Saturday, 21 December 2019 07:17

80757754_2632297843529753_8903012663924097024_o.jpg

၂၀၂၀ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အကြိုခြေစစ်ပွဲ ပထမအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရထားသည့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် ဖိလစ်ပိုင်လိဂ်ချန်ပီယံ ဆီရက်စ်နီဂရိုးအသင်းနှင့် တွေ့ဆုံနေသည်။

မြန်မာကလပ်အသင်းများသည် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ (အရှေ့အာရှဇုန်)တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပထမအဆင့်ပွဲများ စတင်ကစားရာ အဆင့်သုံးဆင့်ကျော်ဖြတ်ပြီး ခြေစစ်ပွဲအောင်မြင်၍ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအလိုက် ဆုရရှိမှု အခြေအနေ

ပထမအဆင့် ခြေစစ်ပွဲကို ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းသည် ဆီရက်စ်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်ကာ မနီလာမြို့ရှိ ရီဇယ်လ် အမှတ်တရကွင်း၌ ကျင်းပမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ဆီရက်စ်အသင်းကို ကျော်ဖြတ်နိုင်ပါက ဒုတိယအဆင့်တွင် ထိုင်းကလပ် Port အသင်း၊ Play-off အဆင့်တွင် ဂျပန်ကလပ် တိုကျိုအသင်းတို့နှင့် ကစားရမည်ဖြစ်ကာ သုံးဆင့်စလုံးကျော်ဖြတ်နိုင်မှ နောက်ဆုံးအဆင့် အုပ်စုပွဲများကို ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပနေသည့် ကလပ်ပြိုင်ပွဲများတွင် အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး မြန်မာကလပ်အသင်းများသည် တိုက်ရိုက်ယှဉ်ပြိုင်ခွင့် မရသေးဘဲ အမှတ်ပေး ချန်ပီယံတစ်သင်းသာ အကြိုခြေစစ်ပွဲ ပထမအဆင့်မှ စတင်ကစားရခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲတွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး၂၀၁၈ ပြိုင်ပွဲတွင် ဆီရက်စ်အသင်းနှင့်ပင် တွေ့ဆုံခဲ့ကာ ပယ်နယ်တီအဆုံးအဖြတ်တွင် အရေးနိမ့်ပြီး ပထမအဆင့်မှ ထွက်ခဲ့ရသည်။

နည်းပြ အန်တွမ်နီဟေး လက်ထက်မှာ ကစားပုံ သိသိသာသာ တိုးတက်ပြောင်းလဲလာတဲ့ မြန်မာအသင်း

ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်တွင် ခြေစစ်ပွဲမအောင်ပါက AFC Cup ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Source MirrorDaily


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.