Friday, 13 December 2019 03:37

79097982_1538537169618423_9018252121149014016_o.jpg

၂၀၁၉ ဗီယက်နမ် လူငယ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၁၉အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းလေးသင်း ပါဝင်ကစားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဘင်ဒေါင်းမြို့၌ ကျင်းပမည်ဖြစ်သည်။

အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအလိုက် ဆုရရှိမှု အခြေအနေ

ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပမည်မဟုတ်ဘဲ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ၊ တတိယလုပွဲပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယား ယူ- ၁၉အသင်းနှင့် ဗီယက်နမ် ကလပ်ဘင်ဒေါင်းအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ ယူ- ၁၉ အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲ များစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုပြိုင်ပွဲမတိုင်မီက ဗီယက်နမ် ယူ- ၁၉ ဖိတ်ခေါ်ပြိုင်ပွဲ၊ ဟောင်ကောင် ယူ- ၁၈ ဖိတ်ခေါ်ပြိုင်ပွဲ၊ တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတို့တွင်လည်း ယှဉ်ပြိုင်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံ၊ တရုတ်တိုင်ပေ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့ပြီး ယခုပြိုင်ပွဲမှာ စတုတ္ထမြောက် ဖိတ်ခေါ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားသည်။

နည်းပြ အန်တွမ်နီဟေး လက်ထက်မှာ ကစားပုံ သိသိသာသာ တိုးတက်ပြောင်းလဲလာတဲ့ မြန်မာအသင်း

ပွဲစဉ်ရေးဆွဲထားမှုအရ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၄ ရက်တွင် မြန်မာအသင်းနှင့် ဘင်ဒေါင်းအသင်း၊ ဒီဇင်ဘာ ၁၅ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တတိယလုပွဲကို ဒီဇင်ဘာ ၁၇ ရက်၊ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။

Source Mirror Daily


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.