Friday, 08 March 2019 03:25

uzawzaw-min.jpg

ယခုနှစ်အတွင်း ကျင်းပသွားမည့် အာရှဘောလုံးအဖွဲ့ချုပ်(AFC) ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် က AFC ဒုတိယ ဥက္ကဋ္ဌနေရာကို ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ်၊ ဧပြီ ၆ရက်နေ့ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသွားမည့် အာရှဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနေရာအတွက် အာရှဇုန်ငါးဇုန်မှ ဒုဥက္ကဋ္ဌတစ်ယောက်စီကို ရွေးချယ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အာဆီယံဇုန်အတွင်းမှဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းထားခြင်းဖြစ်ပါတယ်။

uzz-min.jpg

''မြန်မာရယ်၊ ဗီယက်နမ်ရယ်၊ မလေးရှားရယ် အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနေရာအတွက် ၀င်ရောက် ပြိုင်သွားမှာ ဖြစ်ပါတယ်'' လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် က ပြောပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနေရာအတွက် ငါးနေရာသတ်မှတ်ထားပြီး အာရှအနောက်ဇုန်မှ ဆော်ဒီအာရေဗျ၊ ကာတာ၊ လက်ဘနွန်၊ အလယ်အာရှဇုန်မှ ကာဂျစ္စတန်၊ အီရန်၊ တောင်အာရှဇုန်မှ ပါကစ္စတန်၊ အာဆီယံဇုန်မှ မလေးရှား၊ ဗီယက်နမ်၊ မြန်မာ၊ အရှေ့အာရှဇုန်မှ မွန်ဂိုလီးယား၊ တောင်ကိုရီးယား၊ တရုတ် နိုင်ငံတို့က ၀င်ရောက် ယှဉ်ပြိုင်သွားရန် စာရင်းပေးသွင်းထားကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားပါတယ်။

၂၀၁၉ ခုနှစ်မှ ၂၀၂၃ အထိ တာဝန်ထမ်းဆောင်သွားရမည့် အဆိုပါ AFC ရွေးပွဲအတွက် အမြင့်ဆုံးနေရာဖြစ်သည့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ နေရာအတွက် ဘာရိန်း၊ ကာတာ၊ ယူအေအီး နိုင်ငံတို့မှလည်း စာရင်းတင်သွင်းထားကြောင်း သိရပါတယ်။

Source: PyiMyanmar


Read 38 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.