Tuesday, 26 February 2019 03:32

thuzar.jpg

ယူဂန်ဒါနိုင်ငံတကာ ကြက်တောင်စီးရီးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ ဟာ ကမ္ဘာ့အဆင့်ရှိ နာမည်ကြီးကစားသမားကို ကျော်ဖြတ်၍ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာကြက်တောင် စီးရီးပြိုင်ပွဲ ဗိုလ်လုပွဲတွင် သက်ထားသူဇာဟာ အဆင့် (၁၈၅) ရှိ ဂျော်ဒန်နိုင်ငံသူ ဒိုမိုအမ်ရို ကို ၂၁ - ၁၄၊ ၂၁ - ၁၂ ဖြင့် နှစ်ပွဲပြတ် အနိုင်ရကာ ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။

၂၀၁၉ နိုင်ငံတကာ ကြက်တောင်စီးရီးပြိုင်ပွဲကို ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် အာရှနှင့် အာဖရိကနိုင်ငံအများမှ နာမည်ကြီး ကြက်တောင်ကစားသမား ၃၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

thzar2.jpeg

ကမ္ဘာ့အဆင့် (၁၈၁) ရှိသည့် သက်ထားသူဇာဟာ နိုင်ငံတကာစီးရီး ကြက်တောင်ပြိုင်ပွဲတွင် ပြိုင်ပွဲစည်းမျဉ်းအရ လက်ရည်စစ်ပွဲမ၀င်ရဘဲ ၃၂ ဦးအဆင့်က စတင် ယှဉ်ပြိုင်ခဲ့ရပါသည်။

သူမဟာ ၃၂ ဦးအဆင့်တွင် အိမ်ရှင်ယူဂန်ဒါ နိုင်ငံသူ ဘရစ်ဂျက်ရှာမင်ဘန်ဂျီ ကို ၂၁-၈၊ ၂၁-၉ မှတ် နှစ်ပွဲ ပြတ်၊ ၁၆ ဦးအဆင့်တွင် အိမ်ရှင် ယူဂန်ဒါနိုင်ငံသူ ဘရန်ဒါမူဘာဂီ ကို ၂၁-၁၊ ၂၁-၇ ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ပါတယ်။ ထို့အပြင်အကြို ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် (၂၁၆) ရှိ အီရန်နိုင်ငံသူ ဆာမင်ကို ၂၁ - ၁၂၊ ၂၁ - ၁၅ ဖြင့် နှစ်ပွဲပြတ်အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါတယ်။

thuxzar3.jpg

၎င်းသည် ၂၀၁၈ ဒီဇင်ဘာက နေပြည်တော်၌ ကျင်းပသည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ခါးဒဏ်ရာရရှိကာ တစ်လကျော် အနားယူခဲ့ရပြီး၊ ၂၀၁၉ ဇန်န၀ါရီ တတိယပတ်ကစ၍ ပြန်လည်လေ့ကျင့်ခဲ့ပါတယ်။

ယူဂန်ဒါနိုင်ငံတကာ ကြက်တောင်စီးရီးပြိုင်ပွဲဟာ သက်ထားသူဇာ ၏ ယခုနှစ် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်ပါတယ်။

အသက် (၁၉)နှစ်အရွယ် သက်ထားသူဇာ ဟာ ၂၀၁၈ အတွင်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိထားပြီး အီဂျစ်နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာစီးရီး ကြက်တောင်ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ နီပေါနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုတွေကိုလည်း ရရှိထားပါတယ်။

Source: 7DayDaily


Read 64 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.