Tuesday, 27 August 2019 08:39

 

sportstore.png

ဘောလုံးအားကစားကို သဘောကျ နှစ်သက်သူတွေအတွက် ရန်ကုန်မြို့က ဘောလုံးအားကစားပစ္စည်း အစုံအလင်ရနိုင်မယ့် ဆိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Sports World အားကစားကမ္ဘာ
အားကစားကမ္ဘာမှာ အားကစားပစ္စည်း အမျိုးမျိုး အပြင် လေ့ကျင့်ခန်းစက် အမျိုးမျိုးကိုလည်း လက်လီလက်ကား ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် ကလေးဝတ်စုံရော၊ လူကြီး ဝတ်စုံပါ ရနိုင်သေးပြီး ဈေးနှုန်းလည်း သင့်တင့်ပါတယ်။
အမှတ် ၃၁၅/၃၁၇/၃၁၉၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘားလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
ဖုန်း- ၀၁-၃၇၆၉၂၇

၂။ Winner Sport Myanmar
အရည်အသွေးကောင်းတဲ့ အားကစားပစ္စည်း စုံစုံလင်လင်ကို ရှာဖွေနေတယ်ဆိုရင်တော့ Winner Sport Myanmar က အဆင်ပြေတဲ့ ဆိုင်တစ်ဆိုင်ပါ။ ဒီဆိုင်မှာလဲ လေ့ကျင့်ခန်းစက်တွေ စုံစုံလင်လင် ရရှိနီုင်ပါသေးတယ်။
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၇ နာရီ အထိ ဖြစ်ပါတယ်။
ဘားလမ်း၊ အပေါ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၁-၃၅၇၃၁၃

၃။ Empire Sports Zone
Empire Sports Zone မှာ အားကစားပစ္စည်းမျိုးစုံနဲ့ လေ့ကျင့်ရေးစက်အမျိုးမျိုး အပြင် ဘိလိယက်နဲ့ စနူကာ ဆက်စပ်ပစ္စည်းတွေကိုလည်း လက်လီလက်ကား ဝယ်ယူရရှိနိုင်ပါတယ်။ ဈေးနှုန်းတွေကလည်း သင့်တင့်တာမို့ အားကစားချစ်သူတွေ အကြိုက်တွေ့စေမယ့် ဆိုင်တစ်ဆိုင်ပါ။
အမှတ် (၁၂၈)၊ ၂၅လမ်း (အလယ်) မြေညီထပ်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉-၅၅၀၆၃၆၄

အခြားသော အားကစား ပစ္စည်းအရောင်းဆိုင်များကိုလည်း အောက်ပါလင့်ခ်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

>>> http://bit.ly/2U5IQ5O 

၎။ BARCLAYS FOR YOU
BARCLAYS ဆိုင်မှာတော့ ဘောလုံးအသင်း ဂျာစီတွေ အပြင်၊ ဘော်လီဘောဂျာစီ၊ ဘတ်စကတ်ဘောဂျာစီနဲ့ တခြား အမှတ်တရပစ္စည်းတွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။ ဂျာစီကိုမှ ထိုင်းနိုင်ငံထုတ်နဲ့ တရုတ်နိုင်ငံထုတ် (၂) မျိုး ရနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီမှ ည ၈း၃၀ အထိ ဖြစ်ပါတယ်။
အမှတ် (၁၃၉)၊ ၄၇ လမ်း (အထက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၁-၂၉၄၁၈၈

၅။ Premier အားကစားပစ္စည်းဆိုင်
ဒီဆိုင်မှာတော့ အားကစားပစ္စည်းအမျိုးမျိုးကို လက်လီလက်ကား ဝယ်ယူနိုင်တဲ့ အပြင် မိမိကြိုက်နှစ်သက်တဲ့ ဘောလုံးအသင်းရဲ့ အရောင်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်။
ဆိုင် (၁) - အမှတ် (၄၈/ခ) အင်းစိန်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်
ဖုန်း - ၀၉-၇၃၂၁၈၂၆၁၊ ၀၉-၂၅၀၃၆၈၈၂၅
ဆိုင် (၂) - အမှတ် (၁၆/၁၇) သုဓမ္မာလမ်းမကြီး၊ (၆)ကွေ့၊ မြောက်ဥက္ကလာမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉-၇၉၅၅၄၀၁၀၂

>>> ရန်ကုန်မြို့က ချစ်တီးထမင်းဆိုင်ကောင်းကောင်းများ

၆။ Sports Collection Myanmar
ဈေးနှုန်းသင့်တင့်ပြီး အားကစားပစ္စည်းအမျိုးအစား စုံစုံလင်လင် ရချင်တယ်ဆိုရင်တော့ Sports Collection Myanmar က သင့်အတွက် အသင့်တော်ဆုံးပါ။
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ညနေ ၆ နာရီခွဲ အထိ ဖြစ်ပါတယ်။
ဆိုင်အမှတ် (၅)၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ဦးချစ်မောင်လမ်းမပေါ် Lucky 7 လက်ဖက်ရည်ဆိုင်အနီး၊ မြလမ်းကားမှတ်တိုင်၊ တာမွေမြို့နယ်၊ ရန်ကုန်
ဖုန်း - ၀၉-၅၄၅၅၅၅၆၁၊ ၀၉-၇၈၀၅၅၅၅၆၁

၇။ MJ Sports
MJ Sports ဆိုင်မှာ ဘောလုံးအားကစား ပစ္စည်းတွေ စုံစုံလင်လင် ရနိုင်တဲ့အပြင် ဈေးနှုန်းသင့်တင့်ပြီး Quality လည်းကောင်းလို့ ဘောလုံးချစ်သူတွေ အကြိုက်တွေ့စေမယ့် ဆိုင်တစ်ဆိုင်ပါ။
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၉ နာရီ အထိ ဖြစ်ပါတယ်။
ဆိုင်အမှတ် (၂၂၂)၊ အင်းစိန်လမ်းမကြီးပေါ်၊ ဘာတာမှတ်တိုင်ရှေ့၊ Yangon United ဘောလုံးကွင်းအနီး၊ (၁၃) ရပ်ကွက်၊ လှိုင်မြို့နယ် ၊ ရန်ကုန်။
ဖုန်း - ၀၉-၇၇၅၂၂၉၀၂၂


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.