Tuesday, 26 March 2019 07:43

 

tun_tun_win.jpg

ယခုလ ၃၁ရက်၊ ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပသွားမည့် Lethwei Nation Fight (Yangon) မြန်မာ-ထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး မွေထိုင်းကမ္ဘာ့ချန်ပီယံ ထာနီလစ် နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည့်ပွဲအတွက် ဒဏ်ရာအခြေအနေမှာ ပိုမိုသက်သာနေပြီး လေ့ကျင့်မှုများကိုကောင်းကောင်းပြုလုပ်ထားနိုင်ကြောင်းနှင့် အရင်ပွဲများထက် ရလဒ်ပိုကောင်းအောင် ထိုးသတ်သွားနိုင်မည် ဖြစ်ကြောင်း ရိုးရာလက်ဝှေ့ မြန်မာပြည်အလွတ်တန်းချန်ပီယံဟောင်း ထွန်းထွန်းမင်းက ပြောပါတယ်။

lethwei.jpg

ထွန်းထွန်းမင်းသည် ဒူးဒဏ်ရာသက်သာလာပြီးနောက် ပြန်လည်ထိုးသတ်ခဲ့သည့် ထိုင်းနာမည်ကြီးလက်ဝှေ့သမား ဆိုင်းယော့၊ ကွန်ဂိုလက်ဝှေ့သမား ဒါရိလိုကုကု၊ ဒေ့ဗ် တို့နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲများတွင် သရေရလဒ်များသာ ရယူနိုင်ခဲ့ပါတယ်။

''နောက်ဆုံး ဒေ့ဗ် နဲ့ ထိုးခဲ့ပွဲမှာ ကျွန်တော်ဒူးဒဏ်ရာက အခုအခြေအနေလောက် မကောင်းခဲ့ဘူးပေါ့။ ကျွန်တော် စိတ်လွတ်ပြီး မကစားရဲခဲ့ဘူး။ အရင်သုံးပွဲနဲ့စာရင် ကျွန်တော့်ဒဏ်ရာက အခုပွဲအတွက်မှာ အများကြီးသက်သာတယ်လို့ ခံစားရတယ်။ အရင်ကဆို စိတ်လွတ်ပြီး ကျွန်တော်မကစားရဲခဲ့ဘူး။ အခုဆို ကျွန်တော် ရဲရဲ ကစားသွားနိုင်ပြီ။ လေ့ကျင့်မှုတွေလည်း ကောင်းကောင်းလုပ်ထားနိုင်တယ်'' ဟု ထွန်းထွန်းမင်းက ပြောပါတယ်။

lethwei3.jpg

ထွန်းထွန်းမင်းနှင့်ယှဉ်ပြိုင်ထိုးသတ်သွားမည့် ထာနီလစ် ဟာ WMC( World MuayThiai Champion 2017) ချန်ပီယံ နှင့် MX.MUAY ချန်ပီယံ ခါးပတ်တို့ကို ရရှိထားသူဖြစ်ပြီး ထိုရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးတွင် ထွန်းထွန်းမင်းနှင့် ထာနီလစ်တို့၏ အဓိကတွဲဆိုင်းအပါအ၀င် အထူးငါးချီစိန်ခေါ်ပွဲ ၈ပွဲ နှင့် မျိုးဆက်သစ်ပွဲ ၁၃ပွဲအထိ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့်အတူ လက်ဝှေ့အကျော်အမော်များစွာတို့ ယှဉ်ပြိုင်သွားကြမယ့် Lethwei Nation Fight (Yangon) ပွဲကြီးကို မတ်လ ၃၁ ရက်နေ့၊ တနင်္ဂနွေနေ့ နေ့လည် ၂နာရီ CANAL+ SPORTS ချန်နယ်တစ်ခုတည်းမှာသာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Source: Pyi Myanmar


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.