Thursday, 07 March 2019 10:42

 

Mourinho-Man-United-725652.jpg
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ၎င်းအနေနှင့် အသင်းနည်းပြ ဆိုလာရီကို ဘောလုံးရာသီပြီးဆုံးချိန်တိုင်သည်အထိ ဆက်လက်တာဝန်ပေးသွားမည်သာဖြစ်ကြောင်း အသိပေးလိုက်ပြီး ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာရန် ထိပ်ဆုံးနေရာက ရေပန်းစားနေသည့် မော်ရင်ညိုကမူ လက်ရှိအချိန်တိုင်သည်အထိ ရီးရဲလ်မက်ဒရစ်ဘက်က ၎င်းကို တရားဝင်ဆက်သွယ်ကမ်းလှမ်းခြင်း မရှိသေးဟု ထုတ်ဖော်ပြောကြားထားကြောင်း The Mirror က ဖော်ပြထားသည်။
 
ရီးရဲလ်မက်ဒရစ်အသင်းသည် ခြောက်ရက်တာကာလအတွင်း စပိန်ဘုရင့်ဖလားပြိုင်ပွဲနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတို့မှနေ၍ ရှုံးနိမ့်ထွက်ခွာလိုက်ရပြီး လာလီဂါပြိုင်ပွဲတွင် အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခွင့်ရနိုင်ရေးမှာလည်း ရီးရဲလ်မက်ဒရစ်အတွက် အခွင့်အလမ်း လွန်စွာနည်းပါးနေပြီဖြစ်သည်။
 
မော်ရင်ညိုသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်တိုင်သည်အထိ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိအချိန်တွင် ရီးရဲလ်မက်ဒရစ်မှာ အကြီးစားပြုပြင်ပြောင်းလဲရေးတစ်ရပ် ဆောင်ရွက်ရမည့်အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်၍ တာဝန်ယူရသည့်နည်းပြအတွက် လွန်စွာဖိအားများနိုင်သည်ဟုလည်း မော်ရင်ညိုက မှတ်ချက်ပေးထားသည်။
 
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ဆိုလာရီကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက မော်ရင်ညို၊ ပိုချက်တီနိုနှင့် ဂျာဂင်ကလော့ပ်တို့အနက်မှတစ်ဦးကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ရည်ရွယ်ထားပြီး ဆိုလာရီကမူ ရီးရဲလ်မက်ဒရစ်ကို ၎င်းတာဝန်ယူခွင့်ရသော နောက်ဆုံးပွဲစဉ်တိုင်သည်အထိ အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ရန်သာ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်အသိပေးထားသည်။
 
မော်ရင်ညိုသည် ဘာစီလိုနာနှင့် အေဂျက်တို့ကို ရီးရဲလ်မက်ဒရစ် ရင်ဆိုင်ခဲ့သောပွဲစဉ်များတွင် ပရိသတ်များက ၎င်းအမည်ကို သီချင်းအဖြစ် သီဆိုဟစ်ကြွေးခဲ့ကြသည်ကို လွန်စွာပျော်ရွှင် ကျေနပ်ရကြောင်းလည်း ပြောကြားသွားခဲ့ပြီး သေချာသည့်အချက်တစ်ခုကမူ လာမည့်ဘောလုံးရာသီသစ် စတင်တော့မည့်အချိန်တွင် ၎င်းလုပ်ငန်းခွင် ပြန်ဝင်သည်ကို မြင်တွေ့ရမည့်အချက်သာဖြစ်သည်ဟု မော်ရင်ညိုက မှတ်ချက်ပေးသွားခဲ့သည်။
 
source thevoice 

 


Read 16 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.