Monday, 18 March 2019 06:47

uzaw-min.jpg

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်၌ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် က အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ အာဆီယံဘောလုံး အဖွဲ့ချုပ် ကွန်ဂရက်ကို မတ်လ ၁၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပခဲ့ပါတယ်။

အဆိုပြုရွေးချယ်မှုအရ ဦးဇော်ဇော် ဟာ ဒုတိယအကြိမ်မြောက် အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

သြစတြေးလျနှင့် အာဆီယံဒေသတွင်း နိုင်ငံအားလုံးပါဝင်သည့် အာဆီယံဘောလုံးအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ Major General Khiev Sameth က ရွေး ချယ်တင်မြှောက်ခံခဲ့ရပါတယ်။

ဦးဇော်ဇော် ဟာ မလေးရှား မှ ဘင်ဟာဂျီမိုဒ် အမင်၊ တီမော မှ ဖရန်စ္စကို ခါလ်ဘူအာဒီလေ တို့နှင့်အတူ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အဖြစ် ၂၀၁၉ မှ ၂၀၂၃ အထိ တာဝန်ထမ်း ဆောင်မှာဖြစ်ပါတယ်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကောင်စီ အစည်းအဝေးသို့ MFF ဥက္ကဋ္ဌနှင့် အတူ စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Source: 7DayDaily


Read 57 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.