Wednesday, 06 March 2019 06:55

 

အာရှသမိုင်းမှာ အကြီးမားဆုံး ကမ္ဘာ့အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိသော ONE Championship (ONE)ဟာ ONE: Reign Of Valor Open Workout ကို မနေ့က ၅ရက်နေ့ အင်္ဂါနေ့တွင် Transcend Gym မှာကျင်းပခဲ့ပါတယ်။

fsdfgsdfh-min.jpeg

အဆိုပါ ONE: Reign Of Valor ပွဲကြီးပွဲကောင်းကို လာမည့် မတ်လ ၈ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပသွားမှာဖြစ်ပြီး ဆွီဒင်နိုင်ငံမှ Zebaztian Kadestam နှင့် ကာဇက်စတန်နိုင်ငံမှ Georgiy Kichigin တို့နှင့် မြန်မာနိုင်ငံမှ ဖိုးသော်၊ တီရယ်လ်ထန်၊ Bozhena Antoniyar နှင့် အခြား Martial Arts သိုင်းပေါင်းစုံကစားသမားများ ပါဝင်ယှဉ်ပြိုင်သွားမှာပါ။

ယင်းပွဲစဉ်ရဲ့ အဓိကတွဲဆိုင်း ပွဲကြီးမှာ Zebaztian "The Bandit" Kadestam ( ONE ၀ယ်သာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် )ဟာ Georgiy "Knight" Kichigin တို့ရင်ဆိုင်ကာ ထိုးသတ်သွားကာ ချန်ပီယံခါးပတ်ကို ကာကွယ်သွားရမယ့်ပွဲ ဖြစ်ပါတယ်။

gfgs-min.jpeg

ဒုတိယပွဲစဉ်တွဲဆိုင်းများတွင်တော့ မြန်မာ့ကစားသမား ရန်ကုန်သား ဖိုးသော် ဟာ အင်ဒိုနီးရှားကစားသမား Yohan Mulia Legowo နှင့် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ မြန်မာ့ကစားသမား တိုင်းရင်းသားလေး တီရယ်လ်ထန် ဟာ ကမ္ဘောဒီယား ခမာရိုးရာလက်ဝှေ့ကစားသမား Rim Saraoth နှင့်ရင်ဆိုင်မည်ဖြစ်ကာ၊ မြန်မာမှ နှစ်ထပ်ကွမ်း အမျိုးသမီး National Boxing Champion ဖြစ်သူ Bozhena Antoniyar ဟာလည်း မလေးရှားအမျိုးသမီးကစားသမား Audreylaura Boniface နှင့် ယှဉ်ပြိုင်ထိုးသတ်သွားကြမှာ ဖြစ်ပါတယ်။

 

ONE ၀ယ်သာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် Zebaztian Kadestam က " ကျွန်တော် ဒီခါးပတ်ကိုကာကွယ်သွားဖို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဒီတစ်ခေါက် ONE ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ရမယ့် ပထမဆုံးပွဲပါ။ ဒီခါးပတ်ကို မကာကွယ်နိုင်သေးရင် တကယ့်ချန်ပီယံ မဖြစ်သေးပါဘူး။ ကျွန်တော့်ရဲ့ပြိုင်ဘက် Georgiy ကလည်း ယှဉ်ပြိုင်ရခက်မယ့် ကောင်းမွန်တဲ့ကစားသမားဖြစ်ပြီး တကယ့်ပြိုင်ဘက်ကောင်းတွေကိုတောင် အနိုင်ရထားသူတစ်ယောက်ပါ။ ONE ၀ယ်သာဝိတ် ကမ္ဘာ့ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ ကျွန်တော်သေချာ လေ့ကျင့်ပြင်ဆင်ထားပြီး တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားသွားမှာပါ " လို့ပြောခဲ့ပါတယ်။

 

ONE ၀ယ်သာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်သူ Georgiy Kichigin ကလည်း " ဒီပွဲဟာ ကျွန်တော့် အသက်မွေးဝမ်းကြောင်း တစ်လျှောက်မှာ အရေးကြီးဆုံးပွဲပါ။ ပြီးခဲ့တဲ့ပွဲတွေမှာ နာမည်ကြီး ချန်ပီယံတွေကို အနိုင်ယူနိုင်ခဲ့သလို Zebaztian Kadestam ကိုသာ အနိုင်ယူခဲ့ပြီး ONE ၀ယ်သာဝိတ် ကမ္ဘာ့ချန်ပီယံအသစ် ဖြစ်လာခဲ့မယ်ဆိုရင် အကြီးကျယ်ဆုံး အောင်မြင်မှုတစ်ခု ဖြစ်လာမှာပါ။ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့ရဲ့ ပြိုင်ဘက်ကလည်း အရမ်းတော်တဲ့ချန်ပီယံဖြစ်တာကြောင့် အများကြီးလေ့ကျင့်ထားတာမို့လို့ ကျွန်တော် ဒီစာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်မယ်လို့ ယုံကြည်ချက်ရှိပါတယ် " လို့ပြောခဲ့ပါတယ်။

 

မြန်မာကစားသမား ဖိုးသော် က " ကျွန်တော့်အတွက်တော့ ရန်ကုန်မှာယှဉ်ပြိုင်ရတာဟာ ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခု ဖြစ်လို့ လာမဲ့ ၈ရက်နေ့မှာ ထပ်ပြီးယှဉ်ပြိုင်ဖို့ စောင့်မျှော်နေပါတယ်။ ယှဉ်ပြိုင်မှုသက်တမ်းတစ်လျှောက်မှာ ပထမဆုံးအရှုံးနဲ့ ရင်ဆိုင်ပြီးနောက်မှာ အရင်ကထက်ပိုပြီး စိတ်အားထက်သန်လာပြီး အနိုင်ယူနိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာပါတယ်။ ကျွန်တော် လမ်းကြောင်းပေါ် ပြန်ရောက်လာပါပြီ။ လာမယ့်ပွဲမှာ အနိုင်ရမယ်ဆိုရင် ဖယ်သာဝိတ်တန်းရဲ့ ထိပ်တန်းကစားသမားတွေထဲကတစ်ယောက် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ သိပ်မလိုတော့ဘူးဆိုတာ ကျွန်တော်သိပါတယ်။ "လို့ ပြောခဲ့ပါတယ်။

dfasdfsg-min.jpg

မြန်မာကစားသမား တီရယ်လ်ထန် က " ONE ပွဲဦးထွက်ကို ကိုယ့်အမိမြေမှာ လုပ်ခွင့်ရတာ ကျွန်တော့အတွက် အမှန်တကယ်ဖြစ်လာတဲ့ အိမ်မက်ပါပဲ။ ဒီပွဲအတွက် အ၇မ်းစိတ်လှုပ်ရှားနေပါပြီ။ ကျွန်တော်ရဲ့ ပညာနဲ့ ကြိုးစားအားထုတ်မှုတွေကို မြန်မာနိုင်ငံ ပရိသတ်တွေရှေ့မှာ ပြသခွင့်ရတာ ကျွန်တော့်အတွက် အရမ်းအရေးပါ ပါတယ်။ လာမယ့် ၈ရက်နေ့မှာ ပရီသတ်တွေကို အစွမ်းကုန်အကောင်းဆုံး ကစားပြသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ အရမ်းကြည့်ကောင်းမယ့်ပွဲ ဖြစ်မယ်လို့ ကျွန်တော် ကတိပေးပါတယ်။ " လို့ပြောခဲ့ပါတယ်။



မြန်မာအမျိုးသမီးကစားသမား Bozhena Antoniyar ကလည်း " ကျွန်မအရင်ကထက်ပိုတဲ့ စိတ်အားထက်သန်မှုတွေနဲ့ ပြိုင်ဘက် Audreylaura Boniface ကိုထိုးသတ်သွားမှာပါ။ အခုချိန်ကစပြီး ကျွန်မက ONE Championship မှာ ယှဉ်ပြိုင်ဖို့ထိုက်တန်တဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ ကမ္ဘာကသိအောင် ပြသသွားမှာပါ။ အများကြီးကြိုးစား ပြင်ဆင်ထားပါတယ်။" လို့ ဆိုပါတယ်။

dsfgbaetu-min.jpg

One Championship ဟာ ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံအဖွဲ့ဖြစ်ပြီး မွေ့ထိုင်း၊ Kick Boxing၊ ကရာတေး၊ ကွန်ဖူး၊ စီလက်၊ စန်ဒါ၊ လက်ဝှေ့၊ Mixed Martial Arts၊ တိုက်ကွမ်ဒို၊ Submission Grappling နှင့်များစွာသော ကိုယ်ခံပညာသိုင်းပေါင်းစုံပါဝင်တဲ့ အားကစားပွဲများကို အာရှတစ်ခွင်တွင် ပြုလုပ်ကျင်းပပေးလျက်ရှိပါတယ်။

 

Shinn Khant ( My Yangon )


Read 36 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.