Friday, 24 May 2019 04:32

 

fuu_sal.jpeg

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် နိုင်ငံတကာအဆင့်မီ ဖူဆယ်ကွင်းရုံ တည်ဆောက်သွားရန်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က အမေရိကန်ဒေါ်လာ ၂သန်း( ကျပ်သိန်း သုံးသောင်း) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ တည်ဆောက်ရန်အတွက် FIFA Forward Program အနေဖြင့် ခွင့်ပြုပေးရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ထံသို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က တင်ပြတောင်းခံခဲ့ပြီး ထိုတင်ပြမှုအား ဖီဖာမှခွင့်ပြုလိုက်ပြီဖြစ်ကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ဖီဖာမှ ပုံမှန်စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း ဧရိယာအတွင်း၌ တည်ဆောက်သွားမည့် ဖူဆယ်ကွင်းအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာက တင်ဒါကို ကြိုတင်၍ ကြေညာထားခဲ့သည်။ လက်ရှိတွင် တင်ဒါအောင်မြင်ခဲ့သည့် Suntac Company အနေဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး ၂၀၂၀ နှစ်လယ်ပိုင်းအတွင်း ဖူဆယ်အားကစားရုံ ပြီးစီးမည်ဖြစ်ကာ ပရိသတ် ၂၀၀၀ အထိ အားပေးကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Source : Pyi Myanmar

ရန်ကုန်မြို့မှာရှိတဲ့ အားကစားကွင်းများကို အောက်ဖော်ပြပါ Link တွင် တစ်စုတစ်စည်းတည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

http://bit.ly/2JC9zoe


Read times Last modified on Friday, 24 May 2019 04:53
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.