမ်းကို ပျော်ပါတယ်။ အရမ်းကို အခွင့်အရေးပေးတယ် လို့ ခံစားရတယ်။ ပထမဦးဆုံး သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဦးပွားကို ကျေးဇူးတင်တယ်။ အဲဒီ…

Published in Health & Beauty

အလှအပဆိုတာ ယဉ်ကျေးမှုတစ်ခုကို ဖြတ်သန်းနေ တာဖြစ်ပြီး ခေတ်အလိုက် ဝတ်စားဆင်ယင်ဖို့ လိုအပ် တယ်လို့ ဖက်ရှင်နဲ့ ပတ်သက်ပြီး အကြံပြုပြောကြား လိုက်တဲ့ Beauty Blogger မဝင်းမင်းသန်းနဲ့ တွေ့ဆုံ မေးမြန်းခဲ့တဲ့အထဲက တချို့ကို ကောက်နှုတ်ဖော်ပြလိုက် ပါတယ်။အရင်ဆုံး Beauty Blogger တစ်ယောက်ဖြစ်လာပုံကို ပြောပြပါဦး။ ကျွန်တော်အရင်တုန်းက ၂၀၁၃ မြန်မာပြည်အတွက် စခဲ့တယ်။ အဲတော့ ကနေဒါမှာနေခဲ့တုန်းက မြန်မာပြည်မှာလည်း အလှအပနဲ့ ကျန်းမာရေး အမျိုးသမီး တွေအတွက်ပြောတဲ့သူသိပ်မရှိသေးဘူး။ ကိုယ်ကလည်း ထမဦးဆုံး Blogger တစ်ယောက်အနေနဲ့ မိတ်ကပ်လေးတွေလိမ်းပြတယ်ပြောပြတယ်။ အဓိကတော့ မြန်မာပြည်ပြန်ရောက်ရင် ကိုယ့်အတွက်လည်း လုပ်ငန်းတွေအဆင်ပြေအောင် ပုံစံပေါ့ ကိုယ့်ကိုလူသိအောင်ဆိုတဲ့ပုံစံနဲ့စခဲ့တာပါ။ ဘာရည်ရွယ်ချက်ကြီးမှ မရှိဘူး။ မြန်မာပြည်ပြန်ရောက်ရင်တော့ ဘာလုပ်ဆိုတာကတော့…

Published in Health & Beauty

ကျွန်တော်တို့ဘဝကို ခန္ဓာကိုယ်လို့ သဘောထားကြပါစို့။ နေ့စဉ်ရက်ဆက် ဒီခန္ဓာကိုယ်ကို အနာခံ၊ အပင်ပန်းခံပြီး လိုချင်တဲ့ အနေအထားတစ်ခုရောက်အောင် တည်ဆောက်ရတယ်။ ဒီကြားထဲမှာ မကစားချင်လောက်အောင် နာကျင်ခံစားမှုတွေလည်း ရှိတယ်။ တော်ပါပြီကွာ ဆိုပြီး စိတ်လျှော့ခဲ့ရတဲ့ အချိန်တွေလည်း ရှိတယ်။ သို့ပေမယ့် ဖြစ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ နေ့စဉ်ရက်ဆက် ကစားလာတာ ၁ လ ပြည့်ပြီ။ အများကြီးမဟုတ်ရင်တောင် ကိုယ့်ကိုယ်တိုင်တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်ချမ်းသာတယ်။ ဘဝဆိုတာလည်း ကိုယ်ဖြစ်ချင်တဲ့အရာကို နေ့စဉ်ရက်ဆက် လုပ်နေရင် တစ် နေ့ဆိုတဲ့ နေ့ကလည်းဖြစ်ကို ဖြစ်လာမှာပါ။ ဘဝဆိုတာ အားကစား လုပ်တာထက် ပိုနက်နဲပါတယ်။ အတိုက်အခိုက်တွေရှိမယ်၊ အမုန်းတရားနဲ့ လူတွေရှိမယ်၊ အဆင်မပြေမှုတွေရှိမယ်၊ သဘောထားချင်း မတိုက်ဆိုင်တဲ့ လူတွေရှိမယ်။…

'ရေခဲရိုက်အပြုံး' သီချင်းနဲ့ ပရိသတ်ကြားမှာ နာမည်ရလာတဲ့ အဆိုတော် မိစန္ဒီက အခုဆိုရင် တတိယမြောက်တစ်ကိုယ်တော်အခွေကို ပြင်ဆင်နေပါပြီ။ သူ့အခွေ တွေကို နာမည်ဆန်းဆန်းလေးတွေပေးတတ်တဲ့ မိစန္ဒီနဲ့ သူ့ရဲ့ဂီတအပေါ်စိတ်ခံစားမှု တွေအကြောင်းကို မေးမြန်းခဲ့တဲ့အထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။ တတိယတေးစီးရီးအသစ် ပြင်ဆင်နေတယ်လို့သိထားတယ် ပြောပြ ပေးပါဦး။စီးရီးနာမည်ကိုတော့ အသဲလေးလို့ ပေးထားတယ်။ ညီမက ရှေ့က အခွေတွေမှာ မိုနိုပိုလီ ကစားစရာ၊ ပစ်တိုင်းထောင်ကတော့ အရုပ်၊ အသဲလေးကျတော့ အရုပ်လို လူတွေက ကစားကြတယ်။ ဒါပေမယ့် ကစားစရာလည်းမဟုတ် အရုပ်လည်းမဟုတ်ဘဲ သူ့မှာလည်း သူ့ အဓိပ္ပာယ်နဲ့သူရှိတယ်။ ညီမက တစ်ခွေနဲ့တစ်ခွေ ဆက်စပ်မှုလေးရှိ အောင် နာမည်ပေးချင်တာလည်းပါတယ်။ နောက်တစ်ခုက ညီမသီချင်းမှာ အသဲလေးဆိုတာလည်း ပါတယ်။…

သရုပ်ဆောင် အလုပ်တွေကို အနည်းငယ် လျှော့ချထားပြီး 'မိုး'ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးတည်လုပ်ဆောင်နေတဲ့ မိုးဟေကိုနဲ့ တွေ့ဆုံခိုက် ဇာတ်ကား ထုတ်လုပ်ရေးအကြောင်းနဲ့ သူ့ရဲ့လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းတွေကို အခုလို မေးမြန်းထားပါတယ်။'လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်'ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မိုးထုတ် လုပ်ရေးကနေ ရိုက်ကူးဖြစ်တာလေး ပြောပါဦး။မိုးက ကိုညို( ညိုမင်းလွင်) ရဲ့ ပရိသတ်ပေါ့နော်။ အဲဒီလိုသရဲကားတွေ ကြိုက် တယ်။ မိုးကတော့ ထုတ်လုပ်ရေးမှာ တစ်ကားနဲ့တစ်ကား မတူအောင်ပေါ့။  ပထမက ဟာသဇာတ်ကား  ရုံးပတီသီး လေးများ၊ ဒုတိယကားကျတော့ 'ခိုးဆိုးလုနှိုက် 'ဇာတ်ကားပေါ့။ နောက်တစ်ကားလည်း ရိုက်မယ် စဉ်းစားမိတော့ သရဲကားလေး ရိုက်ချင်တာနဲ့ ကိုဆာမိနဲ့လည်း တိုင်ပင်တယ်။ ကိုညိုကိုလည်း ဇာတ်လမ်းလေးရွေးပေးဖို့ အကူ…

မကြာမီ ထွက်ရှိမယ့် "မယ်သီတာ" Mini Album မှာ ပါဝင်မယ့် သီချင်းတွေအကြောင်းနဲ့ လက်ရှိအချစ်ရေးအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော်သရုပ်ဆောင်  ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။မယ်သီတာ Mini Album ကို ထုတ်ဖြစ်တာလေး အရင်ပြောပြပါဦး။အဓိကကတော့ Mini Album လုပ်ချင်တာလည်း ကြာပြီပေါ့နော်။ သီချင်းပုံစံ အသစ်လေးတွေကို ပရိသတ်ကို ချပြချင်တာလည်းပါတယ်။ ဒီနှစ်ထဲမှာ လုပ်မယ့် One Lady Show ကျရင် အရင်ဆိုခဲ့တဲ့ သီချင်းဟောင်းတွေထက် သီချင်းအသစ်တွေနဲ့ Performance လုပ်ချင်တာလည်းပါတယ်။ အဲဒီအတွက်ကြောင့်မို့ တစ်ကိုယ်တော်ခွေမတိုင်ခင် ကြားထဲမှာ Mini Album ထွက်လိုက်တာပါ။ သီချင်းခြောက်ပုဒ်တည်း ပါပါတယ်။ ဇွန်လအကုန် ဇူလိုင်လဆန်းလောက် ထွက်ပါမယ်။အခွေနာမည်ကို "မယ်သီတာ"လို့…

တေးသံရှင် နီနီခင်ဇော်နဲ့ တွေ့ဆုံခိုက် လတ်တလော အနုပညာလှုပ်ရှားမှုတွေ၊ တေးသီချင်း အသစ်ဖန်တီးမှုတွေ အကြောင်းကို မေးမြန်းထားပါတယ်။ဂီတနဲ့ ပတ်သက်ပြီး ဖန်တီးမှုအသစ်တွေ ရှိရင် ပြောပြပါဦး။နီနီ ဇွန်လကုန်ရင် သီချင်းအသစ်တစ်ပုဒ် ထွက်ပါမယ်။ အဆွေးသီချင်းလေးပါ။ ဇူလိုင်လထဲမှာလည်း နောက်ထပ် တစ်ပုဒ်ထပ်ထွက်ပါမယ်။ နှစ်ပုဒ်ပေါ့နော်။ နှစ်ပုဒ်လုံးကတော့ နီနီပဲ ရေးထားတယ်။ ဇူလိုင်မှာထွက်မယ့် သီချင်းကတော့ မိုးနဲ့ပတ်သက်တဲ့ သီချင်းပါ။မိုး သီချင်းဆိုတာ ဘယ်လိုပုံစံမျိုးကို ရေးထားတာလဲ။မိုးသီချင်းရေးတုန်းက နီနီ စဉ်းစားနေတုန်း မိုးရွာလိုက်တယ်ပေါ့နော်။ အဲဒီမှာ နီနီ အတွေးတစ်ခု ရလာတယ်။ နီနီရေးချင်တဲ့ အကြောင်းအရာကို ချရေးလိုက်တယ်။ ချရေးလိုက်တော့လည်း စာသားက အရမ်းအဆင်ပြေတယ်။ ပရိသတ်လည်း ကြိုက်ပါလိမ့်မယ်။ အဆွေးဘက် သွားတယ်။ မိုးသီချင်းက ရက်ရက်စက်စက်…

Page 1 of 3