Friday, 23 August 2019 03:39

 

mya-1-2-viet-social.jpg

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ ခုနှစ် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုဒုတိယနေရာဖြင့်သာ အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့သည်။

သြဂုတ် ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဗီယက်နမ်အသင်းနှင့် အုပ်စုဗိုလ် အဆုံးအဖြတ် နောက်ဆုံးပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းက လေးဂိုးပြတ် ရှုံးနိမ့်ခဲ့သည့်အတွက် ဒုတိယနေရာဖြင့်သာ အကြိုဗိုလ်လုပွဲကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည်ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းကို ခုနစ်ဂိုးပြတ်၊ ကမ္ဘောဒီးယားအသင်းကို ၁-၁၀ ဖြင့် အနိုင်ရခဲ့သော်လည်း ဗီယက်နမ်အသင်းကို လေးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် အုပ်စုဒုတိယသာ ရခဲ့သည်။

ယင်းအတွက်ကြောင့် မြန်မာအသင်းသည် တစ်ဖက်အုပ်စုမှ ပထမရရှိလာမည့် အသင်းနှင့် အကြိုဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည်ဖြစ်ပြီး ပွဲစဉ်များကို သြဂုတ် ၂၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။

>>>အားကစားအသင်းအဖွဲ့များ

အုပ်စု (က) တွင် ထိုင်းနှင့် ဖိလစ်ပိုင်အသင်းတို့က အုပ်စုတက်ရန် အခြေအနေကောင်းနေပြီး တီမော၊ မလေးရှားအသင်းတို့မှာ ဖိအားပေးလျက် ရှိသည်။

သို့သော်လည်း ၂၀၁၉ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ထိုင်းအသင်းမှာ အုပ်စု ပထမရရှိရန် ရေပန်းစားနေပြီး မြန်မာအသင်း အနေဖြင့် အကြို ဗိုလ်လုပွဲတွင် ရင်ဆိုင်ရရန် ရာနှုန်းများလျက် ရှိသည်။

>>> မြန်မာနိုင်ငံအတွင်း လတ်တလော ခရီးမသွားသင့်သေးသည့် နေရာများ

မြန်မာအသင်းသည် ၂၀၁၈ ခုနှစ်က ယှဉ်ပြိုင်ခဲ့သည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ထိုင်းအသင်းကို ရှုံးနိမ့်ကာ တတိယလုပွဲသာ ကစားခဲ့ရပြီး တတိယလုပွဲတွင်လည်း ဗီယက်နမ်ကို ရှုံးနိမ့်ကာ စတုတ္ထနေရာသာ ရယူနိုင်ခဲ့သည်။

MyanmarTimes


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.