Friday, 10 May 2019 11:41

women_fb.jpg

 

ဒီနေ့ AFF U15 Girls' Championship 2019 ပွဲတွင် ယူ၁၅ မြန်မာအမျိုးသမီးအသင်းမှ အရှေ့တီမော ယူ၁၅ အမျိုးသမီးအသင်းအား ၂၆ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းနှင့် အရှေ့တီမော ယူ၁၅ အမျိုးသမီးအသင်းတို့ မြန်မာစံတော်ချိန် နေ့လည် ၂နာရီ ၃၀မိနစ် အချိန်က IPE ဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှ ထိုသို့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ယင်းပွဲစဉ်အစ ပထမပိုင်းပွဲချိန်တ၀က်ပြီးချိန်တွင် မြန်မာအသင်းဘက်မှ သန်းသန်းစိုး၊ ယုယနိုင်၊ ဇင်မိုးပြည့်၊ ဆုမြတ်နိုး၊ ထူးသိင်္ဂီနိုင် တို့က ၁၅ ဂိုးဖြင့်အနိုင်ဦးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းပွဲပြီးချိန်တွင်တော့ ယူ၁၅ အမျိုးသမီးအသင်းမှ အရှေ့တီမောအသင်းကို ၂၅ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာဘောလုံးလောကအတွက်တော့ ယူ၁၅ မြန်မာအမျိုးသမီးအသင်းဟာ အားရဂုဏ်ယူစရာ ဖြစ်စေလာပါတယ်။

Shinn Khant ( MyYangon )
My Yangon


Read 81 times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.