Wednesday, 16 October 2019 09:47

u-22.jpg

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမယ့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက မနီလာမြို့တွင် ကျင်းပခဲ့ပြီး မြန်မာအမျိုးသားဘောလုံးအသင်းက အုပ်စု(က)တွင် ပါဝင်ခဲ့ပါတယ်။

၂၀၁၉ ဆီးဂိမ်းအတွက် အုပ်စုခွဲဝေမှုအရ အုပ်စု(က) တွင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တီမောအသင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်ပြီး အုပ်စု (ခ) တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း နှင့် စင်ကာပူတို့ ပါဝင်နေပါတယ်။

အမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

အမျိုးသားဘောလုံးပြိုင်ပွဲကို အရှေ့တောင်အာရှ နိုင်ငံ (၁၁) နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ငါးသင်း တစ်အုပ်စုနှင့် ခြောက်သင်း တစ်အုပ်စု ခွဲထားပါတယ်။

ဇွဲကပင်အသင်းမှ ကြည်လင်းကို ရန်ကုန်ယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

မြန်မာအသင်းသည် ၂၀၁၇ ဆီးဂိမ်းတွင် ယှဉ်ပြိုင်ခဲ့ရသည့် အသင်းများအနက် မလေးရှားအသင်းနှင့်သာ ပြန်လည်တွေ့ဆုံပြီး အဆိုပါ ပွဲတွင် မြန်မာအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားပါတယ်။ ၂၀၁၇ ဆီးဂိမ်းတွင် ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သော်လည်း ဆုတံဆိပ်မရရှိခဲ့ပါ။

၂၀၁၉ ဆီးဂိမ်း အတွက် မြန်မာယူ-၂၂ အသင်းသည် ကစားသမား ၃၉ ဦးဖြင့် ယခုနှစ်လယ်ပိုင်းကတည်းက ကြိုတင်ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

မြန်မာယူ-၂၂ အသင်းရဲ့ ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယခုလတွင် ကာတာနိုင်ငံတွင် ခြေစမ်းပွဲများ ကစားသွားမယ်လို့သိရပါတယ်။

၂၀၁၉ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အတွက် အသက် ၂၂ အောက် ပြိုင်ပွဲအဖြစ် ကျင်းပသော်လည်း အသက်ကျော် ကစားသမား နှစ်ဦးကို ထည့်သွင်းအသုံးပြုခွင့် ပေးထားပါတယ်။

ဘောလုံးချစ်သူများ အကြိုက်တွေ့စေမယ့် ရန်ကုန်မြို့က အားကစားပစ္စည်း အရောင်းဆိုင်များ

MOI


Read times Last modified on Saturday, 19 October 2019 10:56
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.