Saturday, 07 December 2019 04:19

fe09aa9bf3d54b18959debcb9b68cfcf_18.jpg

အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု အခြေအနေများကို ဖော်ပြပေးလိုက်ပါသည်။

၁။ ဖိလစ်ပိုင်နိုင်ငံသည် ရွှေ (၇၆) ခု၊ ငွေ (၅၅) ခု၊ ကြေး (၅၁) ခု (စုစုပေါင်း ၁၈၂ ခု) ရရှိထားပါသည်။

၂။ အင်ဒိုနီးရှားနိုင်ငံသည် ရွှေ (၄၀) ခု၊ ငွေ (၄၁) ခု၊ ကြေး (၄၇) ခု (စုစုပေါင်း ၁၂၈ ခု) ရရှိထားပါသည်။

၃။ ဗီယက်နမ်နိုင်ငံသည် ရွှေ (၃၈) ခု၊ ငွေ (၄၁) ခု၊ ကြေး (၅၂) ခု (စုစုပေါင်း ၁၃၁ ခု) ရရှိထားပါသည်။

၎။ စင်ကာပူနိုင်ငံသည် ရွှေ (၃၂) ခု၊ ငွေ (၂၂) ခု၊ ကြေး (၃၆) ခု (စုစုပေါင်း ၉၀ ခု) ရရှိထားပါသည်။

၅။ မလေးရှားနိုင်ငံသည် ရွှေ (၂၈) ခု၊ ငွေ (၂၀) ခု၊ ကြေး (၂၉) ခု (စုစုပေါင်း ၇၇ ခု) ရရှိထားပါသည်။

မုန်တိုင်းကြောင့် လေဆိပ်ပိတ်ထားသဖြင့် မြန်မာအားကစားသမားများ ဖိလစ်ပိုင်တွင် သောင်တင်နေ

၆။ ထိုင်းနိုင်ငံသည် ရွှေ (၂၃) ခု၊ ငွေ (၃၆) ခု၊ ကြေး (၄၃) ခု (စုစုပေါင်း ၁၀၂ ခု) ရရှိထားပါသည်။

၇။ မြန်မာနိုင်ငံသည် ရွှေ (၂) ခု၊ ငွေ (၁၀) ခု၊ ကြေး (၂၄) ခု (စုစုပေါင်း ၃၆ ခု) ရရှိထားပါသည်။

၈။ ကမ္ဘောဒီးယားနိုင်ငံသည် ရွှေ (၂) ခု၊ ငွေ (၄) ခု၊ ကြေး (၁၇) ခု (စုစုပေါင်း ၂၃ ခု) ရရှိထားပါသည်။

၉။ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသည် ရွှေ (၁) ခု၊ ငွေ (၅) ခု၊ ကြေး (၅) ခု (စုစုပေါင်း ၁၁ ခု) ရရှိထားပါသည်။

၁၀။ လာအိုနိုင်ငံသည် ငွေ (၃) ခု၊ ကြေး (၁၂) ခု (စုစုပေါင်း ၁၅ ခု) ရရှိထားပါသည်။

၁၁။ တီမောလက်စ်တေနိုင်ငံသည် ဆုတံဆိပ်ရရှိခြင်း မရှိသေးပါ။

ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာယူ-၂၂ အသင်း၏ ပွဲစဉ်ဇယား

ယခုကျင်းပနေသည့် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၉ ရက်နေ့ထိ ကျင်းပနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် အဆင့် (၇) နေရာတွင် ရှိနေပြီး ရွှေ (၂) ခု၊ ငွေ (၁၀) ခု၊ ကြေး (၂၄) ခု၊ စုစုပေါင်း ဆုတံဆိပ် ၃၆ ခုကို ရရှိထားသည်။

မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို Arnis ကစားသမား အိနြေ္ဒဖူး ရယူပေးခဲ့ပြီး ဒုတိယမြောက် ရွှေတံဆိပ်ဆုကို အောင်မိုးသူနှင့် ဖုန်းမြင့်ကျော်မှ (MEN 9-BALL POOL DOUBLE) ကစားပွဲမှ ရယူပေးခဲ့သည်။

May Thu Thu


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.