Wednesday, 09 October 2019 05:15

1570245807pic0th.jpg

Zawgyi Version




ထို့အပြင် ရန်ကုန်အသင်းသည် ဇွဲကပင်ကွင်းလယ်လူ မောင်မောင်ဝင်းကိုလည်း၂ နှစ်စာချုပ်ဖြင့် အားဖြည့်ခေါ်ယူခဲ့ပါတယ်။

ONE:CENTRUY ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်မယ့် " မြန်မာ့စပါးအုံး " အောင်လအန်ဆန်း




Source: Eleven

==========

Unicode Version

ဇွဲကပင်အသင်းမှ ကြည်လင်းကို ရန်ကုန်ယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ဘောလုံးရာသီ အကြိုပြင်ဆင်မှုများအဖြစ် ကစားသမားအသစ်များ စတင်ခေါ်ယူ အားဖြည့်နေပြီဖြစ်ပြီး ဇွဲကပင်အသင်းမှ ကြည်လင်းကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း သိရပါတယ်။

ကြည်လင်းဟာ ရန်ကုန်အသင်းတွင် ၂၀ဝ၉ မြန်မာလိဂ် စတင်ချိန်မှ ၂၀၁၉ ရာသီဝက်အထိ ယှဉ်ပြိုင်ကစားပြီးနောက် ဇွဲကပင်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ယခုရန်ကုန်အသင်းသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

ကြည်လင်းက ရန်ကုန်ယူနိုက်တက်သို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရသဖြင့် ဂုဏ်ယူကြောင်းနှင့် အသင်းအတွက် အကောင်းဆုံးပေးဆပ်မည်ဟု ပြောကြားထားပါတယ်။

ထို့အပြင် ရန်ကုန်အသင်းသည် ဇွဲကပင်ကွင်းလယ်လူ မောင်မောင်ဝင်းကိုလည်း၂ နှစ်စာချုပ်ဖြင့် အားဖြည့်ခေါ်ယူူခဲ့ပါတယ်။

မောင်မောင်ဝင်းသည် မကွေးအသင်းတွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြင့် စတင်ခဲ့ပြီး ဇေယျာရွှေမြေ၊ ရခိုင်၊ ချင်းလန်း (ယခင် GFA အသင်း) နှင့် ဇွဲကပင်အသင်းတို့တွင် ကစားခဲ့ဖူးကြောင်း သိရပါတယ်။

ကစားသမားဘ၀ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း မောင်မောင်ဝင်းက ပြောပါတယ်။

ရန်ကုန်အသင်းသည် ယခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက် ချန်ပီယံဆု ရရှိခဲ့သဖြင့် လာမည့် ၂၀၂၀ အေအက်ဖ်စီ ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားတာဖြစ်ပါတယ်။

Source: Eleven


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.