Saturday, 28 December 2019 07:54

27b1.jpg

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံး တတိယအဆင့်ခြေစစ်ပွဲတွင် မြောက်ကိုရီးယားအသင်း နုတ်ထွက်ခဲ့သောကြောင့် ပွဲစဉ်အချို့ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲကို ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းပါဝင်သည့် အုပ်စု (က) မှ မြောက်ကိုရီးယားအသင်း နုတ်ထွက်ခဲ့သောကြောင့် သုံးသင်းသာကျန်ရှိတော့ပြီး ခြေစစ်ပွဲ နောက်တစ်ဆင့်တက်ရောက်ခွင့်ရရန် အခွင့်အရေးရှိခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၄တွင် အာရှချန်ပီယံလိဂ်ပွဲအတွက် ရှမ်းယူနိုက်တက်အသင်း မနီလာမြို့သို့ သွားရောက်ကစားမည်

အုပ်စု (က) တွင် တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ သုံးသင်းသာ ကျန်ရှိပြီး အုပ်စု (ခ) တွင်မူ မူလအတိုင်း ဩစတြေးလျ၊ တရုတ်၊ ထိုင်းနှင့် တရုတ် (တိုင်ပေ) အသင်းတို့ ပါဝင်နေသည်။

မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဖေဖော်ဝါရီ ၃ ရက်တွင် တောင်ကိုရီးယားအသင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ ခြေစစ်ပွဲနောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် နောက်တစ်ဆင့်တက်ခွင့် တစ်နေရာအတွက် အာဆီယံဒေသတွင်း ပြိုင်ဘက်ဗီယက်နမ်နှင့် အပြိုင်လုရဖွယ်ရှိနေသည်။

မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲအတွက် ဒီဇင်ဘာ ၂၃ ရက်တွင် စတင်လေ့ကျင့်ခဲ့ရာ ပြင်ဆင်ချိန်တစ်လကျော်ရရှိမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ၊ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း ကစားသမားအချို့မှာ အခြားကိစ္စရပ်များကြောင့် နုတ်ထွက်မှုများရှိခဲ့သလို မရောက်ရှိလာသေးသည့် ကစားသမားများလည်းရှိနေသောကြောင့် ၂၁ ဦးသာ ရောက်ရှိလာသေးသည်။

အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအလိုက် ဆုရရှိမှု အခြေအနေ

ထို့ကြောင့် နည်းပြချုပ် ဦးဝင်းသူမိုးသည် ပဏာမလူစာရင်းကို အင်အားတိုးမြှင့်ခဲ့ပြီး ဂိုးသမားသန္တာဦးနှင့် နောက်ခံလူ နန့်ဇူးဇူးထက်တို့ကို အားဖြည့်ရွေးချယ်ခဲ့ရာ ၂၃ ဦးဖြင့် ဆက်လက်လေ့ကျင့်လျက် ရှိသည်။

Source Mirror Daily


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.