Monday, 13 January 2020 09:57

81926322_2681100391982831_8223085921826766848_o.jpg

အာရွေဘာလုံးအဖြဲ႕ခ်ဳပ္က ႀကီးမႉးက်င္းပသည့္ ၂၀၂၀ အာရွခ်န္ပီယံလိဂ္အႀကိဳေျခစစ္ပြဲ ပထမအဆင့္ပြဲစဥ္မ်ားကို ဇန္နဝါရီ ၁၄ ရက္တြင္ က်င္းပမည္ေၾကာင္းသိရသည္။

ျမန္မာကလပ္ ရွမ္းယူႏိုက္တက္အသင္းသည္ အေဝးကြင္းပြဲယွဥ္ၿပိဳင္ကစားရန္ ယမန္ေန႔နံနက္ပိုင္းက ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕သို႔ ထြက္ခြာသြားသည္။

ရွမ္းယူႏိုက္တက္အသင္းသည္ အာရွခ်န္ပီယံလိဂ္အႀကိဳေျခစစ္ပြဲ ပထမအဆင့္တြင္ ဖိလစ္ပိုင္ကလပ္ ဆီရက္စ္အသင္းႏွင့္ အေဝးကြင္းကစားရမည္ျဖစ္ၿပီး ဇန္နဝါရီ ၁၄ ရက္ ျမန္မာစံေတာ္ခ်ိန္ ညေန ၆ နာရီတြင္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။

ဇန္နဝါရီ ၁၄တြင္ အာရွခ်န္ပီယံလိဂ္ပြဲအတြက္ ရွမ္းယူႏိုက္တက္အသင္း မနီလာၿမိဳ႕သို႔ သြားေရာက္ကစားမည္

ရွမ္းယူႏိုက္တက္အသင္းသည္ အာရွခ်န္ပီယံလိဂ္ေျခစစ္ပြဲတြင္ ဒုတိယအႀကိမ္ ယွဥ္ၿပိဳင္ရျခင္းျဖစ္ၿပီး ႏွစ္ႀကိမ္စလုံး ဆီရက္စ္အသင္းႏွင့္ ေတြ႕ဆုံခဲ့သည္။

ရွမ္းယူႏိုက္တက္အသင္းတြင္ အုပ္ခ်ဳပ္သူအပါအဝင္ နည္းျပအဖြဲ႕ဝင္ ရွစ္ဦး၊ ကစားသမား ၁၈ ဦး လိုက္ပါသြားသည္။

လိုက္ပါသြားသည့္သူမ်ားမွာ အဖြဲ႕ေခါင္းေဆာင္-ဦးရဲမ်ိဳးထြန္း၊ အုပ္ခ်ဳပ္သူ-ဦးဟန္ဝင္းေအာင္၊ နည္းျပခ်ဳပ္-ဦးေအာင္ႏိုင္၊ လက္ေထာက္နည္းျပ- ဦးေအာင္ေက်ာ္ထြန္း၊ ဦးစိုးမင္းဦး၊ ဂိုးနည္းျပ-ဦးရေဝဇင္၊ ဂိုး-သီဟစည္သူ၊ မ်ိဳးမင္းလတ္၊ ေနာက္တန္း-ေဒးဗစ္ဒန္း၊ ဟိန္းၿဖိဳးဝင္း၊ တလြန္ဟုတ္ထန္၊ နႏၵေက်ာ္၊ ဟိန္းသီဟေဇာ္၊ ဒန္နီရယ္၊ ရဲမင္းသူ၊ အလယ္တန္း-ဆက္ၿဖိဳးေဝ၊ ရန္ႏိုင္ဦး၊ ဇြဲသက္ပိုင္၊ ဈာေနရသူ၊ အဘူဘာကာ၊ မက္ဆီမင္၊ ေရွ႕တန္း-ကိသ္မာတူနာ၊ ဇင္မင္းထြန္းႏွင့္ စေအာင္ျပည့္ကိုတို႔ လိုက္ပါသြားသည္။

ရွမ္းယူႏိုက္တက္အသင္းသည္ ယခုရာသီျပည္တြင္းပြဲမ်ားတြင္ ရလဒ္ေကာင္းမ်ားရထားၿပီး ရာသီႀကိဳခ်ာရတီဖလားၿပိဳင္ပြဲတြင္ ရန္ကုန္အသင္းကို ႏွစ္ဂိုး-တစ္ဂိုးျဖင့္ အႏိုင္ရဗိုလ္စြဲထားသလို အမွတ္ေပးၿပိဳင္ပြဲအဖြင့္ပြဲတြင္ အား/ကာသိပၸံအသင္းကို တစ္ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရထားသည္။

နည္းျပ အန္တြမ္နီေဟး လက္ထက္မွာ ကစားပုံ သိသိသာသာ တိုးတက္ေျပာင္းလဲလာတဲ့ ျမန္မာအသင္း

May Thu Thu ( Yangon Directory )
Source; MirrorDaily

Unicode

ဇန်နဝါရီ ၁၄ တွင် ဖိလစ်ပိုင်ဆီရက်စ်အသင်းနှင့် အဝေးကွင်းကစားမည့် ရှမ်းယူနိုက်တက်အသင်း

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၂၀ အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များကို ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပမည်ကြောင်းသိရသည်။

မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရန် ယမန်နေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ထွက်ခွာသွားသည်။

ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲ ပထမအဆင့်တွင် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး နှစ်ကြိမ်စလုံး ဆီရက်စ်အသင်းနှင့် တွေ့ဆုံခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းတွင် အုပ်ချုပ်သူအပါအဝင် နည်းပြအဖွဲ့ဝင် ရှစ်ဦး၊ ကစားသမား ၁၈ ဦး လိုက်ပါသွားသည်။

လိုက်ပါသွားသည့်သူများမှာ အဖွဲ့ခေါင်းဆောင်-ဦးရဲမျိုးထွန်း၊ အုပ်ချုပ်သူ-ဦးဟန်ဝင်းအောင်၊ နည်းပြချုပ်-ဦးအောင်နိုင်၊ လက်ထောက်နည်းပြ- ဦးအောင်ကျော်ထွန်း၊ ဦးစိုးမင်းဦး၊ ဂိုးနည်းပြ-ဦးရဝေဇင်၊ ဂိုး-သီဟစည်သူ၊ မျိုးမင်းလတ်၊ နောက်တန်း-ဒေးဗစ်ဒန်း၊ ဟိန်းဖြိုးဝင်း၊ တလွန်ဟုတ်ထန်၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ ဒန်နီရယ်၊ ရဲမင်းသူ၊ အလယ်တန်း-ဆက်ဖြိုးဝေ၊ ရန်နိုင်ဦး၊ ဇွဲသက်ပိုင်၊ ဈာနေရသူ၊ အဘူဘာကာ၊ မက်ဆီမင်၊ ရှေ့တန်း-ကိသ်မာတူနာ၊ ဇင်မင်းထွန်းနှင့် စအောင်ပြည့်ကိုတို့ လိုက်ပါသွားသည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီပြည်တွင်းပွဲများတွင် ရလဒ်ကောင်းများရထားပြီး ရာသီကြိုချာရတီဖလားပြိုင်ပွဲတွင် ရန်ကုန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲထားသလို အမှတ်ပေးပြိုင်ပွဲအဖွင့်ပွဲတွင် အား/ကာသိပ္ပံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.