Wednesday, 27 February 2019 05:09

မန်စီးတီးကို ရှုံးနိမ့်ခဲ့ သည့် လိဂ်ဖလားဗိုလ်လုပွဲတွင် လူစားလဲရန် ငြင်းပယ်ခဲ့သော ဂိုးသမား ကီပါ (၂၄)နှစ်အား ချယ်လ်ဆီးအသင်းက ၎င်း၏ တစ်ပတ်လုပ်ခလစာ ဒဏ်ရိုက်ခဲ့ သည်။


သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျသောကြောင့် အ ချိန်ပိုဆက်ကစားစဉ် အချိန်ပို ဒုတိယပိုင်း ပြီးခါနီးတွင် ဒဏ်ရာ ရ၍ ဆေးဝါးကုသမှုခံယူနေသည့် ပွဲထွက်ဂိုးသမား ကီပါ၏ နေရာ၌ အရန်ဂိုးသမား ဝီလီကာဘယ်လီ ရိုနှင့် အစားထိုးရန် ချယ်လ်ဆီး နည်းပြဆာရီက ဆုံးဖြတ်ခဲ့သော် လည်း ကီပါက ကွင်းထဲမှထွက်ပေးရန် ငြင်းဆိုခဲ့သည်။

ယင်းသို့ ငြင်းဆိုရာမှ နှစ် မိနစ်၊ သုံးမိနစ်ခန့် ပွဲရပ်တန့်ခဲ့ပြီး ဒေါသထွက်နေသော ဆာရီက ဥမင်လိုဏ်အတွင်းသို့ဝင်ရန် သွား ခဲ့ပြီးမှ ချက်ချင်းပြန်လှည့်ကာ ပင် နယ်တီ အဆုံးအဖြတ် ခံယူရန် ဆက်လက်ကြီးကြပ်ခဲ့သည်။

အကျည်းတန်သော ယင်း ဖြစ်ရပ်က ချယ်လ်ဆီးနည်းပြနှင့် ကစားသမားများကြား အက် ကြောင်းရှိနေကြောင်း ပြသခဲ့ သည်ဟု ဘောလုံးဝေဖန်သူများ က သုံးသပ်ခဲ့ပြီး နည်းပြစကား နားမထောင်သော ကီပါကို ဝေဖန်ခဲ့သည်။

‘‘ဒါက နားလည်မှုလွဲသွား တာပါ။ အခြေအနေကို ကျွန် တော် ကိုင်တွယ်ဖြေရှင်းပုံက အ မှားကြီးမှားသွားပါတယ်’’ဟု ပြီးခဲ့ သည့်နှစ်က ဘီလ်ဘာအိုမှ ပေါင်၇၁ သန်းဖြင့် ပြောင်းရွှေ့လာသူ ကီပါက ချယ်လ်ဆီးထုတ်ပြန်ချက် တွင် ပြောသည်။

လက်ရှိတွင် ၎င်းနှင့် ကီပါတို့ စကားကောင်းကောင်းပြောဖြစ်ခဲ့ သည်ဟု ဆာရီက ပြောကြားပြီး နားလည်မှုလွဲမှားခြင်းသာ ဖြစ် သည်ဟု ဆိုသည်။

‘‘သူ့ရဲ့ တုံ့ပြန်ပုံက အမှားကြီးမှားတယ်ဆိုတာ ကီပါ သဘော ပေါက်ပါတယ်။ ကီပါက ကျွန် တော့်ကိုရော အသင်းဖော်တွေနဲ့ ကလပ်ကိုပါ တောင်းပန်ခဲ့ပါ တယ်။ ကလပ်စည်းမျဉ်းအတိုင်း ကီပါကို အရေးယူ၊ မယူဆိုတာကလပ်ရဲ့ကိစ္စပါ။ ကျွန်တော့်အ တွက်တော့ ဒါက မရှိတော့ပါဘူး’’ဟု ဆာရီက ပြောသည်။

‘‘အသင်းဖော်တွေနဲ့ ကလပ် ကို ကျွန်တော် အပြည့်အဝတောင်းပန်ပါတယ်။ အထူးသဖြင့် နည်းပြ နဲ့ ကာဘယ်လီရိုကိုပေါ့။ ပရိသတ် ကိုလည်း တောင်းပန်ပါတယ်။ ဒီအဖြစ်အပျက်ကနေ သင်ခန်းစာ ယူမှာဖြစ်ပြီး အသင်းက ချမှတ်တဲ့ ဘယ်ပြစ်ဒဏ်မဆို လက်ခံပါ့ မယ်’’ဟု ကီပါက ပြောသည်။

ကီပါ့အပေါ် ချမှတ်ခဲ့သော ယခုဒဏ်ကြေးကို ချယ်လ်ဆီး က ချယ်လ်ဆီးဖောင်ဒေးရှင်းသို့ လှူဒါန်းမည်ဖြစ်သည်။

—Ref: BBC


Read 24 times Last modified on Wednesday, 27 February 2019 06:45
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.